Friday, December 21, 2012

(၇၄) နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်

(၇၄) နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်အဖြစ်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာ
းသမဂ္ဂများအဖွဲ
့ချုပ်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်နှင့်ပတ်သက်သည့်
ဟောပြောပွဲနှင့်စာဖတ်ဝိုင်းကိုသန်လျင်မြို့ နယ် အတွင်းရှိ
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ ၏
အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါနသင်တန်းကျောင်းတွင် ယနေ့  နေ့  လည် ၁နာရီ
မှ ၃ နာရီ ထိကျင်းပခဲ့သည်။ ထို
့နောက်ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်တကွခေတ်အဆက်ဆက်
ဒီမိုကရေစီအရေးတော်ပုံအတွင်းကျဆုံးသွားကြသော
အာဇာနည်ရဲဘော်အပေါင်းအား ဂုဏ်ပြုခြင်းအားဖြင့်
ညနေလေးနာရီတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား စုပေါင်းအလေးပြုခဲ့ကြပါသည်။


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ

Monday, December 3, 2012

Fwd: လက်ပတောင်းတောင်အကြမ်းဖက်ခံရမှုအပေါ်ကြေငြာချက်



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: Mon, Dec 3, 2012 at 1:03 PM
Subject: လက်ပတောင်းတောင်အကြမ်းဖက်ခံရမှုအပေါ်ကြေငြာချက်
To: Sane Aung <saneaung2012@gmail.com>




Saturday, December 1, 2012

လက်ပတောင်းတောင်စီမံကိန်းရပ်စဲရေးဆန္ဒပြမှုဖြင့်တိမ်းရှောင်နေရသောဗကသမှမင်းသွေးသစ်၏ကဗျာ

လူထုခေါင်းဆောင်အမေ ...သို့ "

အမေ..
ဘယ်လိုဖြေရှင်းမလဲ အမေ...?
အမေ့စကားတစ်ခွန်းကြောင့်
လူရမ်းကားတွေ ကမ်းတက်ကုန်ကြလို့ 
သံဃာတွေ ၊ပြည်သူတွေ ၊ ကျောင်းသားတွေ
ထိခိုက်ဒါဏ်ရာတွေနဲ့ 
ဆေးရုံရောက်ကုန်ကြပြီ
ဘယ်လိုဖြေရှင်းမလဲ အမေ....?
အမေ..
ကျွန်တော်တို့ ကပဲ မှားနေသလားအမေ..?
ဒီမိုကရေစီခေတ်ပြောင်းလို့ ဆိုပြီး
စစ်ဘီလူးရဲ့ အစွယ်တွေထုတ် ထုတ်ပြနေလို့ 
ခေါင်းပေါင်းဝတ်သကောင့်သားတွေကိ

ပြည်သူတွေ မယုံမကြည်ကြတော့တာ
ကျွန်တော်တို့ ကပဲ မှားနေလားအမေ..?
အမေ...
ဘယ်လိုနှစ်သိမ့်ကြမလဲ အမေ..?
မြေသိမ်းခံလယ်သမားတွေရဲ့ ဝေဒနာ
လစာနည်းအလုပ်သမားတွေရဲ့.....ချွေး
သံဃာ ၊ ကျောင်းသားတွေရဲ့ ......သွေး
ဖိနှိပ်ခံပြည်သူတွေရဲ့....မျက်ရည်
ဘယ်လိုနှစ်သိမ့်ကြမလဲ အမေ...?
အမေ..
ကျွန်တော်တို့ မြတ်နိုးတာ
ကျွန်တော်တို့ ချစ်တာ
လွှတ်တော် အမတ် "အမေ" မဟုတ်သလို
ပါတီခေါင်းဆောင် အမေလည်းမဟုတ်ဘူး
လူထုရှေ့က မားမားရပ်ပေးမယ့်
"လူထုခေါင်းဆောင်" အမေ ပါ
ဒါကြောင့်ပေါ့ "အမေ"
လူထုရဲ့ ဝေဒနာ
လူထုရဲ့ ချွေး
လူထုရဲ့ သွေးနဲ့ 
လူထုရဲ့မျက်ရည်ကို
သုတ်ပေးမယ့် "အမေ့" ရဲ့လက်
ဘယ်နေ့ ၊ ဘယ်အချန်မှာလဲဆိုတာ
"အမေ" နဲ့ အတူ နံရံကို ခေါင်းနဲ့ တိုက်ဖို့ 
ကျွန်တော်တို့ စောင့်မျှော်နေဆဲပါ "အမေ"...။     ။
မင်းသွေးသစ်
ဗ.က.သ များအဖွဲ့ ချုပ်
30.11.2012 (FRI)
3:58(PM)

