Thursday, July 8, 2010

အမေ့ မွေးနေ့ သွေးလှူရှင်များကိုအဖွဲ့ ချုပ်မှဂုဏ်ပြုလွှာများပေးအပ်

ဂုဏ်ပြုလွှာပါကဗျာ   -    တိုင်းပြည်ကိုအမေက
                                ဘ၀နဲ့ အသက်ပေးထားတယ်။
                                ကျတော်တို့ မှာပြန်ပေးစရာ
                                လက်ထဲမှာရောဘ၀ထဲမှာပါ
                                ဘာမှမရှိဘူး။
                                ရင်ထဲမှာတော့ အများကြီး
                                စုန်နေဆန်နေတဲ့ သွေးကြောတွေထဲမှာ
                                အများကြီး။
                                ဘယ်တော့ မှမကုန်ခမ်းနိုင်တဲ့ 
                                သွေးတွေ...
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ်သွေးလှူဒါန်းခဲ့ကြသောကျောင်းသားလူငယ်နှင့်
ဒီမိုကရေစီအင်အားစု(၆၅)ယောက်အားအဖွဲ့ချုပ်ခေါင်းဆောင်သတင်းစာဆရာကြီးအဘဦးဝင်းတင်ကိုယ်တိုင်လက်မှတ်ရေးထိုးရ်ျဂုဏ်ပြုလွှာ
များပြန်လည်ပေးအပ်ခဲ့ပါတယ်။အဆိုပါသွေးလှူဒါန်းခဲ့ကြသောကျောင်းသားလူငယ်များကိုဒေါ်အောင်ဆန်းစုကြည်မှမိမိမွေးနေ့အထိမ်းအမှတ်
အဖြစ်ယခုလိုသွေးလှူဒါန်းခဲ့ကြသောအလှူရှင်များအားလုံးကိုမိမိအနေဖြင့်အထူးကျေးဇူးတင်ကြောင်းနှင့်သူတပါးအသက်ရှင်သန်ရပ်တည်နိုင်
ရေးအတွက်မိမိသွေးကိုဖောက်ထုတ်လှူဒါန်းခြင်းသည်မွန်မြတ်သောအလုပ်ဖြစ်ပါကြောင်းအမှာစကားပါးလိုက်ပါတယ်။ယခုလိုလူထုခေါင်းဆောင်
မှအရေးတယူအမှာစကားပါးခဲ့ခြင်းကြောင့်သွေးလှူရှင်ကျောင်းသားများကအလွန်တရာဂုဏ်ယူဝမ်းမြောက်နေကြတယ်ဆိုတာအမေဒေါ်အောင်
ဆန်းစုကြည်ကိုသိစေချင်ပါတယ်။အမေချစ်တဲ့မြန်မာပြည်ကိုအမေ့သားတွေကလဲအလွန်ချစ်ကြောင်းနဲ့လိုအပ်လာပါကအသက်ကိုပင်ပေးဆပ်ဖို့
ဝန်မလေးကြကြောင်းအမေ့စိတ်ဓါတ်ကိုအလေးအမြတ်ပြုရင်းသွေးလှူရှင်ကျောင်းသားအားလုံးရဲ့ကိုယ်စားအမေသိပါစေကြောင်းပြောကြားလိုပါတယ်။
                                                                                                                                             မင်းသွေးသစ်(၂၀၀၇)
                                                                                                                                   ၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ                                              

Monday, July 5, 2010

Fwd: 7 ဇူလိုင် သို့  ခွပ်ဒေါင်းစိတ်ဓါတ်



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2010/7/5
Subject: 7 ဇူလိုင် သို့  ခွပ်ဒေါင်းစိတ်ဓါတ်
To:



"ကျောင်းသားကျောင်းသူများသို့ "……..။

 

                                                                                ၄၈ကြိမ်မြောက်7Julyနေ့အမှတ်တရ

 

ကျောင်းသားဆိုတာ အနာဂတ်ကိုဖန်တီးသူဖြစ်တယ်။ကျောင်းသားဆိုတာ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်သလို ၊  စစ်ဗိုလ်ချုပ်ကြီးလဲဖြစ်နိုင်တယ် ၊ အထူးကုဆရာဝန်ကြီး ၊ အင်္ဂျင်နီယာကြီး ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေဖြစ်နိုင်သလို ဆိုက္ကားသမား ၊ ဆေးသမားဆိုတာမျိုးလဲဖြစ်သွားတတ်တယ် ၊ ကျောင်းသားကနေ ဘာမဆိုဖြစ်သွားနိုင်တယ် ။

