Saturday, October 13, 2012

Fwd: ဘယ်သူတွေမှာတာဝန်ရှိသလဲ



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/12
Subject: ဘယ်သူတွေမှာတာဝန်ရှိသလဲ
To:


ဘယ်သူတွေမှာတာဝန်ရှိသလဲ

ဒီနေ့(၁၁.၁၀.၂၀၁၂)ကြာသာပတေးနေ့ မနက်ဘက်ကပေါ