Monday, September 28, 2009

စာရွက်ပေါ်မှသည် လက်တွေ့ တိုက်ပွဲဆီသို့ 


မင်းသွေးသစ်(၂၀၀၇)
(၂၀၀ရ)မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
28.9.09 (2:59)AM

ဤစာစုလေးကိုမဖတ်ခင် ပထမဆုံးကြိုတင်အသိပေးထားချင်တာကတော့ ဤစာစုဟာ မည်သူ တဦးတယောက် တဖွဲ့ကိုမှ ရည်ရွယ်ရေးထားခြင်းမဟုတ်ပဲမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် အုတ်တချပ် သဲတပွင့်ဖြစ်လျှင်ပင် ရေးရကျိုးနပ်ပြီဟူသော စေတနာသန့်သန့်ဖြင့်သာ ရေးသားခြင်းဖြစ်ကြောင်းကြိုတင် အသိပေးလိုပါသည်။

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လျှင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများအကြား စစ်အစိုးရ၏(၂၀၁၀) ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေး ကွဲပြားနေသကဲ့သို့ အယူအဆရေးရာတွင်လည်း ပူးသတ်မည့်အယူအဆ နှင့် မပူးပေါင်းပဲ လုံးဝ ဆန့်ကျင်ရေး အယူအဆဟူ၍ကွဲပြားနေကြသည်။ ၄င်းအကွဲအပြဲအတွင်းတွင် အပစ်အခတ်ရပ်ထားသော ငြိမ်းအဖွဲ့များနှင့် ပြည်သူလူထုမှာေ၀၀ါးသောလမ်းကြောင်းပေါ်သို့ရောက်မှန်းမသိရောက်ကုန်ကြပြီဖြစ်သည်။

ထိုအနေအထားတွင်ပင်(၁၉၉၀)ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့သောအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်းရှေ့လာမည့် တနှစ်အတွင်း ပြည်သူကိုဦးဆောင်၍ လျှောက်လှမ်းရမည့်နိုင်ငံရေးခရီးကြမ်းကြီးအတွက် အဖက်ဖက်မှထိုးနှက်ခံထားရသော ဒဏ်ရာဒဏ်ချက်များစွာကြောင့် များစွာရင်လေးဖွယ်ရာအနေအထားပင်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်ပနိုင်ငံရေး အင်အားအများစုများမှာ ညီညွှတ်နေရမည့်အစား အချင်းချင်းလက်ညှိုးထိုး၍ ငယ်ကျိုးငယ်နာဖော်နေကြသည့်သံသရာမှ ရုန်း မထွက်နိုင်သေးပဲ နစ်ပြီးရင်းနစ်နေကြသည်ကိုစိတ်မကောင်းစွာတွေ့ရှိနေရပေသည်။ တိုင်းပြည်ချောက်ကမ်းပါးကျတော့မည့် အနေအထားတွင်ကယ်တင်နိုင်မည့်ခေါင်းဆောင်ပေါ်ထွက်လာနိုင်မည့်အရေးမှာလဲ လူ့ပြည်မှ အပ်တစင်းနှင့် ဗြဟ္မာပြည်မှ အပ် တစင်း တွေ့ဆုံရေးခက်ခဲသလိုခက်ခဲနေပေသည်။

အဘယ့်ကြောင့် ယခုလိုအခြေအနေထိ ဖြစ်ခဲ့သနည်း။ အမေးရှိကအဖြေရှိရပေမည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံ ရေးအင်အားစုများဖြိုခွဲမခံရသေးမှီအချိန်က ပြည်သူတို့ကိုယ်တိုင်မသိလိုက်မသိဘာသာနေလိုက်ခြင်းက ပထမဆုံးအမှား ဖြစ် လျှင် တဗိုလ်ကျတဗိုလ်တက်စနစ်ကို အကောင်အထည်ဖော်မှုနည်းပါးစွာပင် အရာရာတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာအားကိုးနေကြခြင်းသည်ဒုတိယအမှားဟုဆိုလျှင်လွန်အံ့မထင်ပါ။ တတိယနှင့်အကြီးကျယ်ဆုံးသောအမှားမှာ အဖွဲ့အ စည်းအသီးသီးရှိနိုင်ငံရေးအင်အားစုများကို ဦးဆောင်နေကြသောဝါရင့်နိုင်ငံရေးသမားကြီးများသည် မျိုးဆက်သစ် ခေါင်းဆောင် များ မွေးမထုတ်ပေးနိုင်ခြင်းနှင့် မိမိတို့အတွေ့အကြုံများကို လူငယ်များအားမျှဝေပေးရန်ပျက်ကွက်ခဲ့ခြင်းပင်ဖြစ်သည်။ ဤ အယူ အဆကိုစောဒတက်လိုကတက်နိုင်သော်လည်း လူတိုင်းလူတိုင်းအမှားမကင်းခဲ့၍သာ ယခုလိုအနေအထားထိ ရောက်ရှိခဲ့သည် မှာငြင်း၍မရသောအမှန်တရားဖြစ်သည်။

အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေပါသည်ဆိုသော ဒီမိုကရေစီအင်အားစုများသည်မိမိတို့အမှားအတွက် အမိ မြန်မာပြည်ကိုအခြားသူများထက် ပိုမိုပေးဆပ်သင့်လှသည်။ လူထုခေါင်းဆောင်အကျယ်ချုပ်ကျနေခြင်းကို ဆယ်စုနှစ်တခု ကျော်ကြာ အထူးအလေးအနက်မထားခဲ့ပါပဲ ထောင်ချခံရမည့်ဆဲဆဲတွင်မှ အိပ်နေရာမှလှုပ်နှိုးခံလိုက်ရသလို သတိဝင်လာခြင်း မှာ တိုင်းပြည်အတွက်များစွာနစ်နာလှပေသည်။

ကြေငြာချက်ထုတ်ရုံ၊မြန်မာသံရုံးရှေ့ဆန္ဒပြရုံ၊ ကန်ပိန်းလုပ်ရုံဖြင့်သာ န.အ.ဖကိုဖြုတ်ချနိုင်မည်ဆိုပါက ရှေးမဆွကတည်းကပင် ပြည်သူများတက်ကြွစွာပါဝင်လာပေမည်။ ထိရောက်မှုနှင့်တန်ပြန်ထိရောက်မှုမညီမျှ၍သာ ပြည်သူပါဝင်လာမှုမရှိသည်ကို သတိမပြုမိခဲ့ကြခြင်းပေလော..။သတိမပြုမိချင်ယောင်ဆောင်ခဲ့ကြခြင်းပေလော။
န.အ.ဖ

ပြုတ်ကျလျှင်ထောက်ပံ့ကြေးမရတော့ မည့်အရေး တွေးပူ၍ ကျောက်ဆောင်ကို လေနှင့်သာ မှုတ်ခဲ့ကြခြင်းပေလော..။ မည်သို့ပင်ဆိုစေ သွေးစည်းကြရတော့မည့် အခြေအနေတွင် တိုင်းပြည်ချောက်ကမ်းပါးရောက်အောင်တွန်းပို့ပေးနေသော မည်သည့်အလုပ်ကိုမဆို မိမိတို့ရပ်တန့်ရတော့ မည်ဖြစ်သည်။ ညီညွှတ်ရေးအတွက် လိုအပ်ချက်များကိုမဖြစ်မနေ အကောင်အထည်ဖော်ရတော့မည်ဖြစ်သည်။ ဖက်ဆစ်စနစ် တိုက်ဖျက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများက ဖ.ဆ.ပ.လအဖွဲ့ချုပ်ကြီးကို အဖွဲ့အစည်း ပေါင်းစုံဖြင့်ညီညွှတ်စွာဖွဲ့စည်းခဲ့ကြသလို ယနေ့အချိန်အခါတွင်လည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တခုတည်း သော အဖွဲ့အစည်းကြီးတခု တည်ထောင်ရန်မှာ တိုင်းပြည်လိုအပ်ချက်ကို သိနားလည်သောခေါင်းဆောင်ကောင်းတို့၏ တာဝန်ပင်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည်လည်း ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကို သင်ခန်းစာယူ၍မိမိတို့အလှည့် ကျလာ မည့်အချိန်ကိုစောင့်မနေသင့်တော့ပဲ အချိန်မီ တခုတည်းသောလက်နက်ကိုင်မဟာမိတ်တပ်ပေါင်းစုကြီးကို ဖွဲ့စည်းရမည့် အချိန် ရောက်ရှိနေပြီဖြစ်သည်။ အဖွဲ့အစည်းအသီးသီး၏ လူမျိုးစွဲ၊၀ါဒစွဲများနှင့်ပုဂ္ဂိုလ်ရေးမာနများကို ခ၀ါချ၍အချင်းချင်း ယုံကြည်ချက် တည်ဆောက်ရေးသည်အလိုအပ်ဆုံးနှင့်အဖြစ်သင့်ဆုံးသောအလုပ်သာဖြစ်သည်။ အစွယ်ထုတ်ပြပြီးတာတောင် ကျားဟု မမြင် သေးပါက မိမိတို့လောက်ညံ့သောသူကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။

န.အ.ဖသည် ပညာရှိနည်းနှင့်ဆုံးမ၍မရသောအစိုးရဖြစ်ကြောင်းကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီးဖြစ် သည်။ ယခုအချိန်ထိအစိုးရကိုနားချ၍ ရနိုင်လောက်သည်ထင်ပြီး န.အ.ဖနှင့်အပေးအယူလုပ်ချင်နေသေးသည့် လူမိုက်များ အတွက်အချိန်ကုန်ခံမနေပဲပြည်သူများနားမယောင်စေရန်အတွက် မိမိတို့ဘက်မှတိကျသည့်လမ်းကြောင်း၊ ခိုင်မာသည့်အဖွဲ့ အစည်း ချပြနိုင်မှသာ လျှင်ပြည်သူတို့၏ ယုံကြည်ကိုးစားပါဝင်လာခြင်းကိုမြင်တွေ့ရပေမည်။ ဓားလိုအပ်နေချိန်တွင် ဓားမပေးပဲ ရေကြည်ကမ်းနေမိသည့် မိမိတို့အဖြစ်ကို အမြန်သတိပြုမပြီး ပြုပြင်နိုင်မှသာ အမိမြန်မာပြည်ကြီးကံဆိုးမိုးမှောင်ကျတော့မည့် အရေးမှ နိုင်ငံ့သားကောင်းပီသစွာကယ်တင်နိုင်ပေမည်။ ကျောက်ဆောင်ဖြို့မည့်သူသည် ကျောက်စောင်းရှမှာလောက်တော့ ဖြုံမနေသည့်စိတ်ဓာတ်ထားရှိရပေမည်။

သမိုင်းသည်မိမိတို့လက်ထဲတွင်ရှိသည်။ အလှည့်အပြောင်းသည်ဆုံးဖြတ်ချလိုက်သည့် အချိန်ပိုင်းကလေးပင်ဖြစ်သည်။ ကျွန်ုပ် တို့၏မျိုးဆက်သွေး ကလေးငယ်များကို စာသင်ခန်းထဲတွင်ကမ္ဘာ့အဆင့်မီပညာများကို သင်ကြားခိုင်းမည်လော.. လမ်းများပေါ် တွင်တောင်းစားခိုင်းမည်လော..။ကျွန်ုပ်တို့၏အမျိုးသမီးငယ်များကို တင့်တယ်မှုအပေါင်းနှင့်ကမ္ဘာ့အလယ်တွင်ဝင့်ထည်စေမည် လော…တခြားနိုင်ငံများ၏ပြည့်တန်ဆာတန်းသို့ပို့ပစ်ကြမည်လော…။
အမိမြန်မာပြည်ကြီး၏အနာဂါတ်အကောင်းအဆိုးမှာ သင့် လက်ထဲတွင်ရှိသည်။
တွေဝေနေပါက အဖိုးတန်အခွင့်အရေးများဆုံးရှုံးတော့မည်။
မည်သူမှာမှအသက်အပိုမပါပါ။ခေါင်းတလုံး အပိုမပါပါ။ အမေမွေးသည့်အသက် တိုင်းပြည်အတွက်ပေးဆပ်ပါက မိခင်များမွေးရကျိုးနပ်လှမည်။
ဓားကိုင်မှကြောက်မည့် လူမျိုးသည်၊တရားထိုင်နေရုံနှင့်တော့
ပြောင်းလဲမလာပေ။

“ မြန်မာပြည်အနှံ့အပြားတွင်စစ်မောင်းသံကြားပါကခွာရှပ်နေသော
စစ်မြင်းများ၊များစွာရှိသည်။တိုက်ပွဲခေါ်သံကိုငံ့လင့်နေသော
ပြည်သူများရှိသည်။တွေဝေခြင်းသည်ဆုံးရှုံးခြင်း၏အစဖြစ်သည်။
မိမိတို့အားလုံးစာရွက်ပေါ်မှစကားလုံးများကိုလမ်းမများပေါ်မှ
တိုက်ပွဲများအဖြစ်အသွင်ပြောင်းပစ်ရမည်။ ”

ကျွန်ုပ်တို့ကိုးကွယ်အားထားသော ဗုဒ္ဓကိုယ်တော်တိုင်နန္ဒာပနန္ဒနဂါးမင်းအား အင်အားသုံးဦးနှိမ်ပြီးပါမ တရားစကားမြွက်ကြား သောသာဓကရှိသည်။ လူရိုင်းများရှေ့မေတ္တာ စကားပြောကြားနေပါကသင်သာလျှင် ဆုံးရှုံးခြင်းကြီးလိမ့်မည်။ တတိုင်းပြည်လုံး ၏ညီညွှတ်ရေးကိုအကောင်အထည်ဖော်ရင်း သင်သည်လည်းတိုင်းပြည်အတွက် “ဓါးကောင်းတလက်ဖြစ်ပါစေ….”


ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးခဲ့ကြသောရဟန်းရှင်လူ၊ကျောင်းသားပြည်သူများအားဦးညွှတ်ပါသည်။

Saturday, September 26, 2009

သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှုပြုလုပ်


စစ်အစိုးရ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ယနေ့ (26.9.09) စနေနေ့ နံနက်တွင် ရန်ကုန်မြို့၊ မြို့ နယ်အချို့ ၌ ကျောင်းသားလူငယ်များမှ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။

ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ သွေးမြေကျခဲ့ရသည့် အထိမ်းအမှတ်အဖြစ်
လမ်းမများပေါ်တွင် ဆေးနီများလိုက်လံပက်ဖြန်းကာ နအဖ ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို(2007)မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများနှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ........
သံဃာများသွေးမြေကျခဲ့ရခြင်းကိုမြန်မာတနိုင်ငံလုံးကမမေ့သေးကြောင်းန.အ.ဖစစ်အစိုးရအား
သတိပေးခြင်းနှင့်ပြည်သူများအားလည်း မမေ့ပျောက်စေရန်အသိပေးခြင်းဖြစ်ကြောင်း (၂၀၀၇)မျိုးဆက်ကျောင်းသားများမှ ပြောကြားခဲ့သည်။

လှုပ်ရှားမှုကိုလသာ၊ကျောက်တံတား၊ဗိုလ်တထောင်၊သာကေတ၊ဒေါပုံ၊တာမွေ၊ကျောက်မြောင်း
၊မင်္ဂလာတောင်ညွန့်၊တောင်ဥက္ကလာ၊မြောက်ဥက္ကလာမြို့နယ်များ၏အဓိကလမ်းမကြီးများနှင့့်ကားမှတ်တိုင်များတွင်ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အဆိုပါအင်အားစုများက ရန်ကုန်တိုင်းသန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီကျောင်း စာသင်တိုက်များသို့ သံဃာ့ သမဂ္ဂီ၏ကံဆောင်ပွဲကြေငြာချက်များကိုဖြန့်ချီခဲ့ကြောင်း လည်းသိရသည်။

ဆက်လက်၍လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှ(၂၀၀၇)မျိုးဆက်ကျောင်းသားတဦးမှပြောကြားခဲ့ သည်။

ဖျားနာနေတဲ့ မုတ်သုန်မြို့


ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို
ပြပါဆိုရင်တော့ ဘင်္ဂလား ပင်လယ်အော်ကို အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့၊ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာ ဒေါ်လာ
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း
ရနိုင်တဲ့မြို့။ တချိန်တုန်းကတော့ အတိတ်ပီပီ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ
ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒီ ဈာပနက အဖြူအမည်း ကားချပ်တွေထဲမှာ
ခပ်ဝါးဝါးသာ ဆတွေးနိုင်တဲ့ အခြေအနေ။ တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTVလို့ အဲဒီမြို့သားတစ်ယောက်က နာနာကျည်းကျည်း
မှတ်ချက်ချတယ်။ အသက်အာမခံချက် မရှိသလို ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့
ပြည့်နှက်နေတယ်။ အထူးယာဉ်တန်းတွေအတွက် နာရီပိုင်းအတွင်း လမ်းသစ်တွေ
ခင်းပြတတ်သလို ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ ကတ္တရာလမ်းတွေနဲ့
လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။

တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။ တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။ အခုတော့ ကူးစက်ရောဂါ ထိသွားတဲ့
မိန်းမပျက် တစ်ယောက်လို ဘယ်သူမှ အဆက်အဆံ မလုပ်ချင်တော့ဘူး။ ဘကုန်း၊
စလုံး၊ ဂငယ်ကုန်းအထိ ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင် ၀လုံးလို့
လှောင်ပြောင် ခေါ်နေကြပြီ။ မြို့အင်္ဂါရပ်တွေထဲမှာ လျှပ်စစ်မီး ရှိရမယ်၊
သန့်ရှင်းရေးစနစ် ရှိရမယ်၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊
သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း
ဖြစ်ရမယ် အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင် သူဟာ မြို့တစ်မြို့
မဟုတ်တော့ဘူးပေါ့။ ဒါပေမယ့် လူဦးရေ ခြောက်သန်းကျော်ဟာ သူ့ရင်ဘတ်ထဲမှာ
ရှင်သန် နေထိုင်တုန်းပါ။ သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့
ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို တစ်ယောက် ကိုယ်ငွေ့ တစ်ယောက်
ပြန်ချုံလို့ ရတဲ့ မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။
လေးတိုင်စင်ဝါးခင်းကို ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ ပလတ်စတစ်
ရွက်ဖျင်စတွေလည်း လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။ ရာသီဥတု သာတောင့်သာယာ
ဆိုပေမယ့် ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။

အရင်ကတော့ နယ်မြို့တွေသွားရင် ရန်ကုန်သားတွေကလေ ဆိုပြီး ပုံပြင်တွေ
အမျိုးမျိုး ကြားရတတ်တဲ့မြို့။ အခုတော့ ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး
ပြန်လာတဲ့သူတွေကို ဘာလက်ဆောင်ပါသလဲလို့ စီး စီးမေးတတ်တဲ့မြို့လေ။
အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို
အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး အထက်တန်းက တက်စီးလို့ရတဲ့မြို့။
ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။ ရန်သူတွေ
ကြားထဲကနေ သီပေါမင်းတစ်ယောက် ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
ပြည်တွင်းစစ်ကာလမှာ ၀ါရှင်တန်မြို့သားတွေ သူ့မြို့ကို ကိုယ်တိုင် ထွက်ကာ
ကွယ်ရသလို ဗိုလ်စိန်မှန်တစ်ယောက် တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊
တက္ကသိုလ် ကျောင်းသားတပ်တွေနဲ့ အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း
ခုခံခဲ့ရတဲ့မြို့။ အဲဒီအချိန်ကလည်း တချို့တွေက ရန်ကုန်ကို
ဟားတိုက်ခဲ့တာပဲ။ ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို ဖောက်ပြန်တဲ့
အတွေးမျိုးတော့ ရန်ကုန်က မတွေးခဲ့ရိုးအမှန်ပါ။ ပုံသေကားချပ်နေ့တွေကို
တင်ဆက်ပြီးရင် အပြောင်းအလဲကို ညနေစာငတ်သူ တစ်ယောက်လို သူ
ဆာလောင်တတ်ခဲ့တယ်။ မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် မကျေမနပ်နဲ့။
အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ သူသံဝေဂယူလို့ မရဘူး။ သူမှ မစောင့်ရှောက်ရင်
အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို သနားတဲ့ အဘွားအိုတစ်ယောက်လိုပေါ့။
ဒါပေမယ့် သူကိုယ်တိုင် ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။
ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို မုဆိုးမ၊ တစ်ခုလပ်နဲ့
ကလေးငယ်တွေ သိပ်များနေတဲ့မြို့။ အဝေးရောက် လင်သားတွေ အလုပ်အကိုင်
အဆင်ပြေပါစေ ဆုတောင်းနေရတဲ့မြို့။ လယ်ကန်သင်းတွေကို ဖြို၊
မြေကွက်အသစ်တွေရိုက်လို့ သူ့မြို့ခံတွေကို နေရာထိုင်ခင်း
လုပ်လုပ်ပေးရတယ်။ အချက်အချာ မြို့လယ်ခေါင် တိုင်းတပါးသား လက်အောက်တွေ
ကျရောက်နေလို့။ သူက တစ်ခါတစ်ခါ မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်
`နာကျင်တဲ့အခါ မအော်ဘဲ၊ ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင်
နေတတ်ခဲ့´။ ဗုံးဆံ၊ အမြောက်ဆံကို ကြောက်လို့ ၀ါးရင်းတုတ်နဲ့ရိုက်လည်း
အံကြိတ်ခံ၊ ရိုင်ဖယ်နဲ့ ချိန်ပစ်လဲ အသံသိပ်မထွက်ရဲခဲ့ဘူး။

အခုတော့ ခေတ်နဲ့အညီ သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။
လောင်းကစားဒိုင်ကတော့ အရင်ကတည်းက မှိုလိုပွနေတာမို့ သူ့အတွက်
သိပ်အရေးမကြီး။ ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ ခေါင်းစားအောင်
ပြဿနာရှာပေးတတ်ပြီ။ ကူးစက်ရောဂါတွေကိုလည်း ဖောဖောသီသီ လက်ခံသလို
အဏုမြူဗုံး ထပေါက်မှာ စိတ်မပူတတ်တော့ဘူး။ မနက်ဆိုရင် ပါးစပ်ခြောက်သန်းကို
ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့် ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့
အသောက် မပျက်တဲ့မြို့။ လူ့ဘ၀စည်းစိမ်မှာ အဆိုး လောကဓံ လေးပါးကို
ထိန်ချန်လို့ မရဘူး။ အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့
တဘောင်လိုလို ငကြောင်လိုလိုနဲ့ မူး မူးပြီး ထပြောတတ်တဲ့မြို့။

မြေပုံတလွဲကြီးနဲ့ ရတနာတွေ ရှိရာဆီ သွားမယ်လို့ အရူးတွေ ဆော်သြပြီး
နောက်ဖေးပေါက်က ပြန်တက်၊ သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ အရူးတွေ
ရှိနေတတ်တဲ့မြို့။ မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ မိန်းမပျက်နဲ့
အကျဉ်းထောင် အကြောင်းတွေပါရင် Grade(A) ရနိုင်မယ့်မြို့လေ။
အမှန်အကန်ဆိုရင်တော့ နံရံလေးဘက် ပိတ်ထားတယ်။ အတုတွေ သိပ်များတော့
ရှားပါးတဲ့ အမှန်တရားကို အကျဉ်းထောင်ထဲ ထည့်ထားတာပါလို့ သတင်းထောက်တွေကို
စိတ်ရူးပေါက်ပြီး ရှင်းရှင်းပြ တတ်သေးတယ်။ အတုကလည်း
ဘယ်လောက်တောင်များသလဲဆိုတော့ ခင်ဗျား မြင်မြင်သမျှ အကုန်အတုကြီးပဲ။
ဆေးဝါးအတု၊ ပွဲစားအတု၊ ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊ ကွန်ပျူတာ
ဆော့ဖ်ဝဲလ်အတု၊ ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊
တရားရုံးအတု၊ စီရင်ချက်အတု၊ အမိန့်ကြော်ငြာစာအတု၊ အမွေစား အမွေခံအတု၊
လက်ထပ်စာချုပ် အတုကနေ ဒီမိုကရေစီအတု အထိ။ အတုဆိုရင် အကုန်ရှိနေတတ်တယ်။

ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊ ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊
တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊ အသက်ရှူကျပ်ရင် ကင်းမြီးကောက်
ထောင်ပြီး နေထိုင်ပါ၊ မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊ ဒါဟာ
အခွင့်အရေးတစ်ရပ်။ အဲဒီလို မြင်တတ်ဖို့ မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး
အသက်အရွယ်မရွေး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်
အလုပ်လက်မဲ့ပေမယ့်လည်း တစ်ယောက် လက်ဖက်ရည် တစ်ယောက် မျှသောက်တတ်တဲ့
ရန်ကုန်။

လမ်းကြုံရင် လာလည်ပါ။ ညအိပ်စရာ ခက်တဲ့အတွက် မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။

Thursday, September 24, 2009

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ တပ်ပေါင်းစုအဖွဲ့ ကြီး ၈၈မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ တပ်ပေါင်းစုအဖွဲ့ ကြီး ၈၈မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်
စာအမှတ် ။ ။ ၅/၂၀၀၉(မဃတ+၈၈+ဗကသ)
ရက်စွဲ ။ ။ ၂၁.၀၉.၂၀၀၉
နအဖစစ်အစိုးရ၏ တိုင်းရင်းသားလူမျိုးစု အရေးကိစ္စများကို အကြမ်းဖက်ဖြေရှင်းခြင်းအား ကန့် ကွက်ခြင်းနှင့်  မြန်မာပြည်သူလူထုတရပ်လုံးက လက်မခံသော၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေအား ၂၀၁၀ရွေးကောက်ပွဲဖြင့်  အဓမ္မအသက်သွင်းခြင်းကို ရပ်တန့် ရန်တောင်းဆိုခြင်း
(၁) ဩဂုတ် လကုန်ပိုင်းက ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင်ဖြစ်ပွားခဲ့သော စစ်ပွဲများက နအဖစစ်အုပ်စု နှင့် တိုင်း
ရင်းသားတော်လှန်ရေး အဖွဲ့များအကြားထားရှိခဲ့သည့် အနှစ် ၂၀ ကျော်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ
ချက်များအပေါ် နအဖ၏ မမှန်ကန်သော သဘောထားကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့ပြင် နအဖက
ကိုးကန့်တပ်ဖွဲ့များအား အင်အားသုံးနှိမ်နင်းပြီး ကိုးကန့်ဒေသအား သိမ်းပိုက်ပြလိုက်ခြင်းဖြင့် အခြားသော တိုင်းရင်း
သား အပစ်ရပ်အဖွဲ့များအားလည်း "နအဖ လက်အောက်ခံ ဖြစ်ရေး နှင့်  အချေမှုန်းခံရေး" လမ်းတခုခုအား ပြတ်ပြတ်
သားသား ရွေးချယ်ရန် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပါသည်။
(၂) ငြိမ်းချမ်းရေး ဆိုသည်မှာ သက်ဆိုင်သူများ အားလုံး အပြန်အလှန် လေးစားယုံကြည်မှု၊ အခြေခံရိုးသားမှု ၊ နား
လည်မှု ၊ ဆွေးနွေးညှိနှိုင်းမှု များ ဖြင့် စိတ်ရှည်လက်ရှည် တည်ဆောက်ရမြဲ ဖြစ်သည်၊ တည်ရှိပြီးသော ငြိမ်းချမ်း ရေးကို
အရှည်တည်တံ့အောင် ကြိုးပမ်းထိန်းသိမ်းရန်မှာလည်း ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသူတိုင်း၏ တာဝန်
ဖြစ်သည်။
ကိုးကန့်ဒေသတွင်ဖြစ် ပျက်ခဲ့သည့် အကြမ်းဖက်မှုများက နအဖ စစ်အစိုးရ အနေဖြင့် အနှစ် ၂၀ ကျော်
ကြာမြင့်ခဲ့သော အပစ်အခတ်ရပ်စဲရေး ကတိက၀တ်များကို လုံးဝတန်ဘိုးမထားဘဲ တဖက်သတ်ဖျက်ဆီးလိုက်ပြီ
ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများအရေး နှင့် နိုင်ငံရေးကိစ္စများကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ဆန္ဒမရှိပဲ အကြမ်း
ဖက် အင်အားသုံးသည့်နည်းဖြင့်သာ ဖြေရှင်းရန်ဆန္ဒရှိကြောင်း ထင်ရှားလှပေသည်။
(၃) နအဖစစ်အစိုးရမှ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအား လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရေး ပြင်ဆင်ကြရန်
ဖိအားပေးလျက် ရှိပါသည်။ တိုင်းရင်းသား အပစ်ရပ်အဖွဲ့များမှလည်း ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို နအဖ
လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် ငြင်းဆန်လျက်ရှိပြီး နအဖ ၏ ၂၀၁၀ ရွေး
ကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဆန္ဒမရှိကြသည်ကို မိမိတို့ တွေ့မြင်ကြားသိနေရပါသည်။
(၄) တိုင်းရင်းသား အပစ်ရပ်အဖွဲ့များ လက်နက်စွန့်ရန်ငြင်းဆန်နေခြင်း နှင့် ရွေးကောက်ပွဲဝင်ရန် ဆန္ဒမရှိကြခြင်း
တို့၏ အဓိကအကြောင်းရင်းများမှာ နအဖ ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် လူမျိုးစုများ ရသင့်ရထိုက်သော
ရပိုင်ခွင့်များနှင့် ပြည်ထောင်စုကြီးအတွင်း တန်းတူညီမျှ နေထိုင်ခွင့်များကို လုံးဝအာမခံနိုင်မှု ကင်းမဲ့နေခြင်း
ကြောင့်ဖြစ်သည်။
ထို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကြီး နှင့် တိုင်းရင်း
သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များသည် ရသင့်ရထိုက်သော ရပိုင်ခွင့်များ နှင့် ပြည်ထောင်စုကြီးအတွင်း
တန်းတူညီမျှ နေထိုင်ခွင့်များ ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများကို စစ်စစ်မှန်မှန် အာမခံနိုင်ရေးအတွက် ၂၀၀၈ ဖွဲ့
စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တောင်းဆိုနေကြခြင်းဖြစ်သည်။
(၅) ဤသို့ မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူ တရပ်လုံးက နအဖ တဖက်သတ်ရေးဆွဲအတည်ပြုထားသော
ရာသက်ပန်စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝလက်မခံ၊ ကန့်ကွက်နေချိန်တွင်၊ နအဖမှ အကြမ်း
ဖက်မှုများ၊ စစ်အင်အားသုံး အနိုင်ကျင့်မှုများ၊ မတရားဖမ်းဆီးချုပ်နှောင်မှုများ ဖြင့် ယင်းအခြေခံဥပဒေကို အသက်သွင်း
ရန်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးကိုသာ ကြိုးပမ်းနေပါသည်။ ဤသို့ အဓမ္မကြိုးပမ်းနေမှုများကို ရပ်တန်းကရပ်
ရန် မိမိတို့မှ တောင်းဆိုသည်။
(၆) နအဖစစ်အစိုးရ အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်၊ နိုင်ငံတဝှမ်း
အပစ်အခတ် ရပ်စဲရန် နှင့် စစ်ပြင်နေမှုများအား ရုတ်သိမ်းရန် ၊ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ တိုင်းရင်း
သား လူမျိုးစုများအရေး ကိစ္စအရပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
တိုင်းရင်းသားကိုယ်စားလှယ်များ စသည့်သက်ဆိုင်သူအားလုံးတို့နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်း
သွားရန် မိမိတို့မှ တောင်းဆိုသည်။
(၇) နအဖ၏ အင်အားသုံး အကြမ်းဖက်မှုများက ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ဆီးစေရုံသာမက ၊ ဒေသတခုလုံး ၏
လုံခြုံရေး နှင့် တည်ငြိမ်ရေးကိုလည်း ပျက်ပြားစေပါသည်။ နအဖ၏ တိုင်းရင်းသားအပစ်ရပ် အဖွဲ့များအပေါ် ဆက်
လက် အကြပ်ကိုင်ဖိအားပေး တိုက်ခိုက်နေမှုများကြောင့် တိုင်းရင်းသားပြည်သူများ၏ အသက်၊ အိုးအိမ်၊ ဥစ္စာ ပစ္စည်း
ပျက်ဆီးဆုံးရှုံးရမှုများ၊ ဒေသတွင်း မလုံခြုံမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒုက္ခသည်ပြဿနာများ ယခုထက်
ပိုမိုကြီးမားစွာ ဖြစ် ပေါ်လာမည် ဖြစ်သည်။
(၈) သို့ပါ၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး
တန်းတူညီမျှရေး နှင့် ကိုယ်ပိုင်ပြဌါန်းခွင့်ရရေးတို့အတွက် မိမိတို့အနေဖြင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး နှင့်
အတူ လက်တွဲကာ ဆက်လက်လှုပ်ရှားသွားကြမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ထို့အတူ နအဖ၏ အကြမ်းဖက်မှုများ နှင့် တဖက်သတ် လုပ်ငန်းစဉ်များအား တားဆီးရန်နှင့် ငြိမ်းချမ်းစွာတွေ့ဆုံ
ဆွေးနွေးဖြေရှင်းရေး ပေါ်ထွန်းလာစေရန် ဒေသတွင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုကြီးအနေဖြင့် ထိထိ
ရောက်ရောက် ၀ိုင်းဝန်းကူညီပေးကြရန် နှင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှလညှ်း အချိန်မီ အကျိုးသက်
ရောက်မှုရှိရှိ ဝင်ရောက် ဆောင်ရွက်ပေးစေလိုကြောင်း မိမိတို့မှ အလေးအနက်ပန်ကြားလိုက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီး
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် __

ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် သံဃာထု၏ လှုပ်ရှားမှုများအား ကျောင်းသား၊ ပြည်သူများမှ ထောက်ခံကြောင်း ကြေငြာခြင်း

ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် သံဃာထု၏ လှုပ်ရှားမှုများအား
ကျောင်းသား၊ ပြည်သူများမှ ထောက်ခံကြောင်း ကြေငြာခြင်း
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်

စာအမှတ် - ၁/၂၀၀၉ (၈၈+ဗကသ)
ရက်စွဲ - ၁၄.၀၉.၂၀၀၉
(၁) မြန်မာနိုင်ငံ ပြည်သူများ၏ ဒီမိုကရေစီနှင့် လူအခွင့်အရေး လှုပ်ရှားမှုသမိုင်းတွင် ဂုဏ်ယူစရာအကောင်းဆုံးနှင့် စစ်အာဏာရှင်စံနစ်၏
အဆိုးဝါးဆုံး အကြမ်းဖက်မှုအဖြစ် မှတ်တမ်းတင်ရမည့် သံဃာထု ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးကြီးသည် မကြာခင်တွင်
နှစ်နှစ် တင်းတင်းပြည့်တော့မည်ဖြစ်သည်။
(၂) ယင်းအချိန်အခါ သမယတွင် ကျဆုံးသွားခဲ့ကြသော သံဃာတော်များ၊ အကျဉ်းကျနေကြသော သံဃာတော်များ၏ မပြည့်ဝခဲ့သော
ဆန္ဒများကို အကောင်အထည်ဖော်ရန် ဆက်လက်ကြိုးစားဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့်
သံဃာတော်များကို ကျွန်ုပ်တို့ ကျောင်းသား၊ ပြည်သူများက တခဲနက် ထောက်ခံကြောင်း ကြေငြာလိုက်သည်။ တိုင်းသူပြည်သားများ၏
ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် သာယာဝပြောရေးအတွက် မိမိတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကို မငဲ့ကွက်ပဲ
လှုပ်ရှားနေကြသော သံဃာထု၏ တရားမျှတသော လှုပ်ရှားမှုများအား ကျွန်ုပ်တို့ ကျောင်းသား၊ ပြည်သူများက ညီညွတ်စွာ ပူးပေါင်း
ကူညီသွားမည်ဖြစ်သည်။
(၃) နအဖ အစိုးရမှ သွေးရူးသွေးတန်းဖြင့် မြန်မာနိုင်ငံတဝန်းမှ သံဃာထုအပေါ် တင်းကြပ်သော စည်းကမ်းများ သတ်မှတ်ခြင်း၊
ကျောင်းတိုက်များမှ မောင်းထုတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ မတရား ထောင်ချခြင်းများကို ကျွန်ုပ်တို့မှ ပြင်းထန်စွာရှုံ့ချပြီး ယင်း
မတရားမှုများအား ရပ်တံ့ရန် တောင်းဆိုသည်။
(၄) ပြဿနာများကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းခြင်းဖြင့် အောင်မြင်မှုမရနိုင်ပါ၊ ပြည်သူလူထုတရပ်လုံး၏ နိုင်ငံရေး၊ စီးပွါးရေး၊
လူမှုရေး၊ တိုင်းရင်းသားအခွင့်အရေး စသည့် အထွေထွေ မကျေနပ်မှုများကို အစိုးရအာဏာကို ရယူထားသော နအဖ စစ်အုပ်စုအနေဖြင့်
အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် ကျွန်ုပ်တို့မှ အလေးအနက်တောင်းဆိုသည်။
(၅) သို့ပါ၍ အချိန်မနှောင်းခင် နအဖမှ ၎င်းတို့ ကျူးလွန်ခဲ့သော နိုင်ငံနှင့် သာသနာကို စော်ကားခဲ့မှုများအတွက် သံဃာထုအား ဝန်ချ
တောင်းပန်ပြီး၊ ဖမ်းဆီးချုပ်နှောင်ထားသော သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး ပြန်လွှတ်
ပေးပါရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံ၏ပြဿနာများကို
ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ကြောင်း အကြံပြုအပ်ပါသည်။
ရွှေဝါရောင်တော်လှန်ရေး နှစ်နှစ်ပြည့် အထိမ်းအမှတ် သံဃာထု၏ လှုပ်ရှားမှုများအား
ကျောင်းသား၊ ပြည်သူများမှ ထောက်ခံကြောင်း ကြေငြာခြင်း
၈၈ မျိုးဆက်ကျောင်းသားများ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်

ဆက်သွယ်ရန် - 88gstudent@gmail.com , abfsu.07@gmail.com

Wednesday, September 23, 2009

သမိုင်းပေးတာဝန်ကျေပြွန်ကြပါစို့


မြန်မာပြည်တွင် ၁၉၈၈-ခုနှစ် မတ်လမှာ အင်းစိန်မြို့ ကြို့ကုန်းရပ်ကွက်ထဲကလဘက်ရည်ဆိုင် လေး အတွင်း…. အာဏာပိုင် ဥက္ကဋ္ဌဆိုတဲ့ လူကြီး သားရဲ့ ဥပဒေမဲ့ ရမ်းကားမှု-အာဏာပိုင်တွေ ရဲ့ လူကြီးသား ဖြစ်လို့ ဥပဒေ လမ်းကြောင်းအရ အရေးမယူပဲ နစ်နာခဲ့တဲ့ ကျောင်းသားများ၏

တောင်းဆိုမှုကို လက်မခံပဲ လက်နက်အားကိုးနဲ့ ဖြေရှင်းခဲ့တဲ့အတွက် ကျောင်းသား ကိုဖုန်းမော်

အသက်သေဆုံးခဲ့ရပြီး ကျောင်းသားများလဲ ဒဏ်ရာများ ရရှိခဲ့မှုတွေကြောင့်-- မဟုတ်လျှင် မခံ တတ်တဲ့ စိတ်ဓာတ် မတရားမှုများကို ရွံရှာမုန်းတီးတတ်တဲ့ စိတ်ဓာတ်တွေရှိကြတဲ့ အစဉ်အလာ

အတိုင်း စက်မှုတက္ကသိုလ်ကျောင်းသားတို့ရဲ့ မခံမရပ်နိုင်အောင် ပေါက်ကွဲမှုတွေကနေ တဆင့်

ကျောင်းသားပြည်သူ ရဟန်းသံဃာ တပ်မတော်သားများနှင့် ဝန်ထမ်းပေါင်းစုံအထိ တနိုင်ငံလုံး

ပြန့်နှံ့ကာ ဆန္ဒပြတောင်းဆိုမှုများကြောင့် ၁၉၆၂-ခုထဲက (၂၆)နှစ်တိုင်တိုင် စစ်အာဏာရှင်ကြီး ဦးနေဝင်းရဲ့ လက်အောက်မှာ ပြာဖုံးပြီး ငုံ့ရှိုး နေခဲ့ကြတဲ့ ပြည်သူလူထုရဲ့တော်လှန်ရေး စိတ် ဓာတ် တွေဟာ နိုးကြား ရှင်သန်လာခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနေ့ကို (၈၈၈၈) ရှစ်လေးလုံးဆိုပြီး မြန်မာပြည်မှာရော ကမ္ဘာမှာပါ ယနေ့ အချိန် အ

ထိ သမိုင်းတွင်တဲ့ တော်လှန်ရေးတရပ်အဖြစ် ဖြစ်တည်နေတယ်လေ။

ဒီ (၈၈)တော်လှန်ရေးကြီးအတွင်းမှာ ကျောင်းသားတွေနှင့် ရဟန်းရှင်လူ ပြည်သူတွေရဲ့

ဘဝတွေ ချွေးတွေ သွေးတွေ အသက်ပေါင်းများစွာတွေ စတေးခဲ့ရ ပေးဆပ်ခဲ့ရပြီး(၂၆)နှစ်တိုင်

အုပ်စိုးလာခဲ့တဲ့ ဦးနေဝင်းရဲ့ စစ်အာဏာရှင် အုပ်စိုးမှု မဟာဗျူဟာကြီးလဲ ပြိုကွဲခဲ့တယ်။

ဒီလို အာဏာရှင် ဦးနေဝင်းရဲ့ စစ်အာဏာရှင် စနစ်ကြီး ပြိုလဲခဲ့ရတာဟာ ကျောင်းသား

ထုနဲ့ အလွှာစုံက ပြည်သူတွေ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တပ်မတော်သားတွေ သံဃာတော်အ

ရှင်မြတ်တွေရဲ့ စည်းလုံးမှု လက်တွဲညီညီ တိုက်ပွဲဝင်တော်လှန်ခဲ့ကြလို့ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာပြည်ရဲ့ ဒုတိယအကြိမ် တော်လှန်ရေးသမိုင်းသစ်ကို ဖွင့်လှစ်ပေးခဲ့တာ

ဟာ (၈၈)ခုနှစ်ရဲ့ ကျောင်းသားထုပါ။

ဒါပေမဲ့ စစ်အာဏာရှင် စနစ်ဟာ အမြစ်မပြတ်ပဲ ပြန်လည် ရှင်သန်လာခဲ့သလို (၈၈)ရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေကလဲ လက်ရှိအချိန်အထိ ရှင်သန်နေကြဆဲပါ။

(၈၈)မှာ ပေးဆပ်ခဲ့ရတဲ့ ကတ္တရာလမ်းပေါ်က သွေးစက်တွေဟာ ခြောက်သွေ့ အေးစက်မနေ

ခဲ့ပဲ ကြားကာလတွေ တလျှောက်လုံး အခြေနေပေးရင် ပေးသလို တိုက်ပွဲတွေ ဆင်နွှဲရင်း ဆက်

နွယ် စီးဆင်း လာခဲ့တာဟာ ဆိုရင် တံတားဖြူက တံတားနီ ဖြစ်ခဲ့သလို- မည်းနက်တဲ့ ကတ္တရာ

လမ်းတွေက ကတ္တရာနီဖြစ်ခဲ့ရတဲ့ အကြိမ်တွေ- သံဃာတော်တွေရဲ့ လှန်ဖုံးထားတဲ့သပိတ်တွေ

ကို မှောက်ခဲ့ရတဲ့အကြိမ်တွေနဲ့ သွေးနီတွေလွှမ်းပြီး မျိုးဆက်သစ်တွေက သမိုင်း မပြတ်အောင်

ဝိုင်းဆက်ခဲ့တယ်ဆိုတာ စက်တင်ဘာက သက်သေ ထပ်ထူလိုက်ပါတယ်။

ဒီသမိုင်းတွေကို မိုက်ရိုင်းစွာ ပုံဖော် တုန့်ပြန်ပြီး ငြိမ်ပိ ငုတ်ရှိုးစေနေတာကတော့ စစ်အာ

ဏာရှင်တွေနဲ့ နောက်လိုက်ခွေး လက်ပါးစေတွေပါပဲ။ ဒါပေမယ့် အမှန်တရား လိုလားတဲ့ သူရဲ

ကောင်း အာဇာနည်မျိုးဆိုတာ ဘယ်တော့မှ သေရိုးထုံးစံ မရှိပါဘူး။

ကျောင်းသားပြည်သူ ရဟန်းသံဃာတွေရဲ့သွေးစက်တွေဟာ ကတ္တရာလမ်းတွေပေါ်မှာ

နာကျင်စွာ မှေးစက်ရင်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ရင်ထဲ နှလုံသားတွေထဲကို စီး

ဆင်းပြီး နိုးကြားနေဆဲပါ။ ဒီသွေးတွေရဲ့သမိုင်းကြွေးတွေကို ဆပ်ဖို့ သမိုင်းပေးတာဝန်ကို ကျေ

ပြွန်စွာ လက်ဆင့်ကမ်း ထမ်းရွက်ဖို့ဆိုတာ -- လက်ရှိ လွတ်လပ်မှုကို မြတ်နိုးသူ ကျောင်းသား

ပြည်သူ ရဟန်းသံဃာတွေရဲ့ တာဝန်ပါ။

လက်ရှိကျန်နေသူတွေက တာဝန်မကျေကြဘူးဆိုရင်တော့… ပြည်သူတွေရဲ့လွတ်လပ်မှု တွေ.. ဒီမိုကရေစီရဲ့ အရသာတွေ.ခံစားနေပုံကို မျှော်လင့် စောင့်ကြည့်နေမယ့် ပေတရာပေါ်က

သွေးစက်တွေရဲ့ ဝိညာဉ်တွေက သင်တို့ကို ကျိန်ဆဲနေမလား ကဲ့ရဲ့လေမလားဆိုတာ…..

