နအဖခေါင်းဆောင်ကြီး သန်းရွှေနှင့် မိသားစုအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ခြင်း။
ပြည်တွင်းပြည်ပ သိမ်အသီးသီးတွင် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါရွတ်ဆို၍ အောင်မြင်စွာ သပိတ်မှောက် နိုင်ခြင်းနှင့် န.အ.ဖ စစ်အုပ်စုတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်သည်။
သံဃာတော်အရှင်သူမြတ်များဘုရား -
န.အ.ဖ စစ်အုပ်စုသည် ၁၉၉၀ ပြည့် ပထမအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာရွတ်ဆို၍ သတိပေး တားမြစ်ပါသော်လည်း ၀န်ချတောင်းပန်ခြင်း မရှိသည့်အပြင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာတော်ကြီးများကိုပင် ထောင်ချနှိပ်စက်သတ်ဖြတ်ခဲ့ပါသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဒုတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာရွတ်ဆို၍ သတိပေး တားမြစ်ပါသော်လည်း ၀န်ချတောင်းပန်ခြင်း မရှိသည့်အပြင် ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို သူပုန်စခန်းစီးသလို ၀င်စီးကာ သေနတ်နှင့်ပစ်သတ်၊ ၀ါးရင်းဒုတ်နှင့် ရိုက်သတ် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကာ ထောင်ချနှိပ်စက်နေသည့်အတွက် ၂၀၀၉ ခု အောက်တိုဘာလ ၃ရက် သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်း၊ ပြည်ပသိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက် နိုင်ခဲ့ပါသည်။
န.အ.ဖ စစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သော ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုထားသော အချက်ကို လိုက်နာရမည် ဖြစ်ပါသည်။ ယခုအခါ မလိုက်နာသည့်အပြင် ဆက်လက်၍ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှင်းပမ်း၊ သတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ+ဒေါ်ကြိုင်ကြိုင်နှင့် သူ၏မိသားစုတစ်ခုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်သည်။ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသော မိစ္ဆာဒိဋ္ဌိ အဖြစ် သတ်မှတ်လိုက်သည်။
နိုင်ငံတော်ကို အသက်ပေးကာကွယ်စောင့်ရှောက်ရန် တပ်မတော်သို့ ၀င်ရောက်လာကြသော တပ်မတော်သားများအား အထူးမေတ္တာရပ်ပါသည်။
ဦးသန်းရွှေသည် နိုင်ငံတော်ကို အသက်ပေးကာကွယ်ရမည့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ထားခဲ့သော တပ်မတော်ကို မိမိအာဏာအတွက် အသုံးချကာ သာသနာတော်ကို ဖျက်ဆီးနေသော၊ နိုင်ငံတော်ကို ဖျက်ဆီးနေသော၊ ပြည်သူရွံမုန်းသော တပ်မတော်ကြီးဖြစ်အောင် ဖန်တီးနေပါသည်။ သို့ပါ၍ သာသနာကိုဖျက်၊ နိုင်ငံတော်ကို ဖျက်ဆီးနေသော မိစ္ဆာဒိဋ္ဌိ ဦးသန်းရွှေအား တပ်မတော်မှ ဖယ်ရှားပေးပါရန် တိုက်တွန်းနှိုးဆော်ပါသည်။
ပြည်သူပြည်သားများအား အထူးမေတ္တာရပ်ပါသည်။
မြတ်စွာဘုရားရှင်၏ ၀ိနည်းဥပဒေနှင့်အညီ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါရွတ်ကာ သပိတ်မှောက်ထားပါ၍ ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသော သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်း မပြုကြပါရန်နှင့် အလှူခံ၍ ၀ိနည်းဥပဒေချိုးဖေါက်ကာ န အ ဖ စစ်အုပ်စုခိုင်းတာ မှန်သမျှလိုက်လုပ်နေသော သံဃာတော်များ၏ ဘွဲ့အမည်၊ မိဘအမည်၊ ကျောင်းအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ ရေး၍ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ န အ ဖ ခိုင်းတာမှန်သမျှ အကုန်လိုက်လုပ်နေသော အလိုတော်ရိ စစ်ဗိုလ်၊ မ ယ က၊ ရ ယ က၊ ကြံ့ဖွတ်၊ စွမ်းအားရှင် စသည့် ပုဂ္ဂိုလ်များ၏ အမည်၊ နေရပ်လိပ်စာအပြည့်အစုံကို အောက်ပါ အီးမေးလ်သို့ ပို့ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။ ( evillists@gmail.com ) ။
သံဃာတော်များသည် မိမိသာသနာအတွက် နိုင်ငံအတွက် အသက်တွေ ဘ၀တွေ စတေးကာ ထောင်ကျနှိပ်စက်ခံနေကြရပါသည်။ သာသနာ့အာဇာနည်သံဃာတော်များ လွတ်မြောက်ရေးသည် သံဃာတော်များအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိပါသည်။
သို့ပါ၍မိမိမြို့၊ ရွာရှိ ထင်ရှားသော ဘုရားစေတီပုထိုးများသို့ စုပေါင်းညီညာသွားရောက်ကာ သံဃာတော်များ လွတ်မြောက်ရေးအတွက် သရဏဂုံသုံးပါး ရွတ်ဆိုခြင်း၊ ငါးပါးသီလဆောက်တည်ခြင်း၊ မေတ္တာသုတ်များ ရွတ်ဆိုခြင်း၊ တရားထိုင်ခြင်း နှင့် မိမိပြုသောကုသိုလ်များကို သစ္စာအဓိဋ္ဌာန်ပြုကာ ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့ ။
www.niknayman-niknayman.co.cc
Monday, October 5, 2009
Sunday, October 4, 2009
အညတရသူရဲကောင်းတယောက်အကြောင်း
မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
2.10.09 (2:28)AM
သူ့နာမည်ကလွင်ကိုလတ်။ဒါပေမယ့်သူငယ်ချင်းများကတော့ဝင်းကိုကြီး
လို့ပဲခေါ်ကြသည်။သူ့အသက်က(၃၂)နှစ်။အသားညိုညို၊အရပ်ကမနိမ့်မ
မြင့်နှင့်လွယ်အိတ်တလုံးကိုပုခုံးထက်တွင်အမြဲလွယ်ထားတတ်သူ။စကား
ကနည်းနည်းအေးတိအေးစက်နှင့်မျက်နှာကတော့အမြဲပြုံးနေတတ်သူ။
သူ့ပုံစံကိုရုတ်တရက်ကြည့်လျှင်စာရေးဆရာတယောက်ဟုထင်ရပေမယ့်
တကယ်တမ်းတော့သူကစာရေးဆရာမဟုတ်။အမှန်တရားကိုသာအမြဲပြော
ချင်သူ၊အမှန်တရားဘက်အမြဲရပ်ချင်သူ၊မတရားမှုကိုတွန်းလှန်လိုသော
သမဂ္ဂစိတ်ဓါတ်အပြည့်ရှိသူကျောင်းသားတဦးသာဖြစ်သည်။

