Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Thursday, November 19, 2009

ခွင့်လွှတ်ပါ အမေ

(၂၀၀၇)မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတစ်ဦး


အမေ……….အမေ့သားတွေအမေ့မျက်နှာမမြင်ရတာ၊ အမေ့စကားသံမကြားရတာ၊အမေ့ဟန်ပန် မတွေ့ရတာအနှစ် (၂၀)ပြည့်ခဲ့ပြီအမေ။ အမေ့ရင်ခွင်ရဲ့အဝေးမှာလူလားမြောက်ခဲ့ရတဲ့ သားတို့ရဲ့ ညီငယ်လေးတွေကိုအမေ့ဓာတ်ပုံပြပြီးအမေ့ အကြောင်းပြောရင်း အမေ့ရဲ့သံမဏိစိတ်ဓာတ်တွေ
သွင်းပေးရုံနဲ့ တာဝန်ကြေပြီလို့သားတို့မခံယူရဲဘူး အမေ။ တကယ်ဆိုသံဆူးကြိုး၊သံတိုင်ကြားက
အမေ့ကို လွှတ်မြောက်ခွင့်ရအောင်သားတို့ကြိုးစားကြရမှာပါ။

အမေ့ယုံကြည်ချက်ကိုသားတို့ပုံဖော်ရမှာပါ။အမေ့စိတ်ဓာတ်ကိုသားတို့မွေးမြူရမှာပါ။ အမေမုန်းတဲ့
စနစ်ကိုသားတို့တိုက်ထုတ်ရမှာပါ။အမေ့အိမ်မက်တွေ ကိုသားတို့အကောင်အထည်ဖော်ရမှာပါ။
ဒါပေမယ့်အမေရယ်…….အမေ့သားတွေထဲကတချို့ကအမေ မျှော်လင့်သလောက် မလိမ္မာကြဘူး။
တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီဆိုတာနဲ့အပျော်အပါးပဲမက်နေကြတယ်အမေ။
သမိုင်းပေးတာဝန်ကိုသူ တို့နားမလည်ကြဘူး။
သူတို့လေးတွေ နားလည်လာအောင် သားတို့ဘယ်လိုရှင်းပြရမလဲအမေ။ 
နောက်ပြီးအမေ့သားကြီးတွေကလဲသူတလူငါတမင်းနဲ့အချင်းချင်း မညီညွတ်ကြဘူး။ တစည်းတလုံးထဲတိုက်ပွဲဝင်ရမယ့်အချိန်မှာ ကိုယ်သန်ရာလမ်းကိုယ်လျှောက်ပြီးထင်ရာစိုင်းနေကြတဲ့ ကိုယ့်ထက်အကြီးတွေကို သားတို့ဘယ်လိုနားချရမှာလဲ။ 
 
လိမ္မာပြီး ထက်မြက်တဲ့အမေ့သား တွေကျတော့လဲအမေမုန်းတဲ့စနစ်ဆိုးရဲ့အောက်မှာ ထောင်နန်းစံ ကုန်ကြပြီအမေ။ အမေ့အတွက်တကမ္ဘာလုံးကသံမဏိအမျိုးသမီး(Iron lady)ဆိုပြီး ဂုဏ်ယူနေကြချိန်မှာ
သားတို့ရဲ့အမေအတွက်သားတို့ရဲ့ တာဝန်ကျေတဲ့နောင်တော်ကြီးတွေအတွက်
လွတ်မြောက်ရေးလမ်းကြောင်းကိုလျှောက်လှမ်းနိုင်ဖို့ညီလေးတွေနဲ့အတူသားတို့ရုန်းမထနိုင်သေးဘူး
အမေ။ လက်ရှိအချိန်ထိအမေ့ကိုသံတိုင်တွေကြားကနေ အပြင်မထုတ်နိုင်သေးတဲ့ သားတို့ရဲ့ တာဝန် မကြေမှု့တွေအတွက်ခွင့်လွှတ်ပါအမေ။………
 
ဗိုလ်ချုပ်သွေးမို့ဒို့ယုံသည်။
အမေ့ရဲ့တာဝန်မကျေတဲ့သားတစ်ဦး

(မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အမေ ဒေါ်အောင်ဆန်းစုကြည်အားပြည်သူ့အတွက် ပေးဆပ်မူ များအပေါ်ဤစာစုဖြင့်ဂုဏ်ပြုပါသည်။)
မင်းသွေးသစ်(၂၀၀၇)

Wednesday, November 18, 2009

နောက်ဆုံးတိုက်ပွဲကို အနိုင်ရအောင် တိုက်ကြပါ


(မင်းသွေးသစ် - ၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားတဦး)

မေလ (၂၂) ရက်နေ့ဒီနေ့ ရန်ကုန်မိုးက မနက် မိုးလင်းကတည်းက ရွာနေတာဟာ နေ့လည်ရောက်လေ ပိုသည်းလေ ဖြစ်လာတယ်။ ဒီနေ့ မနက် အိပ်ရာနိုးကတည်းက မိုးရွာတာတွေ့လိုက်တော့ အမေစုအတွက် ၀ိုင်းဝန်း ဆန္ဒ ဖော်ထုတ်နေတဲ့ အင်းစိန်ထောင်ရှေ့ လမ်းမပေါ်ကို စိတ်ကရောက်သွားပြီး ပူပန်နေမိပြန်တယ်။ ဒီလိုသာ မိုးရွာနေရင် ထောင်ရှေ့ လမ်းမပေါ်မှာ အရင်နေ့တွေကလို လူရောရှိပါတော့မလားလို့ပေါ့။


စိတ်ပူမယ်ဆိုရင်လည်း ပူစရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ရေသာခိုအချောင်လိုက်ချင်တဲ့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ စိတ်ဓါတ်နဲ့ ဒီလိုအရေးကြီးတဲ့ရက်တွေမှာ ရည်မှန်းချက် မရောက်ခင် တောင့်ခံနိုင်ပါ့မလား။ စိတ်မပူလို့ ကတော့ မဖြစ်။ ဒီအစိုးရဟာ အလျှော့ပေးလို့ရတဲ့ အစိုးရမျိုး မဟုတ်။



အလျှော့မပေးပါပဲ လျော့သွားတဲ့ အရေးကိစ္စတွေမှာတောင် လူထုကို ပိုမိုဖိနှိပ်မှူတွေ ပြုလုပ်လာတာ အားလုံး အသိ ပင်။ ယခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးသည့်ကိစ္စတွင်မတော့ နအဖက မြန်မာပြည်သူ တရပ်လုံးကို ဂရုမစိုက်ရုံမျှမက ကမ္ဘာနိုင်ငံများကိုပါ စိန်ခေါ်သည့်အနေအထား ပြုလုပ်လာသည်။


ဤတကြိမ်လည်း ကုလသမဂ္ဂ၊ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာပြည်သူလူထုက အရင်ကိစ္စတွေတုန်းကလိုမျိုး လျှော့တိ  လျှော့ရဲနဲ့ပြုလုပ်တောင်းဆိုနေပါက စစ်ဖိနပ်အောက်တွင် တသက်လုံး ခေါင်းမထောင်နိုင်အောင် ပြားပြားဝပ် ရပေ လိမ့်မည်။ နအဖ၏ မထွေးလေး မြွေမြိုသလို တဆင့်ပြီးတဆင့် ထပ်တိုးဖိနိုပ်မှုဗျူဟာအား အသေအချာ စမ်းစစ်ပါက ရှင်းလင်းစွာ တွေ့ရပေမည်။