ဒါကြောင့် (၈၈) ရဲ့ စာတင် သမိုင်းကို ရာဇဝင် မရိုင်းရလေအောင် လက်တွဲညီညီနဲ့ အာ ဏာရှင် စနစ် အမြစ်ပြတ်အောင် တော်လှန် တိုက်ပွဲဝင်ကြပါစို့ ….။



မြတ်နိုး(B.S.R.O)

၂၀၀၉ ခုနှစ်သည်သာ နောက်ဆုံးအခွင့်အရေး


မြန်မာပြည်အခြေအနေ



စစ်အစိုးရဘက်မှ

၁၊ ၂၀၁၀ ရွေးကောက်ပွဲ ချီတက်ပါစို့ ဆိုကာ ၁နှစ်ကျော် အချိန်ဆွဲမည်၊

၂၊ NLD ကိုချိနဲ့ အောင်လုပ်မည်၊

၃၊ ကျံဖွတ်ကို အားအကောင်းဆုံးပါတီ ဖြစ်စေမည်၊ (Dream Goal = ကျံဖွတ်မဲအပြတ်အသတ်နဲ့ နိုင်၊ ယူနီဖောင်းလဲ၊ အရပ်သားအစိုးရလုပ်)

၎၊ နိုင်ငံရေးသမားများ ကို extension ပေး

၅၊ နိုင်ငံအစိုးရသစ် register လုပ်၊ အသိအမှတ်ပြုပါခင်ဗျား (အရှက်နဲလိုက်တာ)



NLD

၁၊ ဒေါစုလွတ်ရန်လုပ်မည်၊ (နအဖ ကသနားလိမ့်မည်မဟုတ်)

၂၊ ပြန်လည်စည်းလုံးအောင်လုပ်မည်၊ (Sorry ပါအထက်မှ ၂ ကိုရှု့ ပါ)

၃၊ အခြေခံဥပဒေ ကိုအသိအမှတ်မပြုပါ (Sorry ပါ ၉၀ရာနှန်းကျော်ပါ)

၎၊ ဆုတောင်းမည် (တောင်းပေါ့ ဒီထက်မလွန်စေနဲ့ )



ပြည်ပအင်အားစု

၁၊ ......$#@^&*!% (Don't care, nothing, အလကားပါ စကတဲက နအဖက ရှိတယ်ကိုမထင်ပါ)



ပြည်သူလူထု



အထက်ပါ ၃ ခုမှ မျှော်လင့်ချက် မရှိသလောက်နဲပါသည်၊ ဘာလုပ်ရမလဲ?

ညီညွတ်စွာတော်လှန်ဆန့် ကျင်ပါ

အချိန်မဖြုန်းပါနှင့် ၂၀၁၀ သည်စောင့်ရန်နှစ်မဟုတ်ပါ နိုင်ငံရေးကစားသူများ အလုပ်များမည့်နှစ် ဖြစ်ပါသည်။ ၂၀၀၉ သည်နောက်ဆုံး အခွင့်အရေးဖြစ်နိုင်ပါသည်၊ တရားဥပဒေဆိုတာမရှိတော့တာ ထင်ရှားနေပါပြီ၊ သင့်ကိုအချိန်မရွေး တွေ့ ရာပုဒ်မနဲ့  ဖမ်းနိုင်သည်၊ ထို့ အတွက်ဒီမိုကရေစီရဖို့ ဘာပဲလုပ်လုပ်တရားသည်။

Monday, September 21, 2009

အရေးတော်ပုံအောင်ရမည်


မပြီးသေးဘူး
သွေးနီးကြလော့
နှစ်ဆယ့်တစ်ရာစုသစ်ထဲက
နှစ်ဆယ့်တစ်နှစ်မြောက်သမိုင်းဝင်
ပဲ့တင်ပြန်လာတဲ့
8888 …ကြွေးကြော်သံတွေလဲဟုတ်တယ် ။
တမ်းတအော်မည်ညံနေတဲ့
တယောသံတွေရပ်
(8)မိနစ်ငြိမ်
ပြီးတော့
နှစ်ဆယ့်တကြိမ်ကြွေးကြော်
ရဲဘော်တို့
အရေးတော်ပုံအောင်ရမည်။ ။
မီးဒုတ် ။ ။
၉. ၉ .၀၉ ….သို့

သစ္စာရှိကြေး


အင်းယားကန်ဆိပ်
ကံကော်ရိပ်လမ်း
စာသင်ခန်းတွေက
(မင်းတို့ကို)
လွမ်းနေတယ်သူငယ်ချင်း
ယုံကြည်ချက်အတွက်
အသက်ဆိုတာ ဘာမှမဟုတ်ပါဘူးကွာဆိုပြီး
မနီးမှန်သိတဲ့ခရီးကိုမှ
သူငယ်ချင်း
မင်းထွက်သွားတာ
ဘာလိုလိုနဲ့
ဆယ်စုနှစ် နှစ်ကြိမ်ကြာခဲ့ပြီနော်
ဒါးကိုဒါးချင်း လှံကိုလှံချင်းဆိုတဲ့
ငတေကြီးလဲ သေပြီ
ဒါပြီးရင် စစ်တန်းရားပြန်ပါမယ်ပြောတဲ့
ငနဲယုတ်တသိုက်လဲ
မိုက်မဲပြီမိုက်လျက်ပဲ သူငယ်ချင်း၊
ပေါင်းစားလို့ကောင်းစားနေတဲ့ ကောင်တွေလဲဒုနဲဒေး
ဒါပေမဲ့
ငါတို့ဘယ်မှာရှိရှိ
ဘယ်သူဘယ်ရောက်နေနေ
ဘယ်သူဘာလုပ်လုပ်
တို့လူထု ဒုက္ခတွေဝေးစေဖို့
ဒီငါတို့မြေ ဒီငါတို့ရေ ဒီနိင်ငံအရေး
အဖြေမနှေး သစ္စာရှိကြေး နော်
သူငယ်ချင်း…….
တို့ သစ္စာရှိကြေး …..။
မီးဒုတ်

ခွပ်ဒေါင်းအလံအောက်မှာ ရန် ကုန် မြို့ကို ဒို့ သိမ်း မယ် ….ပြီးတော့ . .




ခွပ်ဒေါင်းတို့လာကြ
ပြည်သူနှင့်အတူတိုက်မည်
ပြည်သူနှင့်အတူအနိုင်ယူမည်
ပြည်သူ့အလံပြည်သူ့အသံ
ဒို့တော်လှန်ရေးရဲ့အလံ

ခွပ်ဒေါင်းအလံ တွေယူခဲ့ကြ။
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
ပွဲခံမယ်…..လာကြ …လာကြ။
မန္တလေး ၊ မုံရွာ ၊ ကလေး က လာကြ၊
တောင်ကြီး ၊ ပူတာအို ၊ မော်လမြိုင် က လာကြ၊
ဘားအံ၊ သရက်၊ အင်းစိန် ၊ သာယာဝတီ က လာကြ၊

ဘူးသီးတောင်၊ စစ်တွေ ၊ မြောင်းမြ ၊လွိုင်ကော်က လာကြ၊
မဲဆောက်၊ ဂျပန်၊ ကိုရီယား၊ က လာကြ၊
အမေရိကန် ၊ အင်္ဂလန် ၊ နော်ဝေ က လာကြ …လာကြ၊
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
ပွဲခံမယ်…လာကြ။
ရန်ကုန်က
 ဒို့တစ်လက်မ မှ မဆုတ်ခဲ့ဘူး၊
တစ်လက်မ မှလဲ မဆုတ်ဘူး၊
ရန်ကုန်မြို့ မှာဒို့နေမယ်

ရန်ကုန်မြို့ကိုဒို့ဝိုင်းမယ်။
ရန်ကုန်မြို့ကိုဒို့သိမ်းမယ်။
စိတ်ကူးထဲကပစ်မှတ်ကို
စိတ်ကူးထဲကမျှားနဲ့ပစ်တာတောင်
လွဲချော်နေတဲ့ကောင်တွေတော့
ခေါ်မလာနဲ့။
ခွပ်ဒေါင်းသွေးသည်နီ၏။
ခွပ်ဒေါင်းသွေးသည်ရဲ၏။
ခွပ်ဒေါင်းအလံကိုအမြင့်ဆုံးကိုလွင့်ထူကြစို့
ခွပ်ဒေါင်းအသံအား ကြားစေသော်…..
ပြည်သူသာတည်၏။
ပြည်သူသာတိုက်၏။
ပြည်သူသာနိုင်၏။
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
ပွဲခံမယ်…..လာကြ
လာကြ….လာကြ၊
ခွပ်ဒေါင်းတို့ …လာကြ….။  ။
                                 မီးဒုတ်(၈.၈.၂၀၀၉)
                               (၃.၈.၈၈၊မှ၈.၈.၀၉.အထိ)


Friday, September 11, 2009

ကြေငြာချက်


ယခုဆောင်ရွက်မည့် တတိယအကြိမ်သပိတ်အတွက် လှုပ်ရှားမှု့တိုင်း၊ ဆောင်ရွက်မှု့တိုင်းတွင် မြန်မာနိုင်ငံလုံးဆိုရာ သံဃာ့တပ်ပေါင်းစုကြီးနှင့်အတူ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ လိုက်လံ စည်းရုံးဟောပြောပေးခြင်း၊ထုတ်ပြန်ကြေငြာချက်များ ဝေငှပေးနေခြင်းများအား ပူးပေါင်းလုပ်ဆောင်နေပါသဖြင့် ယနေ့မှ စတင်ပြီး သံဃာ့တပ်ပေါင်းစုကြီးနှင့်အတူ အကောင်းဆုံး မြေသြဇာ အဖွဲ့တို့သည် နအဖ ဆန့်ကျင်စာဝေခြင်း၊သံဃာ့လှုပ်ရှားမှု့များ ပေါ်ပေါက်လာအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားဆောင်ရွက်နေခြင်းများအပြင် လှုပ်ရှားမှု့တိုင်းတွင် ပူးပေါင်း ပါဝင် ဆောင်ရွက် လှုပ်ရှားနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ပြည်သူလူထုကြီးအနေနှင့်လည်း သံဃာတော်များ၏ မည်သည့်လှုပ်ရှားမှု့များကို မဆို အားပေး ဝန်းရံ ပါဝင်လှုပ်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သံဃာထုကြီးအနေနှင့်လည်း နအဖ စစ်အာဏာရှင်တစု ၏ အလိမ်အညာ များကို မယုံစားကြပဲ ဘုရားသားတော် သံဃာတော်အချင်းချင်း ကျဉ်ဖယ်ခြင်းမှ လွတ်ကင်းစေခြင်းငှါ ဘုရားတပည့်တော်တို့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လှုပ်ရှားစေလိုပါတယ်။ မျိုးချစ်တပ်မတော်သားများ၊ပြည်သူ့ရဲများ၊ကြံဖွံ့အဖွဲ့ဝင်များနှင့်စွမ်းအားရှင် အားလုံးတို့မှလည်း မိမိတို့သည် နအဖ စစ်အာဏာရှင်တစု ၏ အမိန်ပေးခိုင်းစေမှု့ကြောင့် ဘုရားသားတော် သံဃာတော်တွေကို ရိုက်နှက်ပစ်သတ် ဖမ်းဆီးထောင်ချခြင်းအလုပ်များ ပြုလုပ်နေရခြင်း၊မိဘတို့ရဲ့ရင်နှင့်သည်းချာ သားသမီးရတနာများကို ရိုက်နှက်ပစ်သတ်ဖမ်းဆီးထောင်ချနေရခြင်း၊လူထုတရပ်လုံး ဆင်းရဲမွဲတေနေလို့ ဆန္ဒဖေါ်ထုတ်ရာတွင်လည်း ရိုက်နှက်ပစ်သတ်ဖမ်းဆီထောင်ချနေရခြင်း အလုပ်များသည် ကောင်းသော အလုပ်လား ၊ ဆိုးသော အလုပ်လား ဆိုတာ ကို သိရှိကြပြီး ဦးဇင်းတို့ သံဃာထုလှုပ်ရှားမှု့များတွင် ကျန် တက်ကြွ အဖွဲ့ဝင်များနှင်အတူ ကျန် လူထုတရပ်လုံးနှင့်အတူ ပြည်သူလူထုဘက်မှ ရပ်တည်သော နိုင်ငံသားကောင်း၊ပြည်သူ့သားကောင်း အဖြစ် ခံယူကာ ပူးပေါင်းပါဝင် လှုပ်ရှားကြဖို့ အတွက်တိုက်တွန်းနိုးဆော်လိုက်သည်။
- တတိယ အကြိမ် သံဃာ့ သပိတ် အောင်မြင်ရမည်။- မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး
သံဃာတပ်ပေါင်းစု အဖွဲ့ခွဲ ( ၁ / ၂ / ၃ )_

တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ပွဲအမေးအဖြေ


မတရားဖမ်းဆီးထားသော သံဃာတော်များအား လွှတ်ပေးရန်နှင့် သံဃာတော်များအပေါ်
သတ်ဖြတ်စော်ကားထားမှုများကို နအဖစစ်အစိုးရအာဏာပိုင်များက
အမြန်ဆုံးတောင်းပန်ရန်နှင့် မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅)
ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့ တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက
ကြေညာချက်ထုတ်ပြန်ထားသည်။ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ယင်းအဖွဲ့မှ
နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက
ဘာရည်ရွယ်ချက်နဲ့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ဖို့ ကြေညာချက်
ထုတ်ရတာပါလဲဘုရား။

ဖြေ။ ။ ၁၉၉၀ သပိတ်တုန်းက မန္တလေးမှာ ဆရာတော်ကြီးတွေက ဦးဆောင်ပြီး
သပိတ်မှောက်ခဲ့တယ်လေ။ အဲဒီမှာလည်း စစ်အစိုးရက သပိတ်မှောက်ကံကို
ကျူးလွန်လိုက်ပြီး သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က
ပြန်လည်ပြီး မတောင်းပန်တဲ့အပြင် ဆရာတော်ကြီးကိုယ်တိုင်ကို ထောင်ချတာ၊
နှိပ်စက်တာ၊ ကျောင်းတိုက်တွေကို စီးနင်းတာတွေ လုပ်ခဲ့တယ်။ အဲဒါတွေကို
ပြန်မတောင်းပန်တဲ့အတွက်ကြောင့် အဲဒီကတည်းက သပိတ်က မလှန်ရသေးဘူး။ သူတို့
သပိတ်မှောက်ကံကို ဆက်ကျူးလွန်တယ်ပေါ့။ ဒါပေမယ့် အဲဒီတုန်းက ဘယ်သူမှ
ထပ်ပြီးမလုပ်နိုင်ခဲ့ဘူး။ သပိတ်မလှန်သေး ပေမယ့် ငြိမ်နေခဲ့ကြရတယ်။
နောက်တခါ သူတို့က ၂၀၀၇ စက်တင်ဘာမှာ ဦးဇင်းတို့သံဃာတွေ
ငြိမ်းငြိမ်းချမ်းချမ်း မေတ္တာပို့ လမ်းလျှောက်တာကို သူတို့ကနေပြီးတော့
ဓာတ်တိုင်မှာကြိုးနဲ့တုပ်၊ ခေါင်းရိုက်ဆိုတဲ့အခါကျတော့ သပိတ်မှောက်ကံကို
ထပ်ကျူးလွန်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေပြီးတော့ သူတို့ကို
ထပ်ပြီးတော့ ဒုတိယအကြိမ် သပိတ်မှောက်ခဲ့တယ်။ အဲဒီမှာလည်း သူတို့က
ပြန်ပြီးတော့ သံဃာတွေကို မတောင်းပန်တဲ့အပြင် ထပ်ပြီးတော့တခါ ပစ်သတ်တာ၊
ကျောင်းတိုက်တွေကို သူပုန်စခန်းစီးသလိုလုပ်တာ၊ ဒါတွေကို သူတို့က
ထပ်ပြီးတော့ကျူးလွန်တယ်။ အဲဒီလိုမျိုး ကျူးလွန်ခဲ့တဲ့အတွက်ကြောင့်
ဦးဇင်းတို့က ဒီလိုတော့မဖြစ်ဘူး၊ ငါတို့သာသနာကို သူတို့ကနေပြီးတော့
အမြဲတမ်းပဲ စော်ကားချင်သလိုစော်ကား၊ လုပ်ချင်တိုင်း လုပ်နေရင်
ဘုရားရဲ့သာသနာဟာ အင်မတန်မှနစ်နာတယ်၊ သံဃာတွေလည်း နစ်နာတယ်။ အခုဆိုရင်
သံဃာတွေဟာ ထောင်ထဲမှာ အပြစ်မရှိဘဲနဲ့ နေနေရတာဟာ ကျန်သံဃာတွေအားလုံးအတွက်
ဝမ်းနည်းစရာလည်းကောင်းတယ်၊ ရင်နာစရာလည်းကောင်းတယ်။ အဲတော့ တတိယအကြိမ်
ဒီသံဃာတော်တွေပြန်လွတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အသတ်ဖြတ်ခံလိုက်ရတဲ့၊
အနှိပ်စက်ခံထားရတဲ့ သံဃာတော်တွေရဲ့ကိုယ်စား
လုပ်ပေးဖို့တာဝန်ရှိတယ်လို့ယူဆပြီး ပြည်တွင်းပြည်ပသံဃာတော်တွေ
အကုန်လုံးပေါင်းစည်း စည်းဝေးတိုင်ပင်ပြီးတော့ ငါတို့
မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းများနဲ့ညီတဲ့ ဒီ တတိယအကြိမ် သပိတ်တော့
ဆင်နွှဲမှဖြစ်မယ်ဆိုပြီးတော့ ဦးဇင်းတို့ လာမယ့် သီတင်းကျွတ်လပြည့် (၁၅)
ရက်၊ (၃-၁၀-၂၀၀၉) စနေနေ့ ပ၀ါရဏာနေ့ကို အတည်ပြုပြီး ပတ္တနက္ကုဇ္ဇနကံဆောင်
သပိတ်မှောက်ဖို့ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘာကြောင့် အခုလို ပ၀ါရဏာနေ့ကိုမှ ရွေးချယ်ပြုလုပ်တာပါလဲ ဘုရား။

ဖြေ။ ။ အဲဒါကတော့ ပ၀ါရဏာပွဲဆိုတာ သံဃာတော်တွေကိုယ်တိုင်ပင် တပါးနဲ့တပါး
အပြစ်တွေရှိရင် ဆုံးမပါ၊ ပြောဆိုပါဆိုပြီး
ဝန်ချတောင်းပန်ကြရတဲ့ပွဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အများကလည်း
ဒါကိုအတုယူပြီးတော့ သီတင်းကျွတ်လို့ရှိရင် လူကြီးသူမ မိဘတွေကို
ကန်တော့ကြတယ်၊ တောင်းပန်ကြတယ်၊ အပြစ်တွေကို ၀န်ချကြတဲ့ အစဉ်အလာရှိပါတယ်။
ပြီးတော့ ပ၀ါရဏာနေ့မှာ ဆိုလို့ရှိရင် သံဃာတော်တွေအားလုံးဟာ
စည်းရုံးညီညွတ်စွာနဲ့ သိမ်တွေအသီးသီးမှာ တမြို့နယ်ကို
မိမိတို့ရဲ့ပ၀ါရဏာပြုရာ ဂိုဏ်းဌာနကြီးတွေကို အကုန်လုံးစုပြီးတော့
ပ၀ါရဏာပြုကြရပါတယ်။ အဲတော့ သံဃာတော်အားလုံး ကလည်း ညီညီညွတ်ညွတ်နဲ့
စုစည်းတဲ့အချိန်တချိန်ကို ပြောပါဆိုရင် တနှစ်မှာ
ပ၀ါရဏာပြုတဲ့အချိန်တချိန်ပဲ ရှိပါတယ်။ အဲဒါကြောင့်မို့
အားလုံးစုစည်းညီညာတဲ့အချိန်မှာ ငါတို့သံဃာတော်တွေပင် တပါးနဲ့တပါး
ဝန်ချတောင်းပန်ကြသေးတာ၊ နအဖစစ်အစိုးရအနေနဲ့လည်းပဲ
သူတို့ကျူးလွန်ထားတဲ့အပြစ်တွေကို သေချာကျနလာပြီးတော့ တောင်းပန်မယ်၊
ဆရာတော်တွေကို ပြန်လွှတ်မယ်ဆိုလို့ရှိရင် ဒီအချိန်ဟာ ဗုဒ္ဓဘာသာကောင်းလို့
သူတို့ကိုယ်သူတို့ ဟစ်ကြွေးနေကြတဲ့ သူတွေအနေနဲ့ လာပြီးတော့
တောင်းပန်ရမယ်၊ သံဃာတော်တွေကို လွှတ်ပေးရမယ်။ နိုင်ငံကြီးပြေလည်တဲ့အထိ
သွားရမယ်ဆိုတဲ့ ဒီလိုရည်ရွယ်ချက်တွေနဲ့ ဦးဇင်းတို့က ပ၀ါရဏာနေ့ကို
ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့
တောင်းဆိုချက်ကို နအဖစစ်အစိုးရက လိုက်နာလိမ့်မယ်လို့ ထင်ပါသလားဘုရား။

ဖြေ။ ။ ဒါကတော့ နှစ်ပိုင်းရှိပါတယ်။ နှစ်ပိုင်းဆိုတာက
ဦးဇင်းတို့သံဃာတော်တွေ လုပ်ရမယ့်အပိုင်းနဲ့ စစ်အစိုးရ
လုပ်ရမယ့်အပိုင်းဆိုပြီး ရှိပါတယ်။

ဦးဇင်းတို့သံဃာတော်တွေက မြတ်စွာဘုရားချမှတ်ထားတဲ့ ၀ိနည်းကံတွေနဲ့ညီလာရင်
မြတ်စွာဘုရားရဲ့ အာဏာဒေသနာတော် ခေါ်တယ်။ ဒါမလုပ်မဖြစ်လုပ်ရပါတယ်။
ပတ္တနိက္ကုဇ္ဇနကံဆိုတာလည်း မြတ်စွာဘုရားလက်ထက်ကတည်းက လိစ္ဆ၀ီမင်းသားက
သံဃာတော်တွေကို စော်ကားခဲ့တဲ့အတွက်ကြောင့် မြတ်စွာဘုရားက အချက် (၈)
ချက်ထုတ်ပေးထားခဲ့တယ်။ ဒီအချက်တွေနဲ့ ညီလာလို့ရှိရင် မင်းတို့သာသနာမှာ
မခံကြနဲ့၊ ပတ္တနိက္ကုဇ္ဇနကံ ကမ္မ၀ါကိုရွတ်ဆိုပြီးတော့ ကျူးလွန်တဲ့သူတွေကို
သပိတ်မှောက် ကံဆောင်ရမယ်လို့ မြတ်စွာဘုရားက အမိန့်အမှာရှိခဲ့တယ်။
ဝိနည်းဥပဒေတော်ရှိခဲ့တဲ့အတွက်ကြောင့် ဦးဇင်းတို့သံဃာတော် တွေက
မြတ်စွာဘုရားရဲ့ဝိနည်းကျင့်ဝတ်ကို လေးစားလိုက်နာရမယ့်၊
မဖြစ်မနေလုပ်ဆောင်ရမယ့် သာသနာ့ဝန်ထမ်းတွေရဲ့ အလုပ်တခုဖြစ်ပါတယ်။
ဒါကြောင့် နအဖစစ်အစိုးရအနေနဲ့ သံဃာတော်တွေအပေါ် ကျူးလွန်စော်ကားခဲ့တာဟာ
သာသနာတော်ကို စော်ကားရာရောက်နေတဲ့အတွက်ကြောင့်
မြတ်စွာဘုရားရဲ့ဝိနည်းကံနဲ့အညီ သံဃာတော်တွေစုပေါင်းပြီး
ဆုံးဖြတ်ကြတာဖြစ်ပါတယ်။ ဒါကသံဃာတော်တွေ လုပ်ရမယ့်အပိုင်းဖြစ်ပါတယ်။

စစ်အစိုးရအနေနဲ့ လုပ်ရမယ့်အပိုင်းက သူတို့အပိုင်းဖြစ်တယ်။ ဦးဇင်းတို့က
ဒီလိုလုပ်ရတာကလည်း ဆက်ပြီးတော့ အကုသိုလ်တွေ ကျူးလွန်နေကြရင်
မဟာအ၀ီစိငရဲကို ကျသွားနိုင်ကြတယ်။ ဒါကြောင့် ဒီလို ပတ္တနိက္ကုဇ္ဇနကံနဲ့
သတိပေးလိုက်ရင်၊ သူတို့လည်း လာပြီးတောင်းပန်လိုက်ရင်၊ ဆက်ပြီးတော့
အကုသိုလ်ကံတွေ မကျူးလွန်တော့ဘူးဆိုရင် သာသနာတော်အတွက်
အင်မတန်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်၊ နိုင်ငံကြီးလည်း ကျကျနန ပြေလည်သွားမယ်။
သူတို့ရဲ့အပိုင်းက သူတို့တတွေသည် ဗုဒ္ဓဘာသာကောင်းလို့
ယနေ့ဟစ်ကြွေးနေကြတဲ့အတွက်ကြောင့် တကယ်မှန်လို့ရှိရင် ဒီလုပ်ရပ်ဟာ
မြတ်စွာဘုရားချမှတ်ထားတဲ့ လုပ်ရပ်ဖြစ်တယ်။ တရားတော်တွေရဲ့လုပ်ရပ်ဖြစ်တယ်။
သံဃာတော်တွေရဲ့ လုပ်ရပ်ဖြစ်နေတဲ့အတွက်ကြောင့် သူတို့ဟာ ဒါကိုကျကျနန
လိုက်နာဖို့လိုပါတယ်။

မေး။ ။ မြတ်စွာဘုရားချမှတ်ထားတဲ့ သပိတ်မှောက်ကံဆောင်ဖို့ အင်္ဂါ (၈)
ချက်က ဘာတွေပါလဲဘုရား။