သူ့အသက်အရွယ်နှင့်ကျောင်းသားဘ၀မှာပင်ဘာကြောင့်ရှိနေသေးသလဲ
ဆိုတော့အကြောင်းကရှိသည်။ကျောင်းသားဘ၀ကိုအလွန်မက်မောတွယ်
တာသူဖြစ်ပြီးမျိုးဆက်သစ်များအားသမဂ္ဂစိတ်ဓါတ်အမွေပေးလိုရ်ျစာတော်
ပါလျက်ကယ်နှင့်နှစ်စဉ်နှစ်တိုင်းစာမေးပွဲမဖြေပဲတမင်အကျခံနေခြင်းသာ
ဖြစ်သည်။သူ့အရည်အချင်းအားသိသောသူ့ဌာနမှူးမှခုံနံပါတ်တော့လာတပ်
သွားပါအအောင်ပေးပါ့မယ်ဟုပြောတာတောင်ခုံနံပါတ်လေးပင်သွားမတက်
ပဲအရှေ့ပိုင်းတက္ကသိုလ်၏ကျောင်းအရေးကိစ္စများတွင်တက်တက်ကြွကြွပါ
ဝင်သူအဖြစ်ကျောင်းသားကျောင်းသူများကသာမကဆရာဆရာမများနှင့်
ဌာနမှုးများအထိပါမသိသူမရှိပေ။