ပထမဦးဆုံးခြေလှမ်းအနေဖြင့်လောင်စာဆီဈေးနှုန်းတက်သည့်ကိစ္စနှင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် လူထုထောက်ခံမှုရှိသည့် ကိုမင်းကိုနိုင်တို့ (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးရုံးတင်စစ်ဆေးခဲ့ပါတယ်။ (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်များအား ရုံးတင်စစ်ဆေးနေသည့် တလျှောက်လုံး အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက် လက်ကျန်များ၏ ဆန့်ကျင်ကန့်ကွက်မှုကိုသာ ကြုံရပြီး၊ လူထုထံမှ မည့်သည့်တုံ့ပြန်ဆန့် ကျင်မှုမျိုးမှ မတွေ့ရသည့် နောက်တွင်မတော့ နအဖမှ ကိုမင်းကိုနိုင်အပါအ၀င် (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကျောင်းသားခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်၍ ဆန့်ကျင်ဘက် အင်အားများ ကို လျော့အောင် တိုက်ချ လိုက်သည်။

ဒုတိယခြေလှမ်းအနေနှင့် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်လာသောအခါ လူထုကိုအထင်သေးလက်စနှင့် သံဃာ့တော်လှန်ရေးအစ ပထမရက်များတွင် မည်သည့်အရေးယူမှုမျိုးမှ မလုပ်ဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ သည်။ တကယ်တမ်း သံဃာထုနောက်တွင် ၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားများနှင့် ပြည်သူလူထုပါဝင်လာသော အခါတွင် သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးထောင်ချ၍ အကြမ်းဖက် နှိမ်နင်းခဲ့သည်။


ထိုသို့သံဃာတော်များအားဖမ်းဆီးနှိပ်စက်နေသည့် အချိန်တွင်လည်း လူထု၏ဆန္ဒပြပွဲများက ပို၍ ပြင်းထန် မလာဘဲ အကြမ်းဖက်နှိမ်နင်းမှုနောက်ကွယ်တွင် တစတစလျှော့ပါးပျောက်ကွယ်ခဲ့ရသည်။ဗုဒ္ဓဘာသာ နိုင်ငံ တခုတွင် လူအများစု ကိုးကွယ်ဆည်းကပ်နေသော သံဃာတော်များအား နှိပ်စက်ဖမ်းဆီး၍ ထင်သလို လုပ်လို့ ရသွားသောအခါ နအဖအနေနှင့် ဤနိုင်ငံတွင် စိတ်ထင်သလို ပြုလုပ်နိုင်ရန်အတွက် နောက်ဆုံး စူးညှောင့် အနေဖြင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုရှင်းပစ်ရန်သာလိုတော့သောအနေအထားသို့ရောက်ရှိ သွားသည်။ ထိုအခါ နအဖသည် ပထမအဆင့်အနေဖြင့် မိမိတို့စိတ်ကြိုက် ရေးဆွဲထားသောဥပဒေကြမ်းကို အဓမ္မ အတည်ပြုသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ၄င်းတို့အနိုင်ရရှိစေရန် အဖက်ဖက်က ပြင်ဆင် ပြီး သောအခါတွင်မတော့ လက်ကျန်အန်အယ်လ်ဒီအင်အားစုများကို အင်အားလျော့ပါးစေရန် ပုဒ်မအမျိုးမျိုး တပ်၍ ဖမ်းဆီးသည်။ အင်အားလျော့ပါးပြီဟု ၄င်းတို့သတ်မှတ်ထားသော အနေအထားအရောက်တွင် အကာ အကွယ်မဲ့သလောက်ဖြစ်နေသော ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်၍ ဖမ်းဆီးထောင်ချနိုင်ရန် တရားစွဲဆိုလေပြီ။
 

ယခုတကြိမ်တွင်လည်းနအဖအနိုင်ရသွားပါကမြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့်စစ်ဖိနပ်အောက်မှလွတ်မြောက် နိုင်ရန်မည်သည့်အခါမှမျှော်လင့်မနေပါနှင့်တော့ဟုဘဲဆိုပါရစေ။အဘယ့်ကြောင့်ဆိုသော်ဒေါ်အောင်ဆန်းစုကြည်လို တကမ္ဘာလုံးက အသိအမှတ်ပြုထားသော လူထုခေါင်းဆောင်တဦးကိုပင် ထောင်သွင်းအကျဉ်းချနိုင်ခဲ့ပါက ဤနိုင်ငံတွင် နအဖအား ယှဉ်ပြိုင်ဆန့်ကျင်နိုင်မည့် နောက်ထပ်သော ခေါင်းဆောင်တဦးရရန် နောက်ထပ် ဆယ်စုနှစ် နှစ်စုကြာသည့်တိုင်အောင်ပင် ပေါ်ထွန်းလာရန် မလွယ်ကူပေ။

ထိုအနေအထားကို နားလည်သော နအဖခေါင်းဆောင်ပိုင်းများမှာ ဤတကြိမ်တွင်လည်း ၄င်းတို့ဘက်မှ အနိုင်ရရှိအောင် နည်းမျိုးစုံနှင့် ကြိုးစားပေလိမ့်မည်။ ထိုအခြင်းအရာကို မြန်မာပြည်သူတို့ သိနားလည်ဖို့ လို ပေမည်။ ကြိုတင်သိမြင်နားလည်သော ပြည်သူတို့မှာ တိုင်းပြည်အတွက် နောက်ဆုံးတိုက်ပွဲ နောက်ဆုံး ပေး ဆပ်မှုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရာ အင်းစိန်ထောင်ရှေ့လမ်းမပေါ်တွင် နေ့စဉ်နေ့တိုင်း အခက်အခဲအမျိုးမျိုးကြားမှ လူစုကာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးကြောင်း ဆန္ဒဖော်ထုတ် ပြသနေကြသည်။


ဤနောက်ဆုံးတိုက်ပွဲ၏ အရေးကြီးဆုံးအချက်မှာမြန်မာပြည်၏ လူထုခေါင်းဆောင်ကို ပြည်သူ့ထောက်ခံမှု မည်၍ မည်မျှ များပြားကြောင်းကို နအဖတွေ သိရန် ပြည်သူ့ အင်အားပြဖို့  လိုပေသည်။ အန်အယ်လ်ဒီပါတီမှ လူများနှင့် သာ ဆန္ဒဖော်ထုတ်ပြနေလို့မလုံလောက်ပေ။ ကျောင်းသားများ၊ ပြည်သူနှင့် လူတန်းစားအားလုံး ပါဝင်ဆင်နွှဲဖို့ လိုသည်။

ဒေါ်အောင်ဆန်းစုကြည်သာ နအဖလက်တွင်း သက်ဆင်းသွားပါက မြန်မာပြည်သူလူထု၏် ကံကြမ္မာမှာ တွေးဝံ့ဖွယ် ရာရှိတော့မည် မဟုတ်ပါ။ နောက်ဆုံးအနေဖြင့် ပြောပြလိုသည်မှာ သတင်းစာဆရာကြီး အဘဦးဝင်းတင် ပြောသကဲသို့ အန်အယ်လ်ဒီကို ၀န်းရံပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးပါ။ အင်းစိန်ထောင်ရှေ့ ဆန္ဒ ဖော်ထုတ်ပွဲသို့သွားရောက်တိုက်ပွဲဝင်ကြပါ။

တတိုင်းပြည်လုံး၏ ကံကြမ္မာသည် သင်တို့  လက်ထဲတွင် ရှိသည်။ နောက်ဆုံးတိုက်ပွဲတွင် အရှူံးကြီး မရှူံးပါစေနှင့်။ မြန်မာ့သမိုင်းတွင် အမဲစက်ကြီး အဖြစ်မခံပါနှင့်။ နောင်မျိုးဆက်များ၏ ကဲ့ရဲ့ ပစ်တင်မှုကို မခံကြရပါစေနှင့်။