Thursday, November 22, 2012

Fwd: အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/11/17
Subject: အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း
To:


အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း

          ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အိုးဝေပညာဒါနနှင့်စာကြည့်တိုက်တွင် ဗ.က.သ

ကျောင်းသား/ကျောင်းသူများအတွက်အသိပညာဗဟုသုတတိုးပွားစေရန်အပတ်စဉ်စာဖတ်ဝိုင်းများပြုလုပ်နေကြသည်မှာကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်။ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသား/ကျောင်းသူများမှအပတ်စဉ်အပတ်တိုင်း ပညာရေး၊နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုရေးနှင့်သက်ဆိုင်သည့်ခေါင်းစဉ်အမျိုးမျိုးဖြင့်ဆွေးနွေးမှုများပြု

လုပ်ခဲ့ကြပါသည်။ အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါန ၏အပတ်စဉ်စာဖတ်ဝိုင်းများ၏အဓိကရည်ရွယ်ချက်မှာ အ

နာဂါတ်နိုင်ငံတော်ကိုဦးဆောင်မည့်ကျောင်းသား/ကျောင်းသူများ ပညာရေးစနစ်ညံ့ဖျင်းမှု၊သင်ထောက်ကူပစ္စည်း

များမလုံလောက်မှု၊ကျောင်းစာပြင်ပဗဟုသုတများလေ့လာမှုအားနည်းခြင်းစသည့်အချက်များကြောင့် နိုင်ငံတ

ကာကျောင်းသားများနှင့်ယှဉ်လျှင်အရည်အချင်းနိမ့်ကျမှုများလျှော့နည်းလာစေရန်တတ်အားသရွေ့ ထောက်ကူ

ပေးလိုသည့်အတွက်ကြောင့်ယခုကဲ့သို့ စာဖတ်ဝိုင်းများ၊ဆွေးနွေးပွဲများကိုကျောင်းသား/ကျောင်းသူများအတွက်

ပြုလုပ်ပေးနေခြင်းဖြစ်ပါသည်။


Fwd: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/11
Subject: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု
To:


ကချင်ပြည်နယ်ရှိစစ်ဘေးဒါဏ်သင့်ပြည်သူများအတွက် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှ

ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများသီဆို၍အလှူငွေများလိုက်လံကောက်ခံခဲ့ကြပါသည်။

အလှူငွေကောက်ခံမှုကိုသန်လျင်မြို့ နယ်အတွင်းရှိလူစည်ကားသည့်လက်ဖက်ရည်ဆိုင်များ၊စားသောက်

ဆိုင်များနှင့်ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ

ကျောင်းသား(၂၁)ယောက်ဖြင့်လိုက်လံကောက်ခံခဲ့ကြခြင်းဖြစ်ပါသည်။သီချင်းများသီဆိုအလှူခံထွက်ရင်းတပြိုင်နက် (ရတကသ) မှပြည်တွင်းစစ်ရပ်ဆဲ၍ ငြိမ်းချမ်းရေးဖော်ဆောင်ပေးရန်တောင်းဆိုသည့်ကြေငြာချက်များကို