ကျောင်းအာဏာပိုင်များ၏မတရားစည်းကမ်းကြောင့်ကျောင်းထုတ်ခံရသော၊
ကျောင်းနားခံရသောကျောင်းသားကျောင်းသူများကိုသူကဦးဆောင်ရ်ျစိတ်
ရောကိုယ်ပါသိသိမသိသိလိုက်ပါဆောင်ရွက်ပေးလေ့ရှိခြင်းကြောင့်တ
ကျောင်းလုံးရှိကျောင်းသားကျောင်းသူများ၏ရိုသေလေးစားမှုကိုအခံရဆုံး
သောကျောင်းသားတဦးလည်းဖြစ်သည်။ကျောင်းအာဏာပိုင်များနှင့်မကြာ
ခဏပြသနာတက်လေ့ရှိသောသူ့အားမြို့နယ်မှထောက်လှမ်းရေးများကသ
တိထားမိလာချိန်တွင်တော့သူ့နောက်မှအရိပ်လိုတကောက်ပါအောင်လိုက်ပါ
တော့သည်။သူ့ခြေလှမ်းအမှားကိုကျားချောင်းချောင်းနေသောထောက်လှမ်း
ရေးများကတကြိမ်တွင်မတော့ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းရန်အထက်
ဗမာပြည်မှကျောင်းသားကိုယ်စားလှယ်တစ်ဦးနှင့်ဆက်သွယ်ကြိုးပမ်းနေခြင်း
အားစုံစမ်းသိရှိသွားတော့သည်။

ထို့နောက်(၂၀၀၃)ခုနှစ်စက်တင်ဘာလတွင်မတရားအသင်းဖွဲ့စည်းတည်
ထောင်ရန်ကြိုးစားမှု၊နိုင်ငံတော်ပုန်ကန်မှုစသည့်အမှုပေါင်းများစွာနှင့်ထောက်
လှမ်းရေးမှဖမ်းဆီးတော့သည်။သူ့ကိုဖမ်းဆီးတော့မည်ကိုကြိုသိနေသော်လည်း
ထွက်မပြေးပဲရဲဘော်ရဲဘက်များနှင့်တွေ့ဆုံပြီးမှာကြားသင့်သည်များမှာကြားသွား
ခဲ့သေးသည်။သူအဖမ်းမခံရသေးမီဖမ်းတော့မည်ဟုသတင်းထွက်နေစဉ်ကာလ
ကတည်းကအိမ်ကိုမပြန်တော့ပဲသူငယ်ချင်းတယောက်အိမ်တွင်နေထိုင်ရင်းလုပ်
ဆောင်စရာရှိသည်များကိုပြီးပြတ်သွားအောင်လုပ်ဆောင်ခဲ့သောအာဂလူတော်
တယောက်ဖြစ်သည်။အဖမ်းခံရမည့်ညက၄င်းသူငယ်ချင်းအိမ်မှညနှစ်နာရီထိုး
ကြီးတွင်အားလုံးဝိုင်းတားနေသည့်ကြားမှအမေ့ကိုစိတ်ပူလို့ဟုပြောပြီးထွက်
သွားခဲ့သည်။