 

မြန်မာနိုင်ငံသမိုင်းမှာတော့ တိုင်းပြည်ရဲ့အရေးကြီးတဲ့အပြောင်းအလဲတိုင်းကိုဦးဆောင်ခဲ့သူဟာ ကျောင်းသားတွေပဲဖြစ်တယ်။ ကိုလိုနီပညာရေးနဲ့ နယ်ချဲ့တွေကိုသပိတ်မှောက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်( ၁၉၂၀ )ဟာ မြန်မာတမျိုးသားလုံးရဲ့အမျိုးသားရေးနိုးကြားမှုဖြစ်စေခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ၁၉၃၆ ခု ဒုတိယကျောင်းသားသပိတ်ဟာ ၁၉၃၈မှာ ၁၃၀၀ပြည့်အရေးတော်ပုံကြီးကို မီးမွှေးပေးခဲ့တာ ဖြစ်တယ်။

 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်ဦးဆောင်ဖွဲ့စည်းတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)က ပြည်သူ လူထုနဲ့ထပ်တူလက်နက်ကိုင် တိုက်ပွဲဝင်ခဲ့လို့  မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာဖြစ်တယ်၊ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဘ၀ကနေ နိုင်ငံရေးဇောက်ချလုပ်မယ်လို့ ကျောင်းထွက်ပြီးရဲရဲတင်းတင်းဆုံးဖြတ်လုပ်ဆောင်ခဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားသမဂ္ဂရဲ့ဥက္ကဌလဲဖြစ်တယ် ၊ ဒီတော့ ဗမာ့တပ်မတော်ဆိုတာကိုက ကျောင်းသားကနေဖြစ်လာတာလို့ ပြောလို့၇ပါတယ်။

 

မြန်မာပြည်သူတွေက နယ်ချဲ့လက်အောက်ကလွတ်မြောက်ခဲ့ပေမဲ့လဲ အမျိုးသားချင်းကျွန်လိုပြန်အုပ်ချုပ်ခံခဲ့ရတယ်၊မြန်မာ့ဆိုရှယ်လစ်အမည်ခံ စစ်အာဏာရှင်စနစ်(နေရာဌာနတိုင်းစစ်ဘက်အရာရှိများသာအုပ်စိုးချယ်လှယ်သည့်စနစ်)အောက်မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိ ဆင်းရဲမွဲတေနေ တဲ့နိုင်ငံဖြစ်လာခဲ့တယ်၊မတရားမှုမှန်သမျှကိုဆန့်ကျင်တတ်တဲ့ ကျောင်းသားတွေရဲ့ဗီဇသဘောအရ ၁၉၆၂မတ်လ၂ ရက်နေ့ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းလိုက်ကထဲက ပြတ်ပြတ်သားသား ဖွင့်ဟပြောဆိုတိုက်ပွဲဝင်ခဲ့ကြတယ်။အညှိုးကြီးတဲ့ နေ၀င်းနဲ့စစ်ဝါဒီတွေက ရန်ကုန်တက္ကသိုလ်နယ်မြေကို စစ်မြေပြင်လိုသဘောထားပြီး လက်နက်မဲ့အပြစ်မဲ့ကျောင်းသားတွေကို (၁၉၆၂ခုဇူလိုင်လ၇ရက်နေ့မှာ) ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ပြီး ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုမိုင်းခွဲဖျက်ဆီးပစ်ခဲ့တယ်၊ကျောင်းသားသမိုင်းမှာ မမေ့နိုင်တဲ့ 7JULYနေ့