Sunday, October 4, 2009

အညတရသူရဲကောင်းတယောက်အကြောင်း


                                                                                                  မင်းသွေးသစ်(၂၀၀၇)
                                                                      ၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
                                                                                                               2.10.09 (2:28)AM

သူ့နာမည်ကလွင်ကိုလတ်။ဒါပေမယ့်သူငယ်ချင်းများကတော့ဝင်းကိုကြီး
လို့ပဲခေါ်ကြသည်။သူ့အသက်က(၃၂)နှစ်။အသားညိုညို၊အရပ်ကမနိမ့်မ
မြင့်နှင့်လွယ်အိတ်တလုံးကိုပုခုံးထက်တွင်အမြဲလွယ်ထားတတ်သူ။စကား
ကနည်းနည်းအေးတိအေးစက်နှင့်မျက်နှာကတော့အမြဲပြုံးနေတတ်သူ။
သူ့ပုံစံကိုရုတ်တရက်ကြည့်လျှင်စာရေးဆရာတယောက်ဟုထင်ရပေမယ့်
တကယ်တမ်းတော့သူကစာရေးဆရာမဟုတ်။အမှန်တရားကိုသာအမြဲပြော
ချင်သူ၊အမှန်တရားဘက်အမြဲရပ်ချင်သူ၊မတရားမှုကိုတွန်းလှန်လိုသော
သမဂ္ဂစိတ်ဓါတ်အပြည့်ရှိသူကျောင်းသားတဦးသာဖြစ်သည်။
သူ့အသက်အရွယ်နှင့်ကျောင်းသားဘ၀မှာပင်ဘာကြောင့်ရှိနေသေးသလဲ
ဆိုတော့အကြောင်းကရှိသည်။ကျောင်းသားဘ၀ကိုအလွန်မက်မောတွယ်
တာသူဖြစ်ပြီးမျိုးဆက်သစ်များအားသမဂ္ဂစိတ်ဓါတ်အမွေပေးလိုရ်ျစာတော်
ပါလျက်ကယ်နှင့်နှစ်စဉ်နှစ်တိုင်းစာမေးပွဲမဖြေပဲတမင်အကျခံနေခြင်းသာ
ဖြစ်သည်။သူ့အရည်အချင်းအားသိသောသူ့ဌာနမှူးမှခုံနံပါတ်တော့လာတပ်
သွားပါအအောင်ပေးပါ့မယ်ဟုပြောတာတောင်ခုံနံပါတ်လေးပင်သွားမတက်
ပဲအရှေ့ပိုင်းတက္ကသိုလ်၏ကျောင်းအရေးကိစ္စများတွင်တက်တက်ကြွကြွပါ
ဝင်သူအဖြစ်ကျောင်းသားကျောင်းသူများကသာမကဆရာဆရာမများနှင့်
ဌာနမှုးများအထိပါမသိသူမရှိပေ။
ကျောင်းအာဏာပိုင်များ၏မတရားစည်းကမ်းကြောင့်ကျောင်းထုတ်ခံရသော၊
ကျောင်းနားခံရသောကျောင်းသားကျောင်းသူများကိုသူကဦးဆောင်ရ်ျစိတ်
ရောကိုယ်ပါသိသိမသိသိလိုက်ပါဆောင်ရွက်ပေးလေ့ရှိခြင်းကြောင့်တ
ကျောင်းလုံးရှိကျောင်းသားကျောင်းသူများ၏ရိုသေလေးစားမှုကိုအခံရဆုံး
သောကျောင်းသားတဦးလည်းဖြစ်သည်။ကျောင်းအာဏာပိုင်များနှင့်မကြာ
ခဏပြသနာတက်လေ့ရှိသောသူ့အားမြို့နယ်မှထောက်လှမ်းရေးများကသ
တိထားမိလာချိန်တွင်တော့သူ့နောက်မှအရိပ်လိုတကောက်ပါအောင်လိုက်ပါ
တော့သည်။သူ့ခြေလှမ်းအမှားကိုကျားချောင်းချောင်းနေသောထောက်လှမ်း
ရေးများကတကြိမ်တွင်မတော့ကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းရန်အထက်
ဗမာပြည်မှကျောင်းသားကိုယ်စားလှယ်တစ်ဦးနှင့်ဆက်သွယ်ကြိုးပမ်းနေခြင်း
အားစုံစမ်းသိရှိသွားတော့သည်။
ထို့နောက်(၂၀၀၃)ခုနှစ်စက်တင်ဘာလတွင်မတရားအသင်းဖွဲ့စည်းတည်
ထောင်ရန်ကြိုးစားမှု၊နိုင်ငံတော်ပုန်ကန်မှုစသည့်အမှုပေါင်းများစွာနှင့်ထောက်
လှမ်းရေးမှဖမ်းဆီးတော့သည်။သူ့ကိုဖမ်းဆီးတော့မည်ကိုကြိုသိနေသော်လည်း
ထွက်မပြေးပဲရဲဘော်ရဲဘက်များနှင့်တွေ့ဆုံပြီးမှာကြားသင့်သည်များမှာကြားသွား
ခဲ့သေးသည်။သူအဖမ်းမခံရသေးမီဖမ်းတော့မည်ဟုသတင်းထွက်နေစဉ်ကာလ
ကတည်းကအိမ်ကိုမပြန်တော့ပဲသူငယ်ချင်းတယောက်အိမ်တွင်နေထိုင်ရင်းလုပ်
ဆောင်စရာရှိသည်များကိုပြီးပြတ်သွားအောင်လုပ်ဆောင်ခဲ့သောအာဂလူတော်
တယောက်ဖြစ်သည်။အဖမ်းခံရမည့်ညက၄င်းသူငယ်ချင်းအိမ်မှညနှစ်နာရီထိုး
ကြီးတွင်အားလုံးဝိုင်းတားနေသည့်ကြားမှအမေ့ကိုစိတ်ပူလို့ဟုပြောပြီးထွက်
သွားခဲ့သည်။
ထောက်လှမ်းရေးမှထိုညခုနှစ်နာရီခန့်ကပင်သူ့အိမ်ဝန်းကျင်တွင်ကင်းပုန်းဝပ်
နေရာယူပြီးဖမ်းဆီးရန်စောင့်နေခဲ့သဖြင့်“ဒီညသားအိမ်ပြန်မလာပါစေနှင့်”ဟု
ထိုင်ဆုတောင်းနေခဲ့သောသူ့မိခင်၏ဆုတောင်းကားမပြည့်ခဲ့ရှာပေ။အမေကို
စိတ်ပူရ်ျပြန်သွားခဲ့သောအမေချစ်သားတယောက်၊တိုင်းပြည်ကိုချစ်သော
ကျောင်းသားတယောက်မှာကျားပါးစပ်ထက်ဆိုးသောစစ်ထောက်များ၏
လက်အောက်သို့ မတရားသည့် ပုဒ်မများစွာနှင့် ကျရောက်ခဲ့ ရရှာသည်။
အဖမ်းဆီးခံရပြီးရုံးထုတ်ရာတလျှောက်တွင်လည်းယခုကာလကဲ့သို့မီဒီယာ
အားမကောင်းခဲ့ခြင်းကြောင့်မည်သူမျှမသိလိုက်ပါပဲမတရားဖမ်းဆီးထောင်
ချခြင်းကိုခံလိုက်ရသည်။စစ်အစိုးရတရားရုံးမှသူ့အားနိုင်ငံတော်ပုန်ကန်မှု 
၅/ည ဖြင့် တရားစွဲဆိုပြီးထောင်ဒဏ်ခုနှစ်နှစ်ချမှတ်ခဲ့သည်။
ထောင်ချခံရပြီးတနှစ်ကျော်ကာလအတွင်းအင်းစိန်ထောင်အတွင်းနေစဉ်
တလျှောက်လုံးတွင်အကြိမ်ကြိမ်တိုက်ပိတ်ခံခဲ့ရသေးသည်။အမှန်တရား
အတွက်စိတ်ဓါတ်ပြင်းထန်လွန်းသူကိုဝင်းကိုမှာနောက်ဆုံးအကြိမ်တိုက်ပိတ်
ခံရချိန်တွင်အစာငတ်ခံဆန္ဒပြမှုနှင့်ထောင်တွင်းတရားရုံးကနောက်ထပ်၊ထပ်
တိုးထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရပြီးစုစုပေါင်းထောင်ဒဏ်ကိုးနှစ်အပြစ်ပေး
ခံခဲ့ရကာရာသီဥတုကြမ်းတမ်းသောနယ်ထောင်သို့ပြောင်းရွေ့ခြင်းကိုလဲခံခဲ့
ရသည်။မိသားစုမှထောင်ဝင်စာမှန်မှန်တွေ့ခွင့်မရပဲမည်သည့်ထောင်သို့
ပြောင်းရွေ့ခဲ့သည်ကိုလဲမသိခဲ့ရပေ။ကျန်းမာရေးအခြေအနေကောင်းမ
ကောင်းသိဖို့ဝေးစွသူသက်ရှိထင်ရှားရှိနေသေးသည်ကိုသိနေရခြင်းကပင်
အတော်ကံကောင်းသည်ဟုမှတ်ယူရတော့မည့်အနေအထားဖြစ်သည်။
ကိုဝင်းကိုနှင့်အတူအမှုတတွဲတည်းထောင်ချခံရသူများမှာဗ.က.သ(ဗမာ
နိုင်ငံလုံးတဆိုင်ရာကျောင်းသားသမဂ္ဂ)မှကိုနန္ဒာစစ်အောင်တယောက်သာ
စုံစမ်းသိရှိရသည်။အဖမ်းခံရစဉ်ကဘီဘီစီသတင်းကြေငြာချက်တွင်တခေါက်
သာပါဝင်ပြီးနောက်ပိုင်းတွင်အမေ့ ခံဘ၀သို့ ရောက်ရှိသွားတော့ သည်။
ဆဲဗင်းဂျူလိုင်(7)julyအရေးအခင်းကိုနားထောင်သူမျက်ရည်ဝွဲလောက်
အောင်ပြောတတ်သူ၊ဗိုလ်ချုပ်အောင်ဆန်းနှင့်ချေဂွေဗားရားကိုအားကျသူ၊
ဒေါ်အောင်ဆန်းစုကြည်အားအန်တီစု၊အန်တီစုနှင့်လေးစားချစ်ခင်သ၊ူ
သမဂ္ဂစိတ်ဓါတ်အပြည့်ရှိသူကျောင်းသားတဦးမှာမြန်မာပြည်ရှိထောင်များ
ထဲမှထောင်တွင်းတနေရာတွင်အမေ့ခံဘ၀ဖြင့်မတရားမှုအားဆက်လက်
တွန်းလှန်နေသေးကြောင်း……….
(က်ျစာစုဖြင့်အမေ့ခံဘ၀နှင့်ပေးဆပ်ခဲ့ကြသောအညတရသူရဲကောင်း
များအားဦးညွှတ်ပါသည်)