ဖြေ။ ။ မြတ်စွာဘုရားက သပိတ်မှောက်ကံဆောင်ဖို့အတွက် ချမှတ်ထားတဲ့အချက်
(၈) ချက်ရှိပါတယ်။ အဲဒီ (၈) ချက်ထဲက တချက်ချက်ညီခဲ့ရင်တောင်မှပဲ
သပိတ်မှောက်ကံဆောင်လို့ရပါတယ်။ အခုကတော့ (၈) ချက်စလုံးနဲ့ ညီနေပါတယ်။
အဲဒါတွေ ကတော့ နံပါတ် (၁) က ရဟန်းတို့အား လာဘ်မရအောင်
ပြု၏ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို ပစ္စည်းလေးပါးတွေ လိုက်ပိတ်တာပေါ့။
သပိတ်မှောက်ကံဆောင်တဲ့ ကျောင်းတွေကို မသွားရအောင်၊ ဗုဒ္ဓဘာသာဝင်တွေ
လာလှူတာတွေကို မလှူနဲ့၊ လက်မခံနဲ့။ အန်အယ်လ်ဒီရုံးတွေက
ပင့်ဖိတ်တာမျိုးတွေကို မကြွရဆိုတဲ့ အမိန့်တွေထုတ်တာဟာ သံဃာတော်တွေရဲ့
လာဘ်လာဘကို ဖျက်ဆီးခြင်းဖြစ်ပါတယ်။ (၂) အချက်က သံဃာတော်တွေကို
နေရာမရအောင်လုပ်တာပေါ့။ နေမြဲကျောင်း မနေရအောင် ပြု၏ ဆိုတဲ့အချက်ပါ။
အများသိတဲ့အတိုင်းပဲ သံဃာတော်တွေဟာ ကျောင်းတိုက်တွေမှာ မနေရဲတော့ဘူး။
တခြားတိုင်းပြည်တွေကို ထွက်ပြေးနေရတယ်၊ တချို့လူဝတ်တွေလဲနေရတယ်၊
တချို့ပုန်းရှောင်နေကြရတယ်။ နောက် နံပါတ် (၃) အချက်က ရဟန်းတို့ကို
ဆဲရေးကြိမ်းမောင်း၏ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါလည်း
အားလုံးမြင်ကြတဲ့အတိုင်းပါပဲ၊ သံဃာတော်တွေကို လိုက်ခြိမ်းခြောက်တဲ့အတွက်
ကျောင်းတိုက်တွေထဲ မနေရဲ ဖြစ်နေကြရပါတယ်။ နံပါတ် (၄) ကတော့ ရဟန်းချင်း
ကွဲပြားအောင်ပြု၏ ဆိုတဲ့အချက်ပါ။ သံဃာတော်တွေကို အချင်းချင်းကွဲပြားအောင်
မိမိတို့စည်းရုံးလို့ရတဲ့ သံဃာတော်တော်တွေက တဖက်၊ မြတ်စွာဘုရားရဲ့
ဝိနည်းလိုက်နာတဲ့ သံဃာတော်တွေကတဖက် ဆိုပြီး နှစ်စုကွဲအောင်၊ သူတို့ကို
လိုက်နာအောင် အတင်းအမိန့်တွေထုတ် လုပ်တာဟာလည်းပဲ သံဃာအသင်းကွဲအောင်
လုပ်တာပါပဲ။ နောက် နံပါတ် (၅) ဘုရားဂုဏ်ကျေးဇူးမဲ့ဆို၏။ နံပါတ် (၆)
တရားဂုဏ် ကျေးဇူးမဲ့ဆို၏။ နံပါတ် (၇) သံဃာဂုဏ် ကျေးဇူးမဲ့ဆို၏
ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ တချက်ချင်းဆိုရင် ဘုရားကို စော်ကားတာ၊ တရားကို
စော်ကားတာ၊ သံဃာကိုစော်ကားတာ ဖြစ်ပါတယ်။ နံပတ် (၈) ကတော့
အကျိုးမဲ့ဘေးရန်ဖြစ်အောင်ပြု၏ ဆိုတဲ့အချက်ပါ။ ဒါကတော့ သာသနာတော်အတွက်
အကျိုးမရှိတာတွေကို ခွင့်ပြုတာဖြစ်ပါတယ်။ ကျောင်းဝိုင်းတွေမှာ
လောင်းကစားဝိုင်းတွေ ခွင့်ပြုတာတို့၊ သံဃာတော်တွေကို
ဘာသာရေးမလုပ်နိုင်အောင် ကျောင်းတွေမှာ စောင့်ကြည့်စစ်ဆေးတာတို့
ဖြစ်ပါတယ်။

မေး။ ။ သံဃာတော်တွေ သပိတ်မှောက်ကံဆောင်ဖို့အတွက် ပြည်တွင်းပြည်ပအနေနဲ့
ဘယ်လိုအစီအစဉ်များ ရှိပါလဲဘုရား။

ဖြေ။ ။ ဒီတခါလုပ်မယ့် တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာမှာ
ထူးခြားတဲ့အချက်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို မလိုက်နာတဲ့
သံဃာတော်တွေ၊ နအဖနဲ့ပေါင်းတဲ့သံဃာတော်တွေကို ဦးဇင်းတို့က
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးတွေ၊
အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့ကြီးတွေ၊
ပြည်တွင်းသံဃာအဖွဲ့တွေကနေပြီးတော့ တံဆိပ်တွေရိုက်နှိပ်ပြီး ဒီသံဃာဟာ
မြတ်စွာဘုရားရဲ့ ၀ိနည်းကံတွေကို မလိုက်နာဘူး။ သံဃာတော်တွေကိုချမှတ်ထားတဲ့
လမ်းစဉ်ကို မလိုက်နာဘဲနဲ့ စစ်မိစ္ဆာများနဲ့ သွားပေါင်းတဲ့အတွက်ကြောင့်
သူ့ကို သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယကံဆောင်လိုက်ပါသည်။
ပြည်သူပြည်သားအပေါင်းကလည်း ပစ္စည်းလေးပါး လှူဒါန်းခြင်း လုံးဝမပြုရ
ဆိုတာတွေကို ဦးဇင်းတို့က ကြေညာချက်တွေ ထုတ်မယ်။ တနိုင်ငံလုံးကို
ဖြန့်မယ်။ ၀က်ဘ်ဆိုက်တွေ အင်တာနက်တွေပေါ်တင်မယ်။ သတင်းမီဒီယာတွေကို
ပို့ပြီး ဖော်ပြမှာဖြစ်ပါတယ်။

မေး။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာကို ထပ်မံရှင်းပြပေးစေလိုပါတယ် ဘုရား။

ဖြေ။ ။ ပကာသနီယ ကံဆောင်တယ်ဆိုတာ သံဃာအဖြစ်ကနေ
ကျဉ်ပယ်ပစ်ခြင်းကိုဆိုတာပါ။ ဒါပေမယ့် ရဟန်းမဟုတ်တော့ဘူးလို့
ပြောတာမဟုတ်ဘူး။ ပေါင်းသင်းဆက်ဆံခြင်းမပြုရလို့ ပြောတာ။ အဲဒီသံဃာကနေပြီး
ပြန်လည်ပြီး တောင်းပန်လာမယ်၊ သူကမှားကြောင်း ၀န်ခံလာမယ်၊
သံဃာတွေကျေနပ်တဲ့အထိ ပြန်တောင်းပန်မယ်ဆိုရင် သူ့ကို
လွတ်ငြိမ်းချမ်းသာခွင့် ပြန်ပေးလို့ရတယ်။ သံဃာမဟုတ်တော့ဘူးလို့
သူ့ကိုပြောတာမဟုတ်ဘူး။ သူ့အပြစ်ကို ၀န်ချတောင်းပန်မှု မရှိမချင်း သူ့ကို
ပေါင်းသင်းဆက်ဆံခြင်းမပြုရဘူးလို့ ပြောတာ။

မေး။ ။ ၂၀၀၇ ခု စက်တင်ဘာမှာ သံဃာတွေ သပိတ်မှောက်ကံဆောင်တုန်းက
သံဃာတွေနဲ့အတူ ပြည်သူတွေက တခဲနက် နောက်ကလိုက်ပြီး ထောက်ခံအားပေး
ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ အခုလို တတိယအကြိမ် သံဃာသပိတ်မှောက်မယ်ဆိုရင်
ပြည်သူလူထု အနေအထားဘယ်လိုရှိမယ် ထင်ပါသလဲဘုရား။

ဖြေ။ ။ ဒါက ပြည်တွင်းမှာ ဦးဇင်းတို့ကိုယ်တိုင်လည်း
စည်းရုံးလုပ်ခဲ့တာဆိုတော့ သိတယ်လေ။ ၂၀၀၇ မတိုင်ခင်က သံဃာထုကြားရော၊
လူထုကြားရော စည်းရုံးရတာ အတော်လေးခက်တယ်။ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ
သူတို့က မျက်ဝါးထင်ထင်တွေ့လိုက်ရ၊ မြင်လိုက်ရ၊ ဗွီဒီယိုတွေက ကြည့်လိုက်ရ၊
ကိုယ်တိုင်လည်း ခံစားလိုက်ရတဲ့အခါမှာ သံဃာတွေရော၊ လူတွေရောဟာ
လုံးဝမကျေနပ်ဘူး။ တော်တော်ပေါက်ကွဲသွားတယ်။ လက်ရှိစစ်အုပ်ချုပ်သူတွေဟာ
သာသနာတော်ကို ဖျက်ဆီးနေသူတွေ၊ သာသနာတော်ရဲ့ရန်သူတွေပဲဆိုတာ
မျက်ဝါးထင်ထင်တွေ့သွားတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ပြည်သူတွေက
အရန်သင့်ဖြစ်နေကြတယ်။ အရင်တုန်းက နိုင်ငံရေးကိုစိတ်ဝင်စားအောင်
လိုက်ပြောရတာ။ အခုက သူတို့က အဆင်သင့်ဖြစ်နေကြတယ်ဆိုတာ သိရတယ်။ ၂၀၀၇
ခုနှစ်ထက် ပြင်းထန်သွားမယ်လို့ ဦးဇင်းတို့တော့ သုံးသပ်လို့ရပါတယ်။
သံဃာတော်တွေကို နှိပ်စက်ခဲ့တယ်ဆိုတဲ့ ပေါက်ကွဲမှုကလည်း တချက်၊ နောက်တချက်က
နာဂစ်ပေါ့။ နာဂစ်မှာလည်း ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကိုတောင်မှ စစ်အစိုးရက
မသနားဘူး၊ အင်မတန်မှ ရက်စက်တယ်။ လှူဒါန်းနေတဲ့သူတွေအပေါ်လည်း
ဖြတ်စားတယ်ဆိုပြီးတော့ မကျေနပ်ချက်က ပိုလာတယ်။ နောက်တချက်က
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲလုပ်တုန်းက မဲပေးတဲ့ကိစ္စမှာလည်း လူတွေက
ငါတို့ဘာသာရွေးချယ်ခွင့်မရှိဘဲနဲ့ အတင်းအဓမ္မ လုပ်သွားတယ်ဆိုပြီး
မကျေနပ်ကြဘူး။ နာဂစ်ကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး
အသက်သွေးကြောဇုန်တခု ပြတ်တောက်သွားတဲ့အတွက် စီးပွားရေးကျပ်တည်းမှုဟာ
အရင်ကထက် အဆပေါင်းမြောက်မြားစွာပြင်းထန်လာတယ်။ နိုင်ငံရေးအရဆိုလည်း ၂၀၀၇
တုန်းက နိုင်ငံရေးသမားတွေက နောက်ကိုနည်းနည်းဆုတ်လို့ရသေးတယ်။ အခုကျတော့
သူတို့နောက်ကို ဆုတ်လို့မရတော့ဘူး၊ အဖြေတခုပေးသွားပြီ။ ဘာလုပ်မှာလဲလို့
အချက်ပေးလိုက်ပြီ။ ဒါကြောင့် နိုင်ငံရေးစံချိန်အရ ပြောရင်လည်း ဒီအချိန်က
အမြင့်ဆုံးဖြစ်နေတယ်။ နိုင်ငံရေးအခြေအနေအရရော၊ စီးပွားရေး အခြေအနေ အရရော
ဆုံချက်ညီနေတာလည်း ပါတာပေါ့။ အားလုံးက ဘာမှနောက်ထပ်ရွေးချယ်စရာ
မရှိတော့ဘူး။ ဒီတချိန်အောင်မြင်အောင် လုပ်ရင်လုပ်၊ မလုပ်ရင် ထာဝရ
စစ်ဖိနပ်အောက်မှာနေရမယ်ဆိုတာ လူတိုင်းက သိသွားတယ်။ ဒါကြောင့်
စံချိန်တွေအားလုံးဟာ ဆုံချက်ညီနေတဲ့ပွဲဖြစ်နေတယ်။

မေး။ ။ ဦးဇင်းတို့ သပိတ်မှောက်ကံဆောင်မယ့် ကိစ္စကို သံဃာ့မဟာနာယကအဖွဲ့က
ဆရာတော်ကြီးတွေနဲ့ရော ညှိနှိုင်းမှု ရှိပါသလားဘုရား။

ဖြေ။ ။ စာတွေပို့တာ၊ စကားပြောဆိုတာတွေတော့ သွားနေတယ်။ ဆက်ပြီးတော့လည်း
ဆရာတော်ကြီးတွေဆီကို သတင်းပို့မယ်၊ မီဒီယာတွေကနေလည်း ပြောမယ်။
ဆက်ပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်မှာပါ။ ဆရာတော်ကြီးတွေအနေနဲ့
ဝိုင်းဝန်းလာမယ်ဆိုရင်တော့လည်း ပိုပြီးအောင်မြင်တာပေါ့လေ။
သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲလေ။ သာသနာရဲ့ဝန်ကို ထမ်းဖို့ပဲ၊
နအဖရဲ့ဝန်ကို ထမ်းဖို့မဟုတ်ဘူး။ ဒီလို သာသနာ့ဝန်ကို ဆရာတော်ကြီးတွေက
ဝိုင်းဝန်း ထမ်းဆောင်မယ်ဆိုရင်တော့ ၀မ်းသာစရာပါ။

မေး။ ။ မြန်မာပြည်သူတွေကို ဘာများမှာကြားလိုပါသလဲဘုရား။
ဖြေ။ ။ ပြည်သူတွေကို ပြောချင်တာကတော့ မိမိတို့သာသနာကို
မိမိတို့အသက်ပေးကာကွယ်မှ ရပါမယ်။ မိမိတို့ကနေပြီးတော့ ငါတို့သာသနာကို
ဖျက်ဆီးနေတာပဲဆိုပြီးတော့ အိမ်ထဲထိုင်ပြီး လက်သီးဆုပ်နေလို့မရပါဘူး။
မိမိတို့ရဲ့သာသနာကို ဘယ်လိုကာကွယ်မှာလဲ။ အဲတော့ လူထုအားဆိုတာ
တကယ်ညီညွတ်လို့ရှိရင် ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုမျိုး
ပြည်သူပြည်သားတွေ ညီညွတ်လာလို့ရှိရင် ဘယ်လိုအစိုးရမျိုးမှ
ရပ်တည်လို့မရပါဘူး။ ပြည်သူလူထုက သန်း (၅၀) ကျော်ရှိပါတယ်။
စစ်တပ်အရေအတွက်ဆိုတာ အင်မတန် နည်းပါးပါတယ်။ စစ်တပ်ထဲမှာတောင် ဗုဒ္ဓဘာသာ
အများစုဖြစ်နေ ကြပါတယ်။ အမိန့်ပေးခိုင်းနေတာ အထက်ကခေါင်းဆောင်
လက်တဆုပ်စာလောက်ပဲရှိပါတယ်။ သူတို့ရဲ့အမိန့်ကိုလည်း ၀န်ထမ်းတွေအားလုံးက
မလိုက်နာသင့်ဘူး။ ပြည်သူလူထုကို မှာကြားလိုတာကတော့ တကယ်ကို ဒီတခါ
သံဃာတော်တွေက သပိတ်မှောက်ကံဆောင်ပြီဆိုတာနဲ့ တတိုင်းပြည်လုံး ချီတက်ရမယ်၊
သံဃာတော်တွေကို ၀န်းရံရမယ်၊ ငါတို့အသက်တွေ သေချင်သေပစေဟေ့၊
ငါတို့သာသနာတော်ကိုတော့ ငါတို့အသက်နဲ့လဲပြီးကာကွယ်မယ်လို့
သန္နိဋ္ဌာန်ချပြီးတော့ တနိုင်ငံလုံးကာကွယ်ကြပါလို့ ဦးဇင်းအနေနဲ့
ပြောကြားလိုပါတယ်။