ရယ်လို့ဖြစ်လာပြီး နှစ်စဉ်နှစ်တိုင်း အောက်မေ့ဘွယ်အခန်းအနားတွေ(ခုထိ)ကျင်းပကြတယ် ။ ၁၉၈၈ မတ်လ၁၃ မှာ R.I.T ကျောင်းသား  ကိုဖုန်းမော်၊ကိုစိုးနိုင်တို့ကို ကျောင်းဝန်းထဲတင်ပစ်သတ်မှုဖြစ်ပြီးချိန်မှာတော့ ကျောင်းသားတွေရဲ့ဦးဆောင်မှုနဲ့ ရှစ်လေးလုံးခေါ်၁၃၅၀ပြည့် လူထု အုံကြွမှုကြီးဖြစ်ပေါ်ခဲ့တယ်။ရဟန်းသံဃာတွေ၊အဘိုးအဘွားတွေ၊အိမ်ရှင်မတွေ၊အလုပ်သမားလယ်သမားတွေ၊၀န်ထမ်းတွေ၊တချို့ရဲနဲ့စစ်သားတွေ၊ နောက်ဆုံးမိန်းမလျှာတွေတောင်ပါဝင်တဲ့ လူထုအုံကြွမှုကြီးက နေ၀င်း/စိန်လွင်အစိုးရကိုဖြုတ်ချနိုင်ခဲ့ပေမဲ့ အာဏာကိုငန်းငန်းတက်ဆုတ်ကိုင် ထားလိုတဲ့စစ်ဗိုလ်ချုပ်တွေက နိုင်ငံတော်ငြိန်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(န၀တ)အမည်ခံအာဏာသိမ်းခဲ့ပြန်တာကြောင့် ရရာလက်နက် ထွဲကိုင်ပြန်ချမယ်ဆိုပြီး ကျောင်းသားတွေတောခိုကြရာက တစ်ကမ္ဘာလုံးကအံ့သြရတဲ့ ၊ ကမ္ဘာ့တော်လှန်ေ၇းသမိုင်းတွေမှာတောင်မရှိတဲ့ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)ဆိုတာပေါ်ပေါက်ခဲ့တယ် ။ VBSW ခေါ်တဲ့ စွမ်းအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့နဲ့ ABSDF ဟာ စစ်အာဏာ၇ှင်နဲ့မစေ့စပ်မဆွေးနွေးစတမ်း ပြတ်ပြတ်သားသား ရင်ဆိုင် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တွေဖြစ်တယ်။

 

ကျောင်းသားဆိုတာအလွှာပေါင်းစုံကဖြစ်နိုင်ပြီး လူထုလူတန်းစားပေါင်းစုံမိဘတွေနောက်မှာရှိနေတဲ့အတွက် ကျောင်းသားကတစ်ခုခုစလိုက်တိုင်း ပြည်သူကြားမှာရိုက်ခတ်မှုရှိတဲ့အတွက် အာဏာပိုင်တွေက ကျောင်းသားတွေနိုင်ငံရေးလုပ်မှာ အရမ်းစိုးရိမ်ပါတယ် ၊ ဒါကြောင့် နည်းပေါင်းစုံနဲ့ ကျောင်းသားတွေနိုင်ငံရေးမလုပ်နိုင်အောင် လုပ်ထားပါတယ် ။ကျောင်းတွေကို မြို့ပြင်တွေထုတ်ပြီး ပြည်သူတွေနဲ့ဝေးရာမှာထားတယ်၊မူးယစ် ဆေးဝါး ၊ အပျော်အပါးနဲ့ လောင်းကစားတွေကို မသိမသာခွင့်ပြုပေးထားတယ် ၊ ကျောင်းစည်းကမ်းတွေတင်းကြပ်ထားတယ် ၊ နိုင်ငံရေးဆိုတာ မဟရဲအောင် ခြိမ်းခြောက်ထားတယ် ၊ပညာရေးစနစ်အလွဲတွေနဲ့ ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ အချိန်ဖြုန်းခိုင်းထားတယ် ။နိုင်ငံရေး ဆိုတာ ကျောင်းသားနဲ့မဆိုင်ဘူးဆိုတာမျိုး အတွေးအခေါ်မှားတွေရိုက်သွင်းနေပြီး နယ်ချဲ့ဆန့်ကျင်ရေးခေတ်ကနေခုထိ ရဲရဲတောက်ကျောင်းသား သမိုင်းတွေကို ဖျောက်ဖျက်ဖုံးကွယ်ထားတယ် ။

 