Monday, September 28, 2009

စာရွက်ပေါ်မှသည် လက်တွေ့ တိုက်ပွဲဆီသို့ 


မင်းသွေးသစ်(၂၀၀၇)
(၂၀၀ရ)မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
28.9.09 (2:59)AM

ဤစာစုလေးကိုမဖတ်ခင် ပထမဆုံးကြိုတင်အသိပေးထားချင်တာကတော့ ဤစာစုဟာ မည်သူ တဦးတယောက် တဖွဲ့ကိုမှ ရည်ရွယ်ရေးထားခြင်းမဟုတ်ပဲမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် အုတ်တချပ် သဲတပွင့်ဖြစ်လျှင်ပင် ရေးရကျိုးနပ်ပြီဟူသော စေတနာသန့်သန့်ဖြင့်သာ ရေးသားခြင်းဖြစ်ကြောင်းကြိုတင် အသိပေးလိုပါသည်။

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လျှင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများအကြား စစ်အစိုးရ၏(၂၀၁၀) ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေး ကွဲပြားနေသကဲ့သို့ အယူအဆရေးရာတွင်လည်း ပူးသတ်မည့်အယူအဆ နှင့် မပူးပေါင်းပဲ လုံးဝ ဆန့်ကျင်ရေး အယူအဆဟူ၍ကွဲပြားနေကြသည်။ ၄င်းအကွဲအပြဲအတွင်းတွင် အပစ်အခတ်ရပ်ထားသော ငြိမ်းအဖွဲ့များနှင့် ပြည်သူလူထုမှာေ၀၀ါးသောလမ်းကြောင်းပေါ်သို့ရောက်မှန်းမသိရောက်ကုန်ကြပြီဖြစ်သည်။

ထိုအနေအထားတွင်ပင်(၁၉၉၀)ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့သောအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်းရှေ့လာမည့် တနှစ်အတွင်း ပြည်သူကိုဦးဆောင်၍ လျှောက်လှမ်းရမည့်နိုင်ငံရေးခရီးကြမ်းကြီးအတွက် အဖက်ဖက်မှထိုးနှက်ခံထားရသော ဒဏ်ရာဒဏ်ချက်များစွာကြောင့် များစွာရင်လေးဖွယ်ရာအနေအထားပင်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်ပနိုင်ငံရေး အင်အားအများစုများမှာ ညီညွှတ်နေရမည့်အစား အချင်းချင်းလက်ညှိုးထိုး၍ ငယ်ကျိုးငယ်နာဖော်နေကြသည့်သံသရာမှ ရုန်း မထွက်နိုင်သေးပဲ နစ်ပြီးရင်းနစ်နေကြသည်ကိုစိတ်မကောင်းစွာတွေ့ရှိနေရပေသည်။ တိုင်းပြည်ချောက်ကမ်းပါးကျတော့မည့် အနေအထားတွင်ကယ်တင်နိုင်မည့်ခေါင်းဆောင်ပေါ်ထွက်လာနိုင်မည့်အရေးမှာလဲ လူ့ပြည်မှ အပ်တစင်းနှင့် ဗြဟ္မာပြည်မှ အပ် တစင်း တွေ့ဆုံရေးခက်ခဲသလိုခက်ခဲနေပေသည်။

အဘယ့်ကြောင့် ယခုလိုအခြေအနေထိ ဖြစ်ခဲ့သနည်း။ အမေးရှိကအဖြေရှိရပေမည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံ ရေးအင်အားစုများဖြိုခွဲမခံရသေးမှီအချိန်က ပြည်သူတို့ကိုယ်တိုင်မသိလိုက်မသိဘာသာနေလိုက်ခြင်းက ပထမဆုံးအမှား ဖြစ် လျှင် တဗိုလ်ကျတဗိုလ်တက်စနစ်ကို အကောင်အထည်ဖော်မှုနည်းပါးစွာပင် အရာရာတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာအားကိုးနေကြခြင်းသည်ဒုတိယအမှားဟုဆိုလျှင်လွန်အံ့မထင်ပါ။ တတိယနှင့်အကြီးကျယ်ဆုံးသောအမှားမှာ အဖွဲ့အ စည်းအသီးသီးရှိနိုင်ငံရေးအင်အားစုများကို ဦးဆောင်နေကြသောဝါရင့်နိုင်ငံရေးသမားကြီးများသည် မျိုးဆက်သစ် ခေါင်းဆောင် များ မွေးမထုတ်ပေးနိုင်ခြင်းနှင့် မိမိတို့အတွေ့အကြုံများကို လူငယ်များအားမျှဝေပေးရန်ပျက်ကွက်ခဲ့ခြင်းပင်ဖြစ်သည်။ ဤ အယူ အဆကိုစောဒတက်လိုကတက်နိုင်သော်လည်း လူတိုင်းလူတိုင်းအမှားမကင်းခဲ့၍သာ ယခုလိုအနေအထားထိ ရောက်ရှိခဲ့သည် မှာငြင်း၍မရသောအမှန်တရားဖြစ်သည်။

အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေပါသည်ဆိုသော ဒီမိုကရေစီအင်အားစုများသည်မိမိတို့အမှားအတွက် အမိ မြန်မာပြည်ကိုအခြားသူများထက် ပိုမိုပေးဆပ်သင့်လှသည်။ လူထုခေါင်းဆောင်အကျယ်ချုပ်ကျနေခြင်းကို ဆယ်စုနှစ်တခု ကျော်ကြာ အထူးအလေးအနက်မထားခဲ့ပါပဲ ထောင်ချခံရမည့်ဆဲဆဲတွင်မှ အိပ်နေရာမှလှုပ်နှိုးခံလိုက်ရသလို သတိဝင်လာခြင်း မှာ တိုင်းပြည်အတွက်များစွာနစ်နာလှပေသည်။

ကြေငြာချက်ထုတ်ရုံ၊မြန်မာသံရုံးရှေ့ဆန္ဒပြရုံ၊ ကန်ပိန်းလုပ်ရုံဖြင့်သာ န.အ.ဖကိုဖြုတ်ချနိုင်မည်ဆိုပါက ရှေးမဆွကတည်းကပင် ပြည်သူများတက်ကြွစွာပါဝင်လာပေမည်။ ထိရောက်မှုနှင့်တန်ပြန်ထိရောက်မှုမညီမျှ၍သာ ပြည်သူပါဝင်လာမှုမရှိသည်ကို သတိမပြုမိခဲ့ကြခြင်းပေလော..။သတိမပြုမိချင်ယောင်ဆောင်ခဲ့ကြခြင်းပေလော။
န.အ.ဖ

ပြုတ်ကျလျှင်ထောက်ပံ့ကြေးမရတော့ မည့်အရေး တွေးပူ၍ ကျောက်ဆောင်ကို လေနှင့်သာ မှုတ်ခဲ့ကြခြင်းပေလော..။ မည်သို့ပင်ဆိုစေ သွေးစည်းကြရတော့မည့် အခြေအနေတွင် တိုင်းပြည်ချောက်ကမ်းပါးရောက်အောင်တွန်းပို့ပေးနေသော မည်သည့်အလုပ်ကိုမဆို မိမိတို့ရပ်တန့်ရတော့ မည်ဖြစ်သည်။ ညီညွှတ်ရေးအတွက် လိုအပ်ချက်များကိုမဖြစ်မနေ အကောင်အထည်ဖော်ရတော့မည်ဖြစ်သည်။ ဖက်ဆစ်စနစ် တိုက်ဖျက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများက ဖ.ဆ.ပ.လအဖွဲ့ချုပ်ကြီးကို အဖွဲ့အစည်း ပေါင်းစုံဖြင့်ညီညွှတ်စွာဖွဲ့စည်းခဲ့ကြသလို ယနေ့အချိန်အခါတွင်လည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တခုတည်း သော အဖွဲ့အစည်းကြီးတခု တည်ထောင်ရန်မှာ တိုင်းပြည်လိုအပ်ချက်ကို သိနားလည်သောခေါင်းဆောင်ကောင်းတို့၏ တာဝန်ပင်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည်လည်း ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကို သင်ခန်းစာယူ၍မိမိတို့အလှည့် ကျလာ မည့်အချိန်ကိုစောင့်မနေသင့်တော့ပဲ အချိန်မီ တခုတည်းသောလက်နက်ကိုင်မဟာမိတ်တပ်ပေါင်းစုကြီးကို ဖွဲ့စည်းရမည့် အချိန် ရောက်ရှိနေပြီဖြစ်သည်။ အဖွဲ့အစည်းအသီးသီး၏ လူမျိုးစွဲ၊၀ါဒစွဲများနှင့်ပုဂ္ဂိုလ်ရေးမာနများကို ခ၀ါချ၍အချင်းချင်း ယုံကြည်ချက် တည်ဆောက်ရေးသည်အလိုအပ်ဆုံးနှင့်အဖြစ်သင့်ဆုံးသောအလုပ်သာဖြစ်သည်။ အစွယ်ထုတ်ပြပြီးတာတောင် ကျားဟု မမြင် သေးပါက မိမိတို့လောက်ညံ့သောသူကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။

န.အ.ဖသည် ပညာရှိနည်းနှင့်ဆုံးမ၍မရသောအစိုးရဖြစ်ကြောင်းကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီးဖြစ် သည်။ ယခုအချိန်ထိအစိုးရကိုနားချ၍ ရနိုင်လောက်သည်ထင်ပြီး န.အ.ဖနှင့်အပေးအယူလုပ်ချင်နေသေးသည့် လူမိုက်များ အတွက်အချိန်ကုန်ခံမနေပဲပြည်သူများနားမယောင်စေရန်အတွက် မိမိတို့ဘက်မှတိကျသည့်လမ်းကြောင်း၊ ခိုင်မာသည့်အဖွဲ့ အစည်း ချပြနိုင်မှသာ လျှင်ပြည်သူတို့၏ ယုံကြည်ကိုးစားပါဝင်လာခြင်းကိုမြင်တွေ့ရပေမည်။ ဓားလိုအပ်နေချိန်တွင် ဓားမပေးပဲ ရေကြည်ကမ်းနေမိသည့် မိမိတို့အဖြစ်ကို အမြန်သတိပြုမပြီး ပြုပြင်နိုင်မှသာ အမိမြန်မာပြည်ကြီးကံဆိုးမိုးမှောင်ကျတော့မည့် အရေးမှ နိုင်ငံ့သားကောင်းပီသစွာကယ်တင်နိုင်ပေမည်။ ကျောက်ဆောင်ဖြို့မည့်သူသည် ကျောက်စောင်းရှမှာလောက်တော့ ဖြုံမနေသည့်စိတ်ဓာတ်ထားရှိရပေမည်။

သမိုင်းသည်မိမိတို့လက်ထဲတွင်ရှိသည်။ အလှည့်အပြောင်းသည်ဆုံးဖြတ်ချလိုက်သည့် အချိန်ပိုင်းကလေးပင်ဖြစ်သည်။ ကျွန်ုပ် တို့၏မျိုးဆက်သွေး ကလေးငယ်များကို စာသင်ခန်းထဲတွင်ကမ္ဘာ့အဆင့်မီပညာများကို သင်ကြားခိုင်းမည်လော.. လမ်းများပေါ် တွင်တောင်းစားခိုင်းမည်လော..။ကျွန်ုပ်တို့၏အမျိုးသမီးငယ်များကို တင့်တယ်မှုအပေါင်းနှင့်ကမ္ဘာ့အလယ်တွင်ဝင့်ထည်စေမည် လော…တခြားနိုင်ငံများ၏ပြည့်တန်ဆာတန်းသို့ပို့ပစ်ကြမည်လော…။
အမိမြန်မာပြည်ကြီး၏အနာဂါတ်အကောင်းအဆိုးမှာ သင့် လက်ထဲတွင်ရှိသည်။
တွေဝေနေပါက အဖိုးတန်အခွင့်အရေးများဆုံးရှုံးတော့မည်။
မည်သူမှာမှအသက်အပိုမပါပါ။ခေါင်းတလုံး အပိုမပါပါ။ အမေမွေးသည့်အသက် တိုင်းပြည်အတွက်ပေးဆပ်ပါက မိခင်များမွေးရကျိုးနပ်လှမည်။
ဓားကိုင်မှကြောက်မည့် လူမျိုးသည်၊တရားထိုင်နေရုံနှင့်တော့
ပြောင်းလဲမလာပေ။