Yangon Football Club ကို ဆန့်ကျင်ကြပါ။

Air Bagan တေဇ ကတော့ သူ့ရဲ့ Yangon Football Club ကို ပွဲထုတ်ပြီး ဘောလုံးချစ်သူတွေကို စည်းရုံးနေတာ ကြားလိုက်ရပါတယ်။ ငွေတွေအများကြီးအကုန်ကျခံပြီး တစ်ပွဲပြီးတစ်ပွဲ လုပ်ပေးနေတာကို မြန်မာဘောလုံးပရိသတ်ကြီးလဲ နှစ်သက်နေမိမယ်ထင်ပါတယ်။ အားကစားကိုမြှောက်စားတာဟာကောင်းပါတယ်။ အပေါ်ယံကြည့်ရင် ဒါဟာဘယ်သူမှ မထိခိုက်ဘဲ ပျော်စရာကိစ္စလို့ ယူဆမိကြပါလိမ့်မယ်။
ဒါပေမယ့် ခပ်နက်နက်လေး တွေးကြည့်ရအောင်ပါ….
ဿ။ တေဇဘယ်သူလဲ ……ဘာတွေလုပ်ခဲ့သလဲ……..
ဝ။ ဒီဘောလုံးပွဲတွေအတွက် ဗရမ်းဗတာပုံအောသုံးနေတဲ့ငွေတွေက ဘယ်သူ့ငွေတွေလဲ ……
၁။ ဒီအတွက် တစ်ယောက်ယောက်နစ်နာနေပြီလား ……..
တေဇဆိုတာ ပြည်သူသန်း ၅ှ လုံးရဲ့ အမွေဆိုင်ဖြစ်တဲ့ မြန်မာ့သယံဇာတအရင်းအမြစ်တွေ၊ ရပိုင်ခွင့်တွေကို အပိုင်စီးပြီး အရင်းအနှီး လုပ် စီးပွားရှာနေတဲ့သူပါ။ သူတစ်ဦးထဲကောင်းစားရေးတင်မကဘဲ စစ်အာဏာရှင်တွေအတွက်ပါ တိုင်းပြည်ကို ပြိုင်ဘက်မရှိရောင်း စားနေတဲ့သူပါ။ ပြည်သူကိုအနိုင်ကျင့်၊ သာသနာစော်ကား၊ လူကောင်းတွေ ထောင်ချတဲ့ စနစ်ကို အသက်ဆက် ပေးနေတာ တေဇပါ။ စစ်အာဏာရှင်တစုအတွက် တိုင်းပြည်ကို ရောင်းစားနေတာ တေဇပါ။
နိုင်ငံခြားက သူတင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကနေ တိုင်းပြည်အတွက်အခွန်မရပါဘူး၊ သူတို့ရဲ့ ကြီးမားတဲ့အမြတ်အစွန်းတွေဆီက တိုင်းပြည်အတွက် အမြတ်ခွန်မရပါဘူး။ တကယ်ဆိုရင် ဒီအခွန်အခတွေကောက်ပြီး ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ှန်ထမ်းလခ၊ လျှပ်စစ်မီး၊ စည်ပင်သာယာရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး တွေမှာ သုံးစွဲရမှာပါ။ တိုတိုပြောရရင်တော့ ဆင်းရဲတဲ့ပြည်သူတွေအတွကှ်န်ဆောင်မှုပေးရမယ့် သန်းထောင်ချီတဲ့ငွေတွေ လစဉ်သူတို့အိတ်ထှဲင်သွားတာပါပဲ။ ပြည်သူတွေမှာတော့ ဒှီန်ဆောင်မှုတွေမရဘဲ နေရာတကာကိုယ့်အိတ်ထဲက စိုက်သုံးနေရပါတယ်။ မြန်မာတွေ နှစ်ခါနာနေမှန်းမသိကြတာ ရင်နင့်စရာပါ။
ဒီဘောလုံးပွဲတွေ၊ အတာသင်္ကြန်ပွဲတွေမှာ တေဇသုံးဖြုန်းနေတဲ့ငွေတွေဟာ ပြည်သူသန်း ၅ှ ရဲ့သွေးချွေးတွေပါ။ ရက်ရောတယ်လို့ အထင်မစောပါနဲ့။ ဒီငွေပမာဏဟာလဲ သူတို့သားသမီးတွေရဲ့ မုန့်ဖိုးလောက်ပဲရှိပါတယ်။ အားလုံးကို ရိုက်စားလုပ်သွားပြီး ဘောလုံးပွဲလေးနဲ့ အချိုသတ်တာကို ပျော့သွားမယ်ဆိုရင်တော့ ရှက်စရာကောင်းမှာပါ။
လူတစ်ဦးအနေနဲ့ တေဇဟာယဉ်ကျေးသူ၊ ခင်တတ်သူဖြစ်ချင်လဲဖြစ်မယ်။ ဒါပေမယ့် သူနဲ့သူ့အပေါင်းပါစစ်အုပ်စုရဲ့ စနစ်ဟာ ဂုတ်သွေး စုတ်၊ အနိုင်ကျင့်တဲ့စနစ် ဖြစ်နေပါတယ်။ Person (လူ) နဲ့ System (စနစ်) ကို ခွဲခြားမြင်ကြဖို့လိုပါတယ်။ ဥပမာ - ဗိုလ်ချုပ် အောင်ဆန်း၊ ဂန္ဒီတို့ အင်္ဂလိပ်ကို ဆန့်ကျင်တာဟာ သူတို့လူမျိုးတွေကို ဆန့်ကျင်ခဲ့တာမဟုတ်ပါဘူး။ မတရားတဲ့စနစ်ကို ဆန့်ကျင်ခဲ့ ကြတာပါ။ အခုလဲ မတရားတဲ့စနစ်ဆိုးရဲ့ ဦးဆောင်သူတွေကို အနုနည်းနဲ့ဆန့်ကျင်ဖို့ အခွင့်အရေးပေါ်လာပါပြီ။
ဘောလုံးပွဲသွားအားမပေးတဲ့အမှုနဲ့ ထောင်မကျနိုင်ပါ၊ ဘောလုံးပွဲသွားမကြည့်လို့ အသက်တရက်တိုမသွားပါ။ ဘောလုံးပွဲမသွားလို့ စွမ်းအားရှင်တွေလာမရိုက်ပါ။ သေနတ်နဲ့ အပစ်မခံရနိုင်ပါ။
သံဃာတော်တွေ၊ ကျောင်းသားတွေ သတ္တိရှိရှိလုပ်ခဲ့သလို အသက်စွန့်ပြီးဆန္ဒပြဖို့ တိုက်တွန်းနေတာမဟုတ်ပါ။
Yangon Football Club ကို ဆန့်ကျင်ကြပါ။
Yangon Football Club ကန်တဲ့ပွဲတွေကို အားမပေးကြပါနဲ့။

သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများဖွဲ့စည်းပုံ


အဖွဲ့ခွဲ( ၁) ရန်ကုန်မြို့၊ရန်ကုန်တိုင်း

၁။ဦးဝေပုလ္လ…(မရမ်းကုန်း)

၂။ဦးကုသလ…မရမ်းကုန်း

၃။ဦးပညာသာမိ……တာမွေ

၎။ဦးနန္ဒစာ၇ိယ……ရွှေပြည်သာ

၅။ဦးပညာဇောတ……ရွှေပြည်သာ

၆။ဦးအိဒ္ဒြိယ…………လှော်ကား

၇။ဦးမေတ္တာစာရ……လှိုင်သာယာ

၈။ဦးသောမ…………မှော်ဘီ

၁၀။ဦးနန္ဒစရိယ(၂)……အင်းစိန်

သံဃာ့တပ်ပေါင်းစုအဖွဲ့ခွဲအမှတ်(၁)ကိုအသစ်တိုးချဲ့ဖွဲ့စည်းလိုက်ပါသည်။ယခုတိုးချဲ့ဖွဲ့စည်းလိုက်သောသံဃာ့ခေါင်းဆောင်များမှဦးဆောင်ကာတတိယအကြိမ်သံဃာ့သပိတ်ကိုအောင်မြင်စွာဆောင်ရွက်သွားပါမည်။လာမည့်စက်တင်ဘာနှစ်ပတ်လည် 20 ရက်နေ့မှစတင်ကာ န အ ဖ စစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ထုတ်ပြန်ထားသော ကြေငြာချက်ကိုသံဃာတပ်ပေါင်းစုအဖွဲ့ခွဲများမှဖတ်ကြားကာသတင်းဌာနများသို့ပေးပို့၍လည်းကောင်း ဌာနဆိုင်ရာအသီးသီးသို့ လိပ်မူတပ်၍လည်းကောင်း ပေးပို့ရမည်ဖြစ်ပါသည်။မြတ်စွာဘုရားရှင်၏ ချမှတ်ထားသောဝိနည်းဥပဒေတော်နှင့်အညီဆောင်ရွက်ထားသောသံဃာ့အားလုံးစုပေါင်းညီညွတ်မှုအထိမ်းအမှတ်သံဃာသပိတ်ကိုအားလုံးပါဝင်ဆင်နွဲကြရန်သံဃာတော်များအားလုံးတွင်တာဝန်ကိုယ်စီရှိကြပါသည်။မိမိတို့ကျရာတာဝန်ကိုမပျက်မကွက်လိုက်နာဆောင်ရွက်ကြပါရန်ရိုသေစွာလျှောက်ထားအပ်ပါသည်။သံဃာတော်များအားလုံးသဘောတူဆောင်ရွက်ထားသောသံဃာကိစ္စကိုမလိုက်နာပဲဆန့်ကျင်ကာနအဖစစ်အစိုးရနှင့်ဆက်လက်ပေါင်းသင်းသောသံဃာတော်များကိုသံဃာထုတစ်ရပ်လုံးမှ ဘွဲ့အမည်………မိဘအမည်……….ကျောင်းတိုက်အမည်……………..

မြို့ရွာအမည် များထုတ်ပြန်ကာ ပကာသနီယကံပြုကာ သံဃာအဖြစ်မှကျဉ်ဖယ် လိုက်ကြောင်းနှင့် ပြည်သူလူတစ်ရပ်လုံးမှယခုထုတ်ပြန်ထားသော သံဃာအားပစ္စည်းလေးပါးလှူဒါန်းခြင်းလုံးဝမပြုရန် တရားဝင်စာရွက်များထုတ်ဝေကာမြန်မာတစ်နိုင်ငံလုံးအနှံ့ဖြန့်ဝေမည်ဖြစ်ပါသည်။အင်တာနက်ဝက်ဆိုက်များ၊ ဘလော့များ တွင်ဆက်တိုက်ဖေါ်ထုတ်ကြေငြာမည်။R F A ,V O A, B B C ,D V B စသည့်သတင်းဌာနများသို့လည်းပေးပို့ကာကြေငြာသွားမည်ဖြစ်ပါသည်။E Mail ပေါင်းများစွာ

မှလည်းဖြန့် ဝေဖေါ်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုဆောင်ရွက်မည့် သပိတ်သည် အောင်မြင်သည်အထိလုံးဝအရှုံးမပေးပဲဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက်သာသနာတော်အတွက်အလွန်အရေးကြီးပါသည်။မိမိတို့အောင်မြင်အောင်မဆောင်ရွက်နိုင်ပါက မြတ်စွာဘုရားသာသနာတော်သည် စစ်မိစ္ဆာများ၏အောက်တွင်သူတို့လုပ်ချင်သလိုလုပ် အနိုင်ကျင့်တာမှန်သမျှခေါင်းငုံခံ သံဃာတော်တွေကိုသတ်ချင်သတ် နှိပ်စက်ချင်သလိုနိပ်

စက်ထောင်ချချင်သလိုထောင်ချသူတို့ပြုသမျှခံရသည့်ဘ၀ဖြင့်သာသနာတော်နိဂုဏ်းချုပ်ပျေက်ကွယ်သွားနိုင်ပါသည်။မြတ်စွာဘုရားရှင်၏ သာသနာတော် မပျောက်ကွယ်ရန်သံဃာထုတစ်ရပ်လုံးနှင့် ပြည်ထုလူထုအားလုံးမှာတာဝန်ကိုယ်စီရှိကြပါသည်။ထုတာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြပါရန်အားလုံးကိုအသိပေးနိုးဆော်တိုက်တွန်းပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ

ရဟန်းပျိုသမဂ္ဂနှင့်

သံဃသာမဂ္ဂီအဖွဲ့ 

Monday, September 7, 2009

မဖြစ်နိုင်သောအိပ်မက်များ


ညကအိပ်မက်ထဲမှာပေါ့ 
ပင်နီတိုက်ပုံကိုဝတ်လို့ 
ဗ.က.သတံဆိပ်ကိုရင်မှာထိုး
အမေစုရဲ့ ပါတီအတွက်
စည်းရုံးရေးဆင်းရတယ်တဲ့ 
ဒီအိပ်မက်တွေ..
ဘယ်တော့ များမှဖြစ်လာမှာလဲ…..
မင်းသွေးသစ်(2007)

ကြယ်စုတို့ ၏လမိုက်ခြင်း


ကြယ်တွေစုံလင်ရှိသင့်ပြီ
အနာဂတ်ကောင်းကင်ကြီးက
တစ်ချက်တစ်ချက်အရိုးတွန်သံတွေနဲ့ အတူ
မဲနက်စွာရယ်မောနေလေရဲ့ 

ကြယ်ငယ်ငယ်တွေက
တစ်ချက်တစ်ချက်လင်းလက်လို့ 
ကြွေ…ကျ…ပျက်…သုန်း
ကြည်စင်တွပြုန်းတီးသွားတာ
တွေးမိတိုင်းရင်နာမိပေါ့…

လမင်းကိုတမ်းတ
ကြယ်စင်တွေရဲ့ ဖြစ်တည်မှုဟာ
နဂါးငွေ့ တန်းအလှ
လပြည့် ညတွပါ...