ကျောင်းသားတွေမှာ အယူဝါဒအစွဲ ၊ ဘာသာအစွဲ ၊ လူမျိုးအစွဲမရှိဘူး ၊ ကျောင်းသားကြားမှာ အားလုံးရှိတယ် ၊ ဒါပေမဲ့ ညီညွတ်လို့ရကြတယ်၊ ကျောင်းသားက လူငယ်ပိုင်းတွေပီပီ ဖြတ်လတ်တယ် ၊ ပွင့်လင်းရိုးသားတယ် ၊ မတရားမှုတွေ့လာလို့ရင်ဆိုင်ဖြေရှင်းရတဲ့အခါ ဒေါင်းခွပ်သလို (ဒေါင်းကခွပ်ရင်နောက်ပြန်ပြေးရိုးထုံးစံမရှိ၊မနိုင်သည့်တိုင်အောင်တောင်အသေခံခွပ်)စိတ်ဓါတ်မျိုးဖြစ်တာကြောင့် ကျောင်းသားတွေရဲ့သင်္ကေတ ဟာ ခွပ်ဒေါင်း လို့နယ်ချဲ့ဆန့်ကျင်ရေးခေတ်ကထဲက သတ်မှတ်ခဲ့ကြတာဖြစ်တယ်။ခွပ်ဒေါင်းဟာ ကျောင်းသားထုကိုယ်စားပြုသင်္ကေတဖြစ်တယ် ဆိုတာ စစ်အာဏာရှင်တွေကိုယ်တိုင်လက်ခံအတည်ပြုပေးလိုက်ရပြီဖြစ်တယ်၊ စစ်အာဏာရှင်တွေရဲ့အယောင်ဆောင်ရွေးကောက်ပွဲမှာ ကျောင်း ယောင်ဆောင်ပါတီထောင်သူတွေရဲ့ နိုင်ငံရေးပါတီသင်္ကေတအလံတွေကို ကျောင်းသားသမဂ္ဂအလံနဲ့ချွတ်စွတ်တူအသုံးပြုထားလို့ ပယ်ဖျက် ပေး

ဘို့ (ကျောင်းသားသမဂ္ဂရဲ့အိုးဝေမဂ္ဂဇင်းအယ်ဒီတာဟောင်း)စာေ၇းဆရာကြီးဒဂုဏ်တာယာနဲ့ စာပေအနုပညာအသိုင်းအ၀ိုင်းတွေက ၀ိုင်းကန့် ကွက်ကြတာကို စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က လက်ခံပြီး ပါတီအလံပုံစံပြန်ပြင်ခိုင်းပေးလိုက်ရပါတယ် ။ အဲဒါ ကျောင်းသားတွေနဲ့ ခွပ်ဒေါင်းအလံရဲ့ဂုဏ်သိက္ခာပါပဲ ။

 

ကျောင်းသားနိုင်ငံရေးလုပ်သင့်မလုပ်သင့် ဆိုင်မဆိုင်ဆိုတာ အထက်မှာပြောပြီးသလို၊ ဗမာ့တပ်မတော်ဆိုတာတောင် ကျောင်းသားတွေနိုင်ငံရေး လုပ်ရာက ဖြစ်လာတာပါ ။ သမိုင်းမှာတော့ ကျောင်းသားနိုင်ငံရေးလုပ်လို့ ဗမာပြည်ကောင်းခဲ့တာပဲရှိတာပါ ။ တိုင်းပြည်နိုင်ငံရေးတည်ငြိမ်မှ ကျောင်းသားလဲပညာကောင်းကောင်းသင်ရမှာပါ ၊နိုင်ငံရေးမကောင်းရင် တိုင်းပြည်ရဲ့ကဏ္ဍစုံပျက်ဆီးမှာပါ ၊မှန်ကန်တဲ့ ဥပဒေမရှိတာကို မတရား တာလို့သတ်မှတ်ရင် ကျောင်းသားမူအရ ဆန့်ကျင်ရမှာပါ ။ ကျောင်းသားဆိုတာ အကြောက်တရားမရှိဘူး၊ မှန်ကန်ရဲရင့်တယ်ဆိုတဲ့ ဂုဏ်သိက္ခာပဲ ရှိပါတယ် ၊ အဲဒီအတွက် ကျောင်းသားတိုင်းနိုင်ငံရေးလုပ်ကြရမှာပါ ။

 

ခုဆိုရင် စစ်အာဏာရှင်တွေက ချမ်းသာချင်တိုင်းချမ်းသာနေကြပြီး ပြည်သူတွေကတနေ့စာနပ်မှန်အောင်တောင်အနိုင်နိုင်ဖြစ်နေတဲ့ မတရားမမျှ တတဲ့ နိုင့်ထက်စီးနင်းခေတ်ကြီးဖြစ်နေတာ၊နေရာတိုင်း လာဘ်ပေးလာဘ်ယူခေတ်ဖြစ်နေပြီး ယုတ်စွအဆုံးသေရေးတောင်မလွယ်တဲ့ ခေတ်ကြီး ဖြစ်နေတာကို ကျောင်းသားတွေမှဦးဆောင်ပြောင်းလဲနိုင်စွမ်းမရှိဘူးဆိုရင်တော့……..။

 

ကျောင်းသားထု၏ သမိုင်း,သွေး,သတ္တိ အားအသိမှတ်ပြုလေးစားမျှော်လင့်လျက်..


ပေးပို့ ပေးသောရဲဘော်အားအထူးကျေးဇူးတင်ပါသည်။