“ မြန်မာပြည်အနှံ့အပြားတွင်စစ်မောင်းသံကြားပါကခွာရှပ်နေသော
စစ်မြင်းများ၊များစွာရှိသည်။တိုက်ပွဲခေါ်သံကိုငံ့လင့်နေသော
ပြည်သူများရှိသည်။တွေဝေခြင်းသည်ဆုံးရှုံးခြင်း၏အစဖြစ်သည်။
မိမိတို့အားလုံးစာရွက်ပေါ်မှစကားလုံးများကိုလမ်းမများပေါ်မှ
တိုက်ပွဲများအဖြစ်အသွင်ပြောင်းပစ်ရမည်။ ”

ကျွန်ုပ်တို့ကိုးကွယ်အားထားသော ဗုဒ္ဓကိုယ်တော်တိုင်နန္ဒာပနန္ဒနဂါးမင်းအား အင်အားသုံးဦးနှိမ်ပြီးပါမ တရားစကားမြွက်ကြား သောသာဓကရှိသည်။ လူရိုင်းများရှေ့မေတ္တာ စကားပြောကြားနေပါကသင်သာလျှင် ဆုံးရှုံးခြင်းကြီးလိမ့်မည်။ တတိုင်းပြည်လုံး ၏ညီညွှတ်ရေးကိုအကောင်အထည်ဖော်ရင်း သင်သည်လည်းတိုင်းပြည်အတွက် “ဓါးကောင်းတလက်ဖြစ်ပါစေ….”


ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးခဲ့ကြသောရဟန်းရှင်လူ၊ကျောင်းသားပြည်သူများအားဦးညွှတ်ပါသည်။

Wednesday, September 23, 2009

သမိုင်းပေးတာဝန်ကျေပြွန်ကြပါစို့


မြန်မာပြည်တွင် ၁၉၈၈-ခုနှစ် မတ်လမှာ အင်းစိန်မြို့ ကြို့ကုန်းရပ်ကွက်ထဲကလဘက်ရည်ဆိုင် လေး အတွင်း…. အာဏာပိုင် ဥက္ကဋ္ဌဆိုတဲ့ လူကြီး သားရဲ့ ဥပဒေမဲ့ ရမ်းကားမှု-အာဏာပိုင်တွေ ရဲ့ လူကြီးသား ဖြစ်လို့ ဥပဒေ လမ်းကြောင်းအရ အရေးမယူပဲ နစ်နာခဲ့တဲ့ ကျောင်းသားများ၏

တောင်းဆိုမှုကို လက်မခံပဲ လက်နက်အားကိုးနဲ့ ဖြေရှင်းခဲ့တဲ့အတွက် ကျောင်းသား ကိုဖုန်းမော်

အသက်သေဆုံးခဲ့ရပြီး ကျောင်းသားများလဲ ဒဏ်ရာများ ရရှိခဲ့မှုတွေကြောင့်-- မဟုတ်လျှင် မခံ တတ်တဲ့ စိတ်ဓာတ် မတရားမှုများကို ရွံရှာမုန်းတီးတတ်တဲ့ စိတ်ဓာတ်တွေရှိကြတဲ့ အစဉ်အလာ

အတိုင်း စက်မှုတက္ကသိုလ်ကျောင်းသားတို့ရဲ့ မခံမရပ်နိုင်အောင် ပေါက်ကွဲမှုတွေကနေ တဆင့်

ကျောင်းသားပြည်သူ ရဟန်းသံဃာ တပ်မတော်သားများနှင့် ဝန်ထမ်းပေါင်းစုံအထိ တနိုင်ငံလုံး

ပြန့်နှံ့ကာ ဆန္ဒပြတောင်းဆိုမှုများကြောင့် ၁၉၆၂-ခုထဲက (၂၆)နှစ်တိုင်တိုင် စစ်အာဏာရှင်ကြီး ဦးနေဝင်းရဲ့ လက်အောက်မှာ ပြာဖုံးပြီး ငုံ့ရှိုး နေခဲ့ကြတဲ့ ပြည်သူလူထုရဲ့တော်လှန်ရေး စိတ် ဓာတ် တွေဟာ နိုးကြား ရှင်သန်လာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနေ့ကို (၈၈၈၈) ရှစ်လေးလုံးဆိုပြီး မြန်မာပြည်မှာရော ကမ္ဘာမှာပါ ယနေ့ အချိန် အ

ထိ သမိုင်းတွင်တဲ့ တော်လှန်ရေးတရပ်အဖြစ် ဖြစ်တည်နေတယ်လေ။

ဒီ (၈၈)တော်လှန်ရေးကြီးအတွင်းမှာ ကျောင်းသားတွေနှင့် ရဟန်းရှင်လူ ပြည်သူတွေရဲ့

ဘဝတွေ ချွေးတွေ သွေးတွေ အသက်ပေါင်းများစွာတွေ စတေးခဲ့ရ ပေးဆပ်ခဲ့ရပြီး(၂၆)နှစ်တိုင်

အုပ်စိုးလာခဲ့တဲ့ ဦးနေဝင်းရဲ့ စစ်အာဏာရှင် အုပ်စိုးမှု မဟာဗျူဟာကြီးလဲ ပြိုကွဲခဲ့တယ်။

ဒီလို အာဏာရှင် ဦးနေဝင်းရဲ့ စစ်အာဏာရှင် စနစ်ကြီး ပြိုလဲခဲ့ရတာဟာ ကျောင်းသား

ထုနဲ့ အလွှာစုံက ပြည်သူတွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တပ်မတော်သားတွေ သံဃာတော်အ

ရှင်မြတ်တွေရဲ့ စည်းလုံးမှု လက်တွဲညီညီ တိုက်ပွဲဝင်တော်လှန်ခဲ့ကြလို့ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်ရဲ့ ဒုတိယအကြိမ် တော်လှန်ရေးသမိုင်းသစ်ကို ဖွင့်လှစ်ပေးခဲ့တာ

ဟာ (၈၈)ခုနှစ်ရဲ့ ကျောင်းသားထုပါ။

ဒါပေမဲ့ စစ်အာဏာရှင် စနစ်ဟာ အမြစ်မပြတ်ပဲ ပြန်လည် ရှင်သန်လာခဲ့သလို (၈၈)ရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေကလဲ လက်ရှိအချိန်အထိ ရှင်သန်နေကြဆဲပါ။

(၈၈)မှာ ပေးဆပ်ခဲ့ရတဲ့ ကတ္တရာလမ်းပေါ်က သွေးစက်တွေဟာ ခြောက်သွေ့ အေးစက်မနေ

ခဲ့ပဲ ကြားကာလတွေ တလျှောက်လုံး အခြေနေပေးရင် ပေးသလို တိုက်ပွဲတွေ ဆင်နွှဲရင်း ဆက်

နွယ် စီးဆင်း လာခဲ့တာဟာ ဆိုရင် တံတားဖြူက တံတားနီ ဖြစ်ခဲ့သလို- မည်းနက်တဲ့ ကတ္တရာ

လမ်းတွေက ကတ္တရာနီဖြစ်ခဲ့ရတဲ့ အကြိမ်တွေ- သံဃာတော်တွေရဲ့ လှန်ဖုံးထားတဲ့သပိတ်တွေ

ကို မှောက်ခဲ့ရတဲ့အကြိမ်တွေနဲ့ သွေးနီတွေလွှမ်းပြီး မျိုးဆက်သစ်တွေက သမိုင်း မပြတ်အောင်