သူငယ်ချင်းရေ...
ကျန်ရှိနေတဲ့  ငါတို့ ကြယ်နုတွေက
အတိတ်ဝင်ရိုးစွန်းတွေကို
ငါတို့ လက်တွေနဲ့ ဆွဲလှည့် 
ဒီ...လဆုတ်ရက်တွေကို
ယခုမှစ....
မြေမြှုပ်..ပစ်..ကြ..ရ..အောင်

Saturday, September 5, 2009

ခွပ်ဒေါင်းတွန်သံ


ရိုင်းစိုင်းတဲ့ အာဏာရူးတွေအတွက်
သေနတ်ပြောင်းဝယဇ်ပလ္လင်ပေါ်မှာ
စတေးခဲ့ ရရဟန်း၊ပြည်သူ၊ကျောင်းသားတွေ
ကျဆင်းခဲ့ တဲ့ မျက်ရည်တွေ
အသက၊်သွေး၊ချွေး….
ဒါတွေအားလုံးအတွက်
အံခဲမာန်တင်းလို့ 
လဲကျရာကပြန်ထ
ရှေ့ ခရီးဆက်တဲ့ အခါ
စိတ်ဓါတ်တွေကြွားကြွားဝင့် 
ခွပ်ဒေါင်းအလံကို
မားမားမြင့် လွှင့် ထူရင်း
ခွပ်ဒေါင်းတွန်သံမိုးထက်ညံစေရမယ်ဟေ့ …
(2007)ရွှေဝါရောင်တော်လှန်ရေးတွင်ကျဆုံးသွားခဲ့ သောအာဇာနည်များအားက်ျကဗျာဖြင့် ဂုဏ်ပြုအပ်ပါသည်)
၎င်းအာဇာနည်ပုဂ္ဂိုလ်များကောင်းရာသူဂတိလားပါစေသား….

မင်းသွေးသစ်(2007)

Friday, September 4, 2009

ဗိုလ်ချုပ်ရဲ့ဘ၀အကျဉ်းချုပ်


ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀သမိုင်းအကျဉ်းချုပ်


၁၉၁၅ ဖေဖော်ဝါရီ ၁၃ - မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် မွေးဖွားခဲ့သည်။

၁၉၃၂ - မက်ထရစ်စာမေးပွဲကို မြန်မာနှင့် ပါဋ္ဋိ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

၁၉၃၅ မှ ၁၉၃၈ - ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အမှုဆောင်အဖြစ် အရွေးခံခဲ့ရသည်။ ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော အိုးဝေ မဂ္ဂဇင်း၏ အယ်ဒီတာ ဖြစ်လာခဲ့သည်။

၁၉၃၈ အောက်တိုဘာ - တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ခဲ့ပြီး သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။

၁၉၃၈ မှ ၁၉၃၉ - ၁၃၀၀ပြည့် အရေးတော်ပုံကို ကူညီအားပေးခဲ့သည်။

၁၉၃၈ မှ ၁၉၄၀ သြဂုတ် - တို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၃၉ - မော်လမြိုင်တွင် ကျင်းပခဲ့သော တို့ဗမာအစည်းအရုံး ညီလာခံတွင် စစ်အတွင်း ဗြိတိသျှကို မကူညီရေး အဆိုကို တင်သွားခဲ့သည်။

၁၉၄၀ - ဗြိတိသျှ အစိုးရ၏ ဖမ်းဆီးအမိန့်ကြောင့် မြေအောက်လှုပ်ရှားမှုအတွက် ပုန်းနေခဲ့သည်။

၁၉၄၀ သြဂုတ် ၈ - တရုတ်နိုင်ငံ အမွိုင်မြို့သို့ ထွက်ခွာခဲ့သည်။ ထို့နောက် ဆက်လက်၍ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာခဲ့သည်။

၁၉၄၁ မတ်လ ၃ - မြန်မာနိုင်ငံသို့ ခေတ္တပြန်လာခဲ့သည်။ ဂျပန်နိုင်ငံမှ ငွေကြေးနှင့် လက်နက် အထောက်အပံ့များ ရခဲ့သည်။

၁၉၄၁ - ရဲဘော် သုံးကျိပ်နှင့် ဂျပန်ပြည်သို့ ထွက်ခွာခဲ့သည်။ ဟိုင်နန်ကျွန်းတွင်ရဲဘော်သုံးကျ
ိပ်ကို ခေါင်းဆောင်၍ စစ်ပညာသင်ယူခဲ့သည်။

၁၉၄၁ ဒီဇင်ဘာ ၂၆ - ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို ဖွဲ့စည်းခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာခဲ့သည်။

၁၉၄၂ မတ် - ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ခေါင်းဆောင်ကာ ဂျပန်နှင့်အတူ မြန်မာနိုင်ငံကို ချီတက် တိုက်ခိုက်ခဲ့သည်။

၁၉၄၂ မတ် ၈ - ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။

၁၉၄၂ ဇူလိုင် - ဗမာ့လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေကို ဗမာ့ကာကွယ်ရေး တပ်မတော် ဘီဒီအေ အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၁၉၄၂ စက်တင်ဘာ ၈ - ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့သည်။

၁၉၄၃ မတ် - ဘီဒီအေ၏ ဗိုလ်ချုပ်ဖြစ်လာခဲ့သည်။

၁၉၄၃ သြဂုတ် ၁ - ဂျပန် အစိုးရက မြန်မာနိုင်ငံကို ရွှေရည်စိမ် လွတ်လပ်ရေး ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းက ကာကွယ်ရေး ၀န်ကြီး ဖြစ်လာခဲ့သည်။

၁၉၄၃ - ဘီဒီအေကို ဗမာ့အမျိုးသားတပ်မတော် ဘီအန်အေ အဖြစ် အမည်ပြောင်းခဲ့သည်။

၁၉၄၄ သြဂုတ် - ဖက်ဆစ်ဆန့်ကျင်ရေး အဖွဲ့ချုပ်ကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။

၁၉၄၅ မတ် ၂၇ - ဗမာ့တပ်မတော်ကို ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။

၁၉၄၅ သြဂုတ် - ဖက်ဆစ် ဆန့်ကျင်ရေး အဖွဲ့ကို ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့ လွတ်လပ်ရေးအဖွဲ့သို့ အမည်ပြောင်းခဲ့သည်။

၁၉၄၅ - ဘီအန်အေကို ပီဘီအက်ဖ် မျိုးချစ် ဗမာ့တပ်မတော်အဖြစ် အမည်ပြောင်းခဲ့သည်။

၁၉၄၆ ဇန်န၀ါရီ - ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး၏ ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။

၁၉၄၆ စက်တင်ဘာ - အစိုးရ၀န်ကြီးများအဖွဲ့၏ ဒုဥက္ကဌ နှင့် ပြည်ပဆက်ဆံရေးတာဝန်များ ယူခဲ့သည်။

၁၉၄၇ ဇန်န၀ါရီ ၂၇ - အောင်ဆန်းအက်တလီစာချုပ် ချုပ်ပြီး တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် ကတိရခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၂ - ပင်လုံစာချုပ် ချုပ်ဆိုပြီး တိုင်းရင်းသားများ၏ စည်းလုံးမှုနှင့် လွတ်လပ်ရေးကို ပြည်နယ်ပြည်မ မခွဲခြားပဲ လိုအပ်ကြောင်း သက်သေပြခဲ့သည်။

၁၉၄၇ ဇွန် ၁၆ - ပထမတိုင်းပြုလွှတ်တော်တွင် အချုပ်အခြာ အာဏာပိုင်သမ္မတ မြန်မာနိုင်ငံတော်ကို ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၃ - မြို့တော်ခန်းမတွင် နောက်ဆုံးမိန့်ခွင်းကို ပြောကြားခဲ့ရာ လူထုကို စည်းကမ်းလိုက်နာရန် မှာကြားခဲ့သည်။

၁၉၄၇ ဇူလိုင် ၁၉ - ၀န်ကြီးများရုံးတွင် နံနက် ၁၀နာရီ ၃၇ မိနစ်၌ အစည်းအဝေးကျင်းပနေစဉ် ၀န်ကြီးချုပ်ဟောင်း ဦးစော၏ ဦးဆောင်လုပ်ကြံမှုဖြင့် ကျဆုံးခဲ့သည်။

အထက်အောက်ညီညွတ်ရေး


အထက်ဗမာပြည်ကနောင်တော်တို့ ညီတော်တို့ ကိုကျွန်တော်တခုပြောချင်ပါတယ်။ကျွန်တော်ကတော့ ရန်ကုန်ဗ.က.သကပါ။(2007)မျိုးဆက်ကပါ။အခုအချိန်မှာညီနောင်တို့ ရဲ့ စိတ်ထဲမှာဘယ်လိုခံစားချက်တွေပဲရှိပါစေဦးတည်ချက်ပျောက်ပျက်မသွားဖို့ အတွက်ကျွန်တော်တို့ အားလုံးညီညွှတ်ကြရမှာပါ။မြန်မာပြည်ကိုချစ်လို့ နိုင်ငံရေးလုပ်တဲ့ စိတ်ဓါတ်လေးတခုထဲနဲ့ တင်ရဲဘော်တို့ အားလုံးညီညွှတ်ဖို့ လုံလောက်ပါတယ်။နဂိုကမှစစ်အုပ်စုကအင်အားကောင်းနေရတဲ့ အထဲမှာမရှိမဲ့ ရှိမဲ့ ပြည်တွင်းကလှုပ်ရှားအင်အားတွေအချင်းချင်းသာမညီညွတ်ကြရင်န.အ.ဖဘဘတို့ ကပြုံးပြုံးကြီးကြည့် နေကြမှာပါ။ဒါကိုသဘောပေါက်သင့် ပါတယ်။ကျောင်းသားစိတ်ဓါတ်ဆိုတာနေရာဒေသမရှိပါဘူး။အကွာအဝေးမရှိပါဘူး။ကျွန်တော်ဥပမာတခုပြောပါ့ မယ်။ရန်ကုန်ကအောက်ဗမာပြည်ဗ.က.သတယောက်ကိုစစ်သားတွေကရိုက်နှက်နေချိန်မန္တလေးက
အထက်ဗမာပြည်ဗ.က.သကျောင်းသားတွေအနီးအနားမှာရှိနေတယ်ဆိုပါစို့ ..ညီနောင်တို့ ရပ်ကြည့် နေနိုင်ပါသလား..အဲဒီမေးခွန်းကိုမိမိကိုယ်မိမိမေးပြီးဖြေပြီးချိန်မှာတော့ ညီနောင်တို့ ဟာအစဉ်အလာကြီးမားတဲ့ ဗ.က.သအလံတော်အောက်မှာရဲဘော်ရင်းတွေဖြစ်သွားကြမှာပါ။

တော်လှန်ရေးအောင်မြင်ပါစေ

မင်းသွေးသစ်(2007)

ဘာမှမဟုတ်သောလူ


ဝကကြမ်းလို့ အလွမ်းလမ်းလေကို
ဝင် ရောက်နိုင်ဖို့ ငါကိုယ်တိုင်လမ်းဖောက်ခဲ့ တယ်
ရူး လောက်အောင်ချစ်ခဲ့ မိသူကို
ကြီး ကျယ်ခမ်းနားတဲ့ စကားလုံးတွေနဲ့ 
သန်း ခေါင်းယံအချိန်ထိအိပ်လို့ မရအောင်
ရွှေ ရောင်သန်းနေတဲ့ မင်းနှုခမ်းက
စာ နာမှုကင်းမဲ့ စွာ
တန်ရာမမှန်းနဲ့ ဆိုတော့
တက် ရောက်ခဲ့ တယ်ကြေကွဲသူတို့ ငိုပွဲကိုတကယ်တော့မင်းအကြည့် တွေက
ဘဲ မတီးပဲငါ့နှလုံးသားကိုဝင်တိုက်ခဲ့ တာပါ
မင်း ရက်စက်ပါချစ်သူ
လုပ် ရပ်လိုက်တာမင်းမုန်းခဲ့ တော့
နေ မရှိတဲ့ နေရက်တွေကိုမှောင်မိုက်ပြီး……….
တာ ၀န်တစ်ခုကျရောက်ခဲ့ တယ်
ပြုံးမလှတဲ့ ငါအကြောင်းကို
နှစ် ခမ်းကွဲအသည်းလို့ နာမည်ပေးပြီး
၂၀ ရာစုရဲ့ အချစ်ရာဇ၀င်မှာအသည်းကွဲကဗျာတစ်ပုဒ်
ရှိ လာခဲ့ ဖို့ ……………………..ငါမျက်ရည်တွေနဲ့ အတူ
ပြီးဆုံးအောင်ဆက်ရေးလိုက်ပါ့မယ်ချစ်သူ

ခွပ်ဒေါင်းပျိုများမွေးဖွားခြင်း


ကျွန်တော်တို့ ပြည်တွင်းမှ(2007)မျိုးဆက်ကျောင်းသားများမှတတ်သလောက်မှတ်သလောက်လေးဖြင် ဒီဘလော့ လေးကိုမွေးဖွားပြီးမနိုင်ဝန်ဝင်ထမ်းခဲ့ ဖြစ်ခဲ့ ပါပြီ။နည်းပညာမပြည့် စုံပါပဲနှင့် ဘာကြောင့် ဖန်တီးခဲ့ ရသလဲလို့ မေးလာရင်တော့ လိုအပ်လို့ ပါလို့ ပဲပြန်ဖြေရပါလိမ့် မယ်။ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံအရပ်ရပ်ကသတင်းတွေကိုသိချင်လို့ အင်တာနက်ကဘလော့ တွေမှာဝင်ဖတ်တဲ့ အခါမှာတခုသွားသတိထားမိပါတယ်။အဲဒါကတော့ ပြည်တွင်းကဖန်းတီးတဲ့ ဘလော့ အရေအတွက်နည်းနေသေးတာသွားတွေ့ ရပါတယ်။ပြီးတော့ ဖတ်ရတဲ့ သတင်းတွေဟာလဲဟော့ ဖြစ်တဲ့ သတင်းတွေဖြစ်ပြီးအဲဒီသတင်းတွေကလဲဘလော့ တိုင်းမှာနေရာယူထားတာကိုတွေ့ ရပါတယ်။ဒါကြောင့် ကျွန်တော်တို့ ပြည်တွင်းကလှုပ်ရှားသူကျောင်းသားတွေအနေနဲ့ မြန်မာပြည်သူတွေအတွက်တကယ်အကျိုးဖြစ်စေမယ့် သတင်းတွေကိုတင်ချင်တယ်။အဲဒါကြောင့် ဘာမှမတတ်ပါပဲမနိုင်ဝန်ဝင်ထမ်းခဲ့ တာပါ။ပြည်တွင်းပြည်ပကရဲဘော်ရဲဘက်အပေါင်းကိုကြိုတင်အကူအညီတောင်းချင်တာကတော့ ဘလော့ နဲ့ ပတ်သက်တဲ့ နည်းပညာတွေကိုကျွန်တော်တို့ ကိုမျှဝေပေးပါလို့ ပြောချင်ပါတယ်။freebumar2010@gmail.com ကိုအီးမေးပို့ ပြီးနည်းပညာများမျှဝေစေချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။တော်လှန်ရေးအောင်မြင်ရမည်....


(2007)မျိုးဆက်ကျောင်းသားများ