လည်းဖြန့် ဝေခဲ့ကြပါသည်။ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှအလှူခံရရှိသောငွေ

ကျပ်၃၁၀၀၀၀ကျပ်(သုံးသိန်းတစ်သောင်းကျပ်)နှင့်လှူဒါန်းကြမည်ဖြစ်သည်။ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊၀ါး

ခယ်မမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေတစ်သိန်းငါးသောင်း၊ရွှေလောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေလေးသောင်းကျပ် စုစုပေါင်းအလှူငွေငါးသိန်းကျပ်ကို ကချင်ပြည်

နယ်ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂသို့လွဲပြောင်းပေးအပ်ခဲ့ပြီးဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပြီးမှတ်

တမ်းဓာတ်ပုံများ၊အလှူငွေလက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂသို့ ပြန်လည်

ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန်အလို့ ငှာဖော်ပြ

အပ်ပါသည်။လှူဒါန်းခဲ့ကြသောအလှူရှင်များအား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ(ရတကသ)မှ

ကျောင်းသားကျောင်းသူများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးပါသောဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂအားရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှကျေးဇူးအထူးတင်ရှိပါသည်။


Fwd: အမေရိကန်သတင်းထောက်မှအိုးဝေသို့ အင်တာဗျူး



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/11/22
Subject: အမေရိကန်သတင်းထောက်မှအိုးဝေသို့ အင်တာဗျူး
To:


ဗကသများအဖွဲ့ ချုပ်၊ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါနသင်

တန်းကျောင်းသို့  အမေရိကန်သမ္မတအိုဘားမား၏ခရီးစဉ်အတွက်ဗမာနိုင်ငံသို့ လိုက်ပါလာသည့်အမေရိကန်အ

စိုးရသတင်းဌာနမှသတင်းထောက် ရှာဗာဟောလီးဒေး(Shava Holiday)သည်(၁၉.၁၁.၂၀၁၂)တွင်ရောက်ရှိ

လာပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏ခရိုင်ကျောင်းသားသမဂ္ဂများ၏လှုပ်ရှားမှုလုပ်ငန်း

များအား အမေရိကန်အစိုးရသတင်းဌာနမှ(နိုင်ငံတွင်း)ထုတ်လွှင့်မည်ဖြစ်ပါ၍သတင်းမှတ်တမ်းရိုက်ကူးနိုင်ရန်

ဆက်သွယ်ခွင့်တောင်းလာပါသည်။ထို့ ကြောင့်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှအမှုဆောင်များ

၏စည်းဝေးဆုံးဖြတ်ချက်အရခွင့်ပြုပေးခဲ့သဖြင့်ယင်းနေ့ နံနက်(၉)နာရီမှာညနေလေးနာရီအထိ အိုးဝေ စာကြည့်

တိုက်နှင့်ပညာဒါနသင်တန်းကျောင်း၏တနေ့ တာလှုပ်ရှားမှုများ၊တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများအား

အခမဲ့စာသင်ကြားနေမှုများကိုသတင်းမှတ်တမ်းရိုက်ကူးသွားသည့်အပြင်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသား

များသမဂ္ဂမှ ဗကသ ကျောင်းသားအမှုဆောင်များ၊ အိုးဝေ ပညာဒါနသင်တန်းကျောင်းမှတက္ကသိုလ်ဝင်တန်း

ကျောင်းသား/သူများအားမေးမြန်းရိုက်ကူးမှုများပြုလုပ်ခဲ့ပါသည်။ဤမေးမြန်းရိုက်ကူးထားသောသတင်းမှတ်

တမ်းအား အမေရိကန်အစိုးရရုပ်သံဌာန(CBS)ရုပ်သံလိုင်းမှ၎င်းတို့ နိုင်ငံတွင်ယခုတပတ်အတွင်းထုတ်လွှင့်သွား