ထောက်လှမ်းရေးမှထိုညခုနှစ်နာရီခန့်ကပင်သူ့အိမ်ဝန်းကျင်တွင်ကင်းပုန်းဝပ်
နေရာယူပြီးဖမ်းဆီးရန်စောင့်နေခဲ့သဖြင့်“ဒီညသားအိမ်ပြန်မလာပါစေနှင့်”ဟု
ထိုင်ဆုတောင်းနေခဲ့သောသူ့မိခင်၏ဆုတောင်းကားမပြည့်ခဲ့ရှာပေ။အမေကို
စိတ်ပူရ်ျပြန်သွားခဲ့သောအမေချစ်သားတယောက်၊တိုင်းပြည်ကိုချစ်သော
ကျောင်းသားတယောက်မှာကျားပါးစပ်ထက်ဆိုးသောစစ်ထောက်များ၏
လက်အောက်သို့ မတရားသည့် ပုဒ်မများစွာနှင့် ကျရောက်ခဲ့ ရရှာသည်။

အဖမ်းဆီးခံရပြီးရုံးထုတ်ရာတလျှောက်တွင်လည်းယခုကာလကဲ့သို့မီဒီယာ
အားမကောင်းခဲ့ခြင်းကြောင့်မည်သူမျှမသိလိုက်ပါပဲမတရားဖမ်းဆီးထောင်
ချခြင်းကိုခံလိုက်ရသည်။စစ်အစိုးရတရားရုံးမှသူ့အားနိုင်ငံတော်ပုန်ကန်မှု
၅/ည ဖြင့် တရားစွဲဆိုပြီးထောင်ဒဏ်ခုနှစ်နှစ်ချမှတ်ခဲ့သည်။

ထောင်ချခံရပြီးတနှစ်ကျော်ကာလအတွင်းအင်းစိန်ထောင်အတွင်းနေစဉ်
တလျှောက်လုံးတွင်အကြိမ်ကြိမ်တိုက်ပိတ်ခံခဲ့ရသေးသည်။အမှန်တရား
အတွက်စိတ်ဓါတ်ပြင်းထန်လွန်းသူကိုဝင်းကိုမှာနောက်ဆုံးအကြိမ်တိုက်ပိတ်
ခံရချိန်တွင်အစာငတ်ခံဆန္ဒပြမှုနှင့်ထောင်တွင်းတရားရုံးကနောက်ထပ်၊ထပ်
တိုးထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရပြီးစုစုပေါင်းထောင်ဒဏ်ကိုးနှစ်အပြစ်ပေး
ခံခဲ့ရကာရာသီဥတုကြမ်းတမ်းသောနယ်ထောင်သို့ပြောင်းရွေ့ခြင်းကိုလဲခံခဲ့
ရသည်။မိသားစုမှထောင်ဝင်စာမှန်မှန်တွေ့ခွင့်မရပဲမည်သည့်ထောင်သို့
ပြောင်းရွေ့ခဲ့သည်ကိုလဲမသိခဲ့ရပေ။ကျန်းမာရေးအခြေအနေကောင်းမ
ကောင်းသိဖို့ဝေးစွသူသက်ရှိထင်ရှားရှိနေသေးသည်ကိုသိနေရခြင်းကပင်
အတော်ကံကောင်းသည်ဟုမှတ်ယူရတော့မည့်အနေအထားဖြစ်သည်။

ကိုဝင်းကိုနှင့်အတူအမှုတတွဲတည်းထောင်ချခံရသူများမှာဗ.က.သ(ဗမာ
နိုင်ငံလုံးတဆိုင်ရာကျောင်းသားသမဂ္ဂ)မှကိုနန္ဒာစစ်အောင်တယောက်သာ
စုံစမ်းသိရှိရသည်။အဖမ်းခံရစဉ်ကဘီဘီစီသတင်းကြေငြာချက်တွင်တခေါက်
သာပါဝင်ပြီးနောက်ပိုင်းတွင်အမေ့ ခံဘ၀သို့ ရောက်ရှိသွားတော့ သည်။

