Thursday, November 22, 2012

Fwd: အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/11/17
Subject: အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း
To:


အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း

          ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အိုးဝေပညာဒါနနှင့်စာကြည့်တိုက်တွင် ဗ.က.သ

ကျောင်းသား/ကျောင်းသူများအတွက်အသိပညာဗဟုသုတတိုးပွားစေရန်အပတ်စဉ်စာဖတ်ဝိုင်းများပြုလုပ်နေကြသည်မှာကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်။ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသား/ကျောင်းသူများမှအပတ်စဉ်အပတ်တိုင်း ပညာရေး၊နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုရေးနှင့်သက်ဆိုင်သည့်ခေါင်းစဉ်အမျိုးမျိုးဖြင့်ဆွေးနွေးမှုများပြု

လုပ်ခဲ့ကြပါသည်။ အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါန ၏အပတ်စဉ်စာဖတ်ဝိုင်းများ၏အဓိကရည်ရွယ်ချက်မှာ အ

နာဂါတ်နိုင်ငံတော်ကိုဦးဆောင်မည့်ကျောင်းသား/ကျောင်းသူများ ပညာရေးစနစ်ညံ့ဖျင်းမှု၊သင်ထောက်ကူပစ္စည်း

များမလုံလောက်မှု၊ကျောင်းစာပြင်ပဗဟုသုတများလေ့လာမှုအားနည်းခြင်းစသည့်အချက်များကြောင့် နိုင်ငံတ

ကာကျောင်းသားများနှင့်ယှဉ်လျှင်အရည်အချင်းနိမ့်ကျမှုများလျှော့နည်းလာစေရန်တတ်အားသရွေ့ ထောက်ကူ

ပေးလိုသည့်အတွက်ကြောင့်ယခုကဲ့သို့ စာဖတ်ဝိုင်းများ၊ဆွေးနွေးပွဲများကိုကျောင်းသား/ကျောင်းသူများအတွက်

ပြုလုပ်ပေးနေခြင်းဖြစ်ပါသည်။


Fwd: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/11
Subject: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု
To:


ကချင်ပြည်နယ်ရှိစစ်ဘေးဒါဏ်သင့်ပြည်သူများအတွက် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှ

ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများသီဆို၍အလှူငွေများလိုက်လံကောက်ခံခဲ့ကြပါသည်။

အလှူငွေကောက်ခံမှုကိုသန်လျင်မြို့ နယ်အတွင်းရှိလူစည်ကားသည့်လက်ဖက်ရည်ဆိုင်များ၊စားသောက်

ဆိုင်များနှင့်ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ

ကျောင်းသား(၂၁)ယောက်ဖြင့်လိုက်လံကောက်ခံခဲ့ကြခြင်းဖြစ်ပါသည်။သီချင်းများသီဆိုအလှူခံထွက်ရင်းတပြိုင်နက် (ရတကသ) မှပြည်တွင်းစစ်ရပ်ဆဲ၍ ငြိမ်းချမ်းရေးဖော်ဆောင်ပေးရန်တောင်းဆိုသည့်ကြေငြာချက်များကို

လည်းဖြန့် ဝေခဲ့ကြပါသည်။ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှအလှူခံရရှိသောငွေ

ကျပ်၃၁၀၀၀၀ကျပ်(သုံးသိန်းတစ်သောင်းကျပ်)နှင့်လှူဒါန်းကြမည်ဖြစ်သည်။ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊၀ါး

ခယ်မမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေတစ်သိန်းငါးသောင်း၊ရွှေလောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေလေးသောင်းကျပ် စုစုပေါင်းအလှူငွေငါးသိန်းကျပ်ကို ကချင်ပြည်

နယ်ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂသို့လွဲပြောင်းပေးအပ်ခဲ့ပြီးဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပြီးမှတ်

တမ်းဓာတ်ပုံများ၊အလှူငွေလက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂသို့ ပြန်လည်

ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန်အလို့ ငှာဖော်ပြ

အပ်ပါသည်။လှူဒါန်းခဲ့ကြသောအလှူရှင်များအား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ(ရတကသ)မှ

ကျောင်းသားကျောင်းသူများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးပါသောဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂအားရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှကျေးဇူးအထူးတင်ရှိပါသည်။


Fwd: အမေရိကန်သတင်းထောက်မှအိုးဝေသို့ အင်တာဗျူး



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/11/22
Subject: အမေရိကန်သတင်းထောက်မှအိုးဝေသို့ အင်တာဗျူး
To:


ဗကသများအဖွဲ့ ချုပ်၊ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါနသင်

တန်းကျောင်းသို့  အမေရိကန်သမ္မတအိုဘားမား၏ခရီးစဉ်အတွက်ဗမာနိုင်ငံသို့ လိုက်ပါလာသည့်အမေရိကန်အ

စိုးရသတင်းဌာနမှသတင်းထောက် ရှာဗာဟောလီးဒေး(Shava Holiday)သည်(၁၉.၁၁.၂၀၁၂)တွင်ရောက်ရှိ

လာပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏ခရိုင်ကျောင်းသားသမဂ္ဂများ၏လှုပ်ရှားမှုလုပ်ငန်း

များအား အမေရိကန်အစိုးရသတင်းဌာနမှ(နိုင်ငံတွင်း)ထုတ်လွှင့်မည်ဖြစ်ပါ၍သတင်းမှတ်တမ်းရိုက်ကူးနိုင်ရန်

ဆက်သွယ်ခွင့်တောင်းလာပါသည်။ထို့ ကြောင့်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှအမှုဆောင်များ

၏စည်းဝေးဆုံးဖြတ်ချက်အရခွင့်ပြုပေးခဲ့သဖြင့်ယင်းနေ့ နံနက်(၉)နာရီမှာညနေလေးနာရီအထိ အိုးဝေ စာကြည့်

တိုက်နှင့်ပညာဒါနသင်တန်းကျောင်း၏တနေ့ တာလှုပ်ရှားမှုများ၊တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများအား

အခမဲ့စာသင်ကြားနေမှုများကိုသတင်းမှတ်တမ်းရိုက်ကူးသွားသည့်အပြင်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသား

များသမဂ္ဂမှ ဗကသ ကျောင်းသားအမှုဆောင်များ၊ အိုးဝေ ပညာဒါနသင်တန်းကျောင်းမှတက္ကသိုလ်ဝင်တန်း

ကျောင်းသား/သူများအားမေးမြန်းရိုက်ကူးမှုများပြုလုပ်ခဲ့ပါသည်။ဤမေးမြန်းရိုက်ကူးထားသောသတင်းမှတ်

တမ်းအား အမေရိကန်အစိုးရရုပ်သံဌာန(CBS)ရုပ်သံလိုင်းမှ၎င်းတို့ နိုင်ငံတွင်ယခုတပတ်အတွင်းထုတ်လွှင့်သွား

မည်ဖြစ်ပါသည်။