မည်ဖြစ်ပါသည်။


Saturday, October 13, 2012

Fwd: ဘယ်သူတွေမှာတာဝန်ရှိသလဲ



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/12
Subject: ဘယ်သူတွေမှာတာဝန်ရှိသလဲ
To:


ဘယ်သူတွေမှာတာဝန်ရှိသလဲ

ဒီနေ့(၁၁.၁၀.၂၀၁၂)ကြာသာပတေးနေ့ မနက်ဘက်ကပေါ့။အပြင်မှာမှာမိုးကလဲရွာနေတယ်။မနေ့ ညကတည်း

က ကချင်စစ်ဘေးသင့်ပြည်သူတွေကိုအလှူငွေလှူဒါန်းတဲ့မှတ်တမ်းဓါတ်ပုံတွေကို အင်တာနက်လိုင်းကောင်းတဲ့

ညဘက်မှာတင်ရတဲ့အတွက် ဒီနေ့ မနက်ရှစ်နာရီထိုးပြီးမှစအိပ်ရလို့ အိပ်ကောင်းကောင်းနဲ့ အိပ်နေတုန်းဆေးရုံ

ကဖုန်းလာပါတယ်။အရေးပေါ်အိုသွေးတစ်လုံးလိုလို့ ဆေးရုံကိုသွေးလှူရှင်ရရခြင်းလာခဲ့ပါလို့ ဖုန်းထဲကလူနာရှင်

အရေးတကြီးပြောလာပါတယ်။ကျွန်တော်တို့ အဖွဲ့ ကတဖွဲ့ လုံးရဲ့ ဖုန်းနံပါတ်တွေကိုဆေးရုံတွေမှာလိုက်ကပ်ထား

ပြီးအရေးပေါ်သွေးလိုတဲ့လူနာရှင်များဖုန်းဆက်အကူအညီတောင်းပါကအခမဲ့လာရောက်သွေးလှူဒါန်းပေးပါ

သည်လို့ ရေးထားတဲ့စာတွေကပ်ထားတဲ့အတွက် ကျွန်တော်တို့ ဆီကိုအခုလိုပဲအရေးပေါ်သွေးအကူအညီ

တောင်းတဲ့ဖုန်းတွေ အချိန်မရွေးဝင်လာတတ်ပါတယ်။ကျွန်တော်တို့ ဆီကိုဝင်လာတတ်တဲ့ အကူအညီတောင်းတဲ့

ဖုန်းတွေကသွေးဘယ်မှာမှရှာမရလို့ တကယ်အရေးတကြီးအချိန်တွေမှာလာတတ်တဲ့အတွက်ဖုန်းရရခြင်းပဲ အိုး

ဝေ စာကြည့်တိုက်နဲ့ ပညာဒါန မှာရောက်နေတဲ့ကျောင်းသားတွေကို အို သွေးလှူမယ့်လူရှိလားလို့ လိုက်ချက်

ချင်းပဲလိုက်မေးပါတယ်။အဲဒီမှာ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ ထဲက သန်လျင်နည်းပညာ

တက္ကသိုလ်ကျောင်းသားသမဂ္ဂ က ကိုသီဟဇော်က သူအိုသွေးပါ၊သူလှူပါ့မယ်လို့ ပြောတာနဲ့ သူ့ ကိုဆိုင်ကယ်

ပေါ်တင်ပြီးဆေးရုံကိုထွက်လာခဲ့ပါတယ်။ဆေးရုံရောက်တော့အမျိုးသမီးကြီးတယောက် OG Ward နားမရောက်

ခင် လျှောက်လမ်းဘေးမှာငိုနေတာကိုတွေ့ ရပါတယ်။ကျွန်တော်တို့ လဲသူ့ ကိုကျော်တက်ခဲ့ပြီး သွေးမလှူခင်လို

အပ်တဲ့စစ်ဆေးမှုတွေဖြစ်တဲ့သွေးပေါင်ချိန်တာ၊သွေးအမျိုးအစားစစ်ဆေးတာတွေလုပ်နေတုန်းမှာပဲ တာဝန်ကျ

ဆရာမတယောက်ကသွေးလှူဖို့ မလိုတော့တဲ့အကြောင်းလာပြောပါတယ်။ဘာဖြစ်လို့ လဲလို့ မေးကြည့်လိုက်

တော့ ကလေးကဆုံးသွားပြီဆိုတဲ့အကြောင်းနဲ့ မိခင်ကတော့မဆုံးသေးပေမယ့်လက်လျှော့လိုက်ရပြီဆိုတဲ့အ

ကြောင်းရှင်းပြပါတယ်။ဆေးရုံရောက်လာကတည်းကသွေးတော်တော်သွန်ထားတယ်….သွေးတွေကိုပုံးတစ်လုံးစာလောက်တောင်ရတယ်….အရပ်လက်သည်နဲ့ အိမ်မှာပဲကျိတ်မွေးနေတာ၊မရတော့မှဆေးရုံရောက်လာတာ…

စတဲ့ စကားသံတွေကတော့တယောက်တပေါက်ဆူညံနေပါတယ်။ကျွန်တော်မကြားနိုင်တော့ပါဘူး…..ကျွန်တော့်

ရှေ့ မှာလူတယောက်လုံးသေဆုံးရမှာကို ဘာမှမတတ်နိုင်ပဲဒီအတိုင်းလက်ပိုက်ကြည့်နေရတဲ့လူတယောက်ရဲ့ ခံ

စားမှုက ဘာနဲ့ နှိုင်းပြလို့ မရအောင် စိတ်ထဲမှာဖိစီးနေပါတယ်။ဘာကြောင့်အရပ်လက်သည်နဲ့ ပဲမွေးရတာလဲ..?

မြို့ နဲ့ သိပ်မလှမ်းတဲ့ရွာမှာနေရဲ့ သားနဲ့ ဘာ့ကြောင့်ဆေးရုံကိုအချိန်မီမလာရတာလဲ..? ဆေးရုံမှာမီးမဖွားခင်ကြို

တင်ပြထားသင့်ပါလျက်ဘာ့ကြောင့်ဆေးရုံကိုလာဖို့ လူတွေရွံ့ နေရတာလဲ…?မေးခွန်းပေါင်းများစွာ၊စိတ်မကောင်း

ခြင်းများစွာနဲ့ ဆေးရုံကပြန်လာခဲ့ပါတယ်။ကျွန်တော်တို့ အဖွဲ့ သွေးလှူတဲ့လေးနှစ်တာသက်တမ်းတလျှောက်မှာ

လူနာသေဆုံးတာ ပထမဆုံးအတွေ့ အကြုံမဟုတ်ပေမယ့်ဆေးရုံကိုအချိန်မီရောက်မလာလို့ မသေသင့်ပဲသေဆုံး

ခဲ့ရတဲ့လူနာတွေမှာ ကလေးမီးဖွားရင်းသေဆုံးရတဲ့လူနာတွေကိုပိုပြီးအတွေ့ များပါတယ်။လိုအပ်တဲ့ကျန်းမာရေးဗ

ဟုသုတ၊လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှု စတာတွေကိုလူနဲ့ လူခြင်းအတူတူ တခြားနိုင်ငံကပြည်သူတွေနဲ့ 

တန်းတူကျွန်တော်တို့ ပြည်သူတွေဘာကြောင့်မရရှိကြရတာလဲ၊ကျန်းမာရေးအသိပညာနည်းကြတာဘယ်သူ

တွေကြောင့်လဲ၊ကျွန်တော်တို့ မသိတဲ့တခြားပြည်သူဘယ်နှစ်ယောက်များ အခုလိုရေတိမ်နစ်ရတဲ့အဖြစ်ဆိုးမျိုး

တွေကြုံပြီးပြီလဲ၊ဒီလိုကိစ္စရပ်တွေအတွက်ဘယ်သူ့ မှာတာဝန်ရှိသလဲ၊သူ့ ကံကြမ္မာကြောင့်ပါလို့ ဖော့တွေးပြီး

လက်ပိုက်ကြည့်နေကြတော့မှာလား။ဘာပဲဖြစ်ဖြစ်ဒီနေ့ တစ်နေ့ လုံးမှာတော့ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေး

ကြေငြာစာတမ်း အပိုဒ် (၂၅) ကတော့ကျွန်တော့်ကိုတနေ့ လုံးလှောင်ပြောင်လို့ နေပါတော့တယ်။

     

*အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၅)*

 

"လူတိုင်းလုံလောက်သောလူနေမှုအဆင့်အတန်းနှင့်ဆေးကုသခံယူခွင့်ရှိသည်"

 

                                                                                              မင်းသွေးသစ်

                                                                                                ဗကသများအဖွဲ့ ချုပ်


Thursday, October 11, 2012

Fwd: ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂများသမဂ္ဂမှ၂၀၁၂၊၂၀၁၃ပညာသင်နှစ် နှစ်လည်ညှိနှိုင်းအစည်းအဝေးဖိတ်ကြားလွှာ



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/11
Subject: ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂများသမဂ္ဂမှ၂၀၁၂၊၂၀၁၃ပညာသင်နှစ် နှစ်လည်ညှိနှိုင်းအစည်းအဝေးဖိတ်ကြားလွှာ
To:


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာ
းသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂများသမဂ္ဂမှ၂၀၁၂၊၂၀၁၃ပညာသင်နှစ် နှစ်လည်ညှိနှိုင်းအစည်းအဝေးအားအထက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါ၍ဖိတ်ကြားအပ်ပါသည်။

Fwd: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/11
Subject: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု
To:


ကချင်ပြည်နယ်ရှိစစ်ဘေးဒါဏ်သင့်ပြည်သူများအတွက် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှ

ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများသီဆို၍အလှူငွေများလိုက်လံကောက်ခံခဲ့ကြပါသည်။

အလှူငွေကောက်ခံမှုကိုသန်လျင်မြို့ နယ်အတွင်းရှိလူစည်ကားသည့်လက်ဖက်ရည်ဆိုင်များ၊စားသောက်

ဆိုင်များနှင့်ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ

ကျောင်းသား(၂၁)ယောက်ဖြင့်လိုက်လံကောက်ခံခဲ့ကြခြင်းဖြစ်ပါသည်။သီချင်းများသီဆိုအလှူခံထွက်ရင်းတပြိုင်နက် (ရတကသ) မှပြည်တွင်းစစ်ရပ်ဆဲ၍ ငြိမ်းချမ်းရေးဖော်ဆောင်ပေးရန်တောင်းဆိုသည့်ကြေငြာချက်များကို

လည်းဖြန့် ဝေခဲ့ကြပါသည်။ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှအလှူခံရရှိသောငွေ

ကျပ်၃၁၀၀၀၀ကျပ်(သုံးသိန်းတစ်သောင်းကျပ်)နှင့်လှူဒါန်းကြမည်ဖြစ်သည်။ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊၀ါး

ခယ်မမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေတစ်သိန်းငါးသောင်း၊ရွှေလောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေလေးသောင်းကျပ် စုစုပေါင်းအလှူငွေငါးသိန်းကျပ်ကို ကချင်ပြည်

နယ်ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂသို့လွဲပြောင်းပေးအပ်ခဲ့ပြီးဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပြီးမှတ်

တမ်းဓာတ်ပုံများ၊အလှူငွေလက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂသို့ ပြန်လည်

ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန်အလို့ ငှာဖော်ပြ

အပ်ပါသည်။လှူဒါန်းခဲ့ကြသောအလှူရှင်များအား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ(ရတကသ)မှ

ကျောင်းသားကျောင်းသူများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးပါသောဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂအားရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှကျေးဇူးအထူးတင်ရှိပါသည်။