ဝိုင်းဆက်ခဲ့တယ်ဆိုတာ စက်တင်ဘာက သက်သေ ထပ်ထူလိုက်ပါတယ်။

ဒီသမိုင်းတွေကို မိုက်ရိုင်းစွာ ပုံဖော် တုန့်ပြန်ပြီး ငြိမ်ပိ ငုတ်ရှိုးစေနေတာကတော့ စစ်အာ

ဏာရှင်တွေနဲ့ နောက်လိုက်ခွေး လက်ပါးစေတွေပါပဲ။ ဒါပေမယ့် အမှန်တရား လိုလားတဲ့ သူရဲ

ကောင်း အာဇာနည်မျိုးဆိုတာ ဘယ်တော့မှ သေရိုးထုံးစံ မရှိပါဘူး။

ကျောင်းသားပြည်သူ ရဟန်းသံဃာတွေရဲ့သွေးစက်တွေဟာ ကတ္တရာလမ်းတွေပေါ်မှာ

နာကျင်စွာ မှေးစက်ရင်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ရင်ထဲ နှလုံသားတွေထဲကို စီး

ဆင်းပြီး နိုးကြားနေဆဲပါ။ ဒီသွေးတွေရဲ့သမိုင်းကြွေးတွေကို ဆပ်ဖို့ သမိုင်းပေးတာဝန်ကို ကျေ

ပြွန်စွာ လက်ဆင့်ကမ်း ထမ်းရွက်ဖို့ဆိုတာ -- လက်ရှိ လွတ်လပ်မှုကို မြတ်နိုးသူ ကျောင်းသား

ပြည်သူ ရဟန်းသံဃာတွေရဲ့ တာဝန်ပါ။

လက်ရှိကျန်နေသူတွေက တာဝန်မကျေကြဘူးဆိုရင်တော့… ပြည်သူတွေရဲ့လွတ်လပ်မှု တွေ.. ဒီမိုကရေစီရဲ့ အရသာတွေ.ခံစားနေပုံကို မျှော်လင့် စောင့်ကြည့်နေမယ့် ပေတရာပေါ်က

သွေးစက်တွေရဲ့ ဝိညာဉ်တွေက သင်တို့ကို ကျိန်ဆဲနေမလား ကဲ့ရဲ့လေမလားဆိုတာ…..

ဒါကြောင့် (၈၈) ရဲ့ စာတင် သမိုင်းကို ရာဇဝင် မရိုင်းရလေအောင် လက်တွဲညီညီနဲ့ အာ ဏာရှင် စနစ် အမြစ်ပြတ်အောင် တော်လှန် တိုက်ပွဲဝင်ကြပါစို့ ….။



မြတ်နိုး(B.S.R.O)

Friday, September 11, 2009

Yangon Football Club ကို ဆန့်ကျင်ကြပါ။

Air Bagan တေဇ ကတော့ သူ့ရဲ့ Yangon Football Club ကို ပွဲထုတ်ပြီး ဘောလုံးချစ်သူတွေကို စည်းရုံးနေတာ ကြားလိုက်ရပါတယ်။ ငွေတွေအများကြီးအကုန်ကျခံပြီး တစ်ပွဲပြီးတစ်ပွဲ လုပ်ပေးနေတာကို မြန်မာဘောလုံးပရိသတ်ကြီးလဲ နှစ်သက်နေမိမယ်ထင်ပါတယ်။ အားကစားကိုမြှောက်စားတာဟာကောင်းပါတယ်။ အပေါ်ယံကြည့်ရင် ဒါဟာဘယ်သူမှ မထိခိုက်ဘဲ ပျော်စရာကိစ္စလို့ ယူဆမိကြပါလိမ့်မယ်။
ဒါပေမယ့် ခပ်နက်နက်လေး တွေးကြည့်ရအောင်ပါ….
ဿ။ တေဇဘယ်သူလဲ ……ဘာတွေလုပ်ခဲ့သလဲ……..
ဝ။ ဒီဘောလုံးပွဲတွေအတွက် ဗရမ်းဗတာပုံအောသုံးနေတဲ့ငွေတွေက ဘယ်သူ့ငွေတွေလဲ ……
၁။ ဒီအတွက် တစ်ယောက်ယောက်နစ်နာနေပြီလား ……..
တေဇဆိုတာ ပြည်သူသန်း ၅ှ လုံးရဲ့ အမွေဆိုင်ဖြစ်တဲ့ မြန်မာ့သယံဇာတအရင်းအမြစ်တွေ၊ ရပိုင်ခွင့်တွေကို အပိုင်စီးပြီး အရင်းအနှီး လုပ် စီးပွားရှာနေတဲ့သူပါ။ သူတစ်ဦးထဲကောင်းစားရေးတင်မကဘဲ စစ်အာဏာရှင်တွေအတွက်ပါ တိုင်းပြည်ကို ပြိုင်ဘက်မရှိရောင်း စားနေတဲ့သူပါ။ ပြည်သူကိုအနိုင်ကျင့်၊ သာသနာစော်ကား၊ လူကောင်းတွေ ထောင်ချတဲ့ စနစ်ကို အသက်ဆက် ပေးနေတာ တေဇပါ။ စစ်အာဏာရှင်တစုအတွက် တိုင်းပြည်ကို ရောင်းစားနေတာ တေဇပါ။
နိုင်ငံခြားက သူတင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကနေ တိုင်းပြည်အတွက်အခွန်မရပါဘူး၊ သူတို့ရဲ့ ကြီးမားတဲ့အမြတ်အစွန်းတွေဆီက တိုင်းပြည်အတွက် အမြတ်ခွန်မရပါဘူး။ တကယ်ဆိုရင် ဒီအခွန်အခတွေကောက်ပြီး ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ှန်ထမ်းလခ၊ လျှပ်စစ်မီး၊ စည်ပင်သာယာရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး တွေမှာ သုံးစွဲရမှာပါ။ တိုတိုပြောရရင်တော့ ဆင်းရဲတဲ့ပြည်သူတွေအတွကှ်န်ဆောင်မှုပေးရမယ့် သန်းထောင်ချီတဲ့ငွေတွေ လစဉ်သူတို့အိတ်ထှဲင်သွားတာပါပဲ။ ပြည်သူတွေမှာတော့ ဒှီန်ဆောင်မှုတွေမရဘဲ နေရာတကာကိုယ့်အိတ်ထဲက စိုက်သုံးနေရပါတယ်။ မြန်မာတွေ နှစ်ခါနာနေမှန်းမသိကြတာ ရင်နင့်စရာပါ။
ဒီဘောလုံးပွဲတွေ၊ အတာသင်္ကြန်ပွဲတွေမှာ တေဇသုံးဖြုန်းနေတဲ့ငွေတွေဟာ ပြည်သူသန်း ၅ှ ရဲ့သွေးချွေးတွေပါ။ ရက်ရောတယ်လို့ အထင်မစောပါနဲ့။ ဒီငွေပမာဏဟာလဲ သူတို့သားသမီးတွေရဲ့ မုန့်ဖိုးလောက်ပဲရှိပါတယ်။ အားလုံးကို ရိုက်စားလုပ်သွားပြီး ဘောလုံးပွဲလေးနဲ့ အချိုသတ်တာကို ပျော့သွားမယ်ဆိုရင်တော့ ရှက်စရာကောင်းမှာပါ။
လူတစ်ဦးအနေနဲ့ တေဇဟာယဉ်ကျေးသူ၊ ခင်တတ်သူဖြစ်ချင်လဲဖြစ်မယ်။ ဒါပေမယ့် သူနဲ့သူ့အပေါင်းပါစစ်အုပ်စုရဲ့ စနစ်ဟာ ဂုတ်သွေး စုတ်၊ အနိုင်ကျင့်တဲ့စနစ် ဖြစ်နေပါတယ်။ Person (လူ) နဲ့ System (စနစ်) ကို ခွဲခြားမြင်ကြဖို့လိုပါတယ်။ ဥပမာ - ဗိုလ်ချုပ် အောင်ဆန်း၊ ဂန္ဒီတို့ အင်္ဂလိပ်ကို ဆန့်ကျင်တာဟာ သူတို့လူမျိုးတွေကို ဆန့်ကျင်ခဲ့တာမဟုတ်ပါဘူး။ မတရားတဲ့စနစ်ကို ဆန့်ကျင်ခဲ့ ကြတာပါ။ အခုလဲ မတရားတဲ့စနစ်ဆိုးရဲ့ ဦးဆောင်သူတွေကို အနုနည်းနဲ့ဆန့်ကျင်ဖို့ အခွင့်အရေးပေါ်လာပါပြီ။
ဘောလုံးပွဲသွားအားမပေးတဲ့အမှုနဲ့ ထောင်မကျနိုင်ပါ၊ ဘောလုံးပွဲသွားမကြည့်လို့ အသက်တရက်တိုမသွားပါ။ ဘောလုံးပွဲမသွားလို့ စွမ်းအားရှင်တွေလာမရိုက်ပါ။ သေနတ်နဲ့ အပစ်မခံရနိုင်ပါ။
သံဃာတော်တွေ၊ ကျောင်းသားတွေ သတ္တိရှိရှိလုပ်ခဲ့သလို အသက်စွန့်ပြီးဆန္ဒပြဖို့ တိုက်တွန်းနေတာမဟုတ်ပါ။
Yangon Football Club ကို ဆန့်ကျင်ကြပါ။
Yangon Football Club ကန်တဲ့ပွဲတွေကို အားမပေးကြပါနဲ့။