ဆဲဗင်းဂျူလိုင်(7)julyအရေးအခင်းကိုနားထောင်သူမျက်ရည်ဝွဲလောက်
အောင်ပြောတတ်သူ၊ဗိုလ်ချုပ်အောင်ဆန်းနှင့်ချေဂွေဗားရားကိုအားကျသူ၊
ဒေါ်အောင်ဆန်းစုကြည်အားအန်တီစု၊အန်တီစုနှင့်လေးစားချစ်ခင်သ၊ူ
သမဂ္ဂစိတ်ဓါတ်အပြည့်ရှိသူကျောင်းသားတဦးမှာမြန်မာပြည်ရှိထောင်များ
ထဲမှထောင်တွင်းတနေရာတွင်အမေ့ခံဘ၀ဖြင့်မတရားမှုအားဆက်လက်
တွန်းလှန်နေသေးကြောင်း……….

(က်ျစာစုဖြင့်အမေ့ခံဘ၀နှင့်ပေးဆပ်ခဲ့ကြသောအညတရသူရဲကောင်း
များအားဦးညွှတ်ပါသည်)
များအားဦးညွှတ်ပါသည်)
Thursday, October 1, 2009
ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အ၀ါရောင်လှုပ်ရှားမှုပြုလုပ်
န.အ.ဖ၏တင်းကြပ်သောလုံခြုံရေးကြားမှပင်ယနေ့(၁.၁၀.၂၀၀၉)
ကြာသာပတေးနေ့နံနက်တွင်ရန်ကုန်မြို့ရှိလူစည်ကားရာဈေးတချို့တွင်
(၂၀၀၇)မျိုးဆက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ)မှကျောင်း
သားလူငယ်များမှဦးဆောင်ရ်ျရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အ
ထိမ်းအမှတ်လှုပ်ရှားမှုများပြုလုပ်ခဲ့ ကြသည်။

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်ရန်ကုန်မြို့ ရှိ
လူစည်ကားရာဈေးများတွင်(တ.က.သ)အဖွဲ့ ဝင်ကျောင်းသားများမှတီရှပ်
အင်္ကျီအ၀ါရောင်များကိုပြည်သူများအားဝေငှရ်ျလှုပ်ရှားမှုတရပ်ပြုလုပ်
ခဲ့ ကြသည်။

အဆိုပါလှုပ်ရှားမှုကို(2007)မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများ
နှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။

လာမည့် သီတင်းကျွတ်လပြည့် နေ့ တွင်သံဃာများ၏တတိယအကြိမ်ပတ္တ
နိက္စုနကံဆောင်ပွဲတွင်သံဃာတော်များနှင့်တသွေးတသားထဲရှိကြောင်းပြ
သရန်အတွက်ပြည်သူလူထုအားသီတင်းကျွတ်လပြည့် နေ့တွင်အကျီင်္အ၀ါ
ရောင်များဝတ်ဆင်ကြရန်လည်းအဆိုပါအဖွဲ့ မှကျောင်းသားများကဆော်
သြခဲ့ ကြသည်ဟုသိရှိရသည်။လှုပ်ရှားမှုကိုဗိုလ်ချုပ်အောင်ဆန်းဈေး၊သီရိမင်္ဂလာဈေး၊ဘိုကလေးဈေး၊
တာမွေဈေး၊ဒေါပုံအမှတ်(၁)ဈေး၊ပုဇွန်တောင်ဈေးနှင့် တောင်ဥက္ကလာ၊
မြောက်ဥက္ကလာရှိအခြားဈေးများတွင်ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။

ပြီးခဲ့ သည့် (၂၆.၉.၀၉)နေ့ ကလည်းအဆိုပါအဖွဲ့ မှသံဃာ့ သွေးမြေကျ
ရခြင်းနှစ်ပတ်လည်လှုပ်ရှားမှုပြုလုပ်ခဲ့ ကြသည်။

ဆက်လက်ရ်ျလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လှုပ်ရှားမှု
များ ဆက်လက်ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှ(၂၀၀၇)မျိုး
ဆက်ကျောင်းသားတဦးဖြစ်သူကိုမင်းသွေးသစ်မှပြောကြားခဲ့ သည်။

Subscribe to:
Posts (Atom)