Friday, September 4, 2009

ဗိုလ်ချုပ်ရဲ့ဘ၀အကျဉ်းချုပ်


ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀သမိုင်းအကျဉ်းချုပ်


၁၉၁၅ ဖေဖော်ဝါရီ ၁၃ - မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မွေးဖွားခဲ့သည်။

၁၉၃၂ - မက်ထရစ်စာမေးပွဲကို မြန်မာနှင့် ပါဋ္ဋိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

၁၉၃၅ မှ ၁၉၃၈ - ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အမှုဆောင်အဖြစ် အရွေးခံခဲ့ရသည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေ မဂ္ဂဇင်း၏ အယ်ဒီတာ ဖြစ်လာခဲ့သည်။

၁၉၃၈ အောက်တိုဘာ - တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီး သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။

၁၉၃၈ မှ ၁၉၃၉ - ၁၃၀၀ပြည့် အရေးတော်ပုံကို ကူညီအားပေးခဲ့သည်။

၁၉၃၈ မှ ၁၉၄၀ သြဂုတ် - တို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃၉ - မော်လမြိုင်တွင် ကျင်းပခဲ့သော တို့ဗမာအစည်းအရုံး ညီလာခံတွင် စစ်အတွင်း ဗြိတိသျှကို မကူညီရေး အဆိုကို တင်သွားခဲ့သည်။

၁၉၄၀ - ဗြိတိသျှ အစိုးရ၏ ဖမ်းဆီးအမိန့်ကြောင့် မြေအောက်လှုပ်ရှားမှုအတွက် ပုန်းနေခဲ့သည်။

၁၉၄၀ သြဂုတ် ၈ - တရုတ်နိုင်ငံ အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။ ထို့နောက် ဆက်လက်၍ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာခဲ့သည်။

၁၉၄၁ မတ်လ ၃ - မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့သည်။ ဂျပန်နိုင်ငံမှ ငွေကြေးနှင့် လက်နက် အထောက်အပံ့များ ရခဲ့သည်။

၁၉၄၁ - ရဲဘော် သုံးကျိပ်နှင့် ဂျပန်ပြည်သို့ ထွက်ခွာခဲ့သည်။ ဟိုင်နန်ကျွန်းတွင်ရဲဘော်သုံးကျ
ိပ်ကို ခေါင်းဆောင်၍ စစ်ပညာသင်ယူခဲ့သည်။

၁၉၄၁ ဒီဇင်ဘာ ၂၆ - ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို ဖွဲ့စည်းခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့သည်။

၁၉၄၂ မတ် - ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ခေါင်းဆောင်ကာ ဂျပန်နှင့်အတူ မြန်မာနိုင်ငံကို ချီတက် တိုက်ခိုက်ခဲ့သည်။

၁၉၄၂ မတ် ၈ - ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။

၁၉၄၂ ဇူလိုင် - ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို ဗမာ့ကာကွယ်ရေး တပ်မတော် ဘီဒီအေ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၁၉၄၂ စက်တင်ဘာ ၈ - ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။

၁၉၄၃ မတ် - ဘီဒီအေ၏ ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။

၁၉၄၃ သြဂုတ် ၁ - ဂျပန် အစိုးရက မြန်မာနိုင်ငံကို ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက ကာကွယ်ရေး ၀န်ကြီး ဖြစ်လာခဲ့သည်။

၁၉၄၃ - ဘီဒီအေကို ဗမာ့အမျိုးသားတပ်မတော် ဘီအန်အေ အဖြစ် အမည်ပြောင်းခဲ့သည်။

၁၉၄၄ သြဂုတ် - ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ချုပ်ကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။

၁၉၄၅ မတ် ၂၇ - ဗမာ့တပ်မတော်ကို ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။

၁၉၄၅ သြဂုတ် - ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ကို ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့သို့ အမည်ပြောင်းခဲ့သည်။

၁၉၄၅ - ဘီအန်အေကို ပီဘီအက်ဖ် မျိုးချစ် ဗမာ့တပ်မတော်အဖြစ် အမည်ပြောင်းခဲ့သည်။

၁၉၄၆ ဇန်န၀ါရီ - ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး၏ ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။

၁၉၄၆ စက်တင်ဘာ - အစိုးရ၀န်ကြီးများအဖွဲ့၏ ဒုဥက္ကဌ နှင့် ပြည်ပဆက်ဆံရေးတာဝန်များ ယူခဲ့သည်။

၁၉၄၇ ဇန်န၀ါရီ ၂၇ - အောင်ဆန်းအက်တလီစာချုပ် ချုပ်ပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် ကတိရခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ - ပင်လုံစာချုပ် ချုပ်ဆိုပြီး တိုင်းရင်းသားများ၏ စည်းလုံးမှုနှင့် လွတ်လပ်ရေးကို ပြည်နယ်ပြည်မ မခွဲခြားပဲ လိုအပ်ကြောင်း သက်သေပြခဲ့သည်။

၁၉၄၇ ဇွန် ၁၆ - ပထမတိုင်းပြုလွှတ်တော်တွင် အချုပ်အခြာ အာဏာပိုင်သမ္မတ မြန်မာနိုင်ငံတော်ကို ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၃ - မြို့တော်ခန်းမတွင် နောက်ဆုံးမိန့်ခွင်းကို ပြောကြားခဲ့ရာ လူထုကို စည်းကမ်းလိုက်နာရန် မှာကြားခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၉ - ၀န်ကြီးများရုံးတွင် နံနက် ၁၀နာရီ ၃၇ မိနစ်၌ အစည်းအဝေးကျင်းပနေစဉ် ၀န်ကြီးချုပ်ဟောင်း ဦးစော၏ ဦးဆောင်လုပ်ကြံမှုဖြင့် ကျဆုံးခဲ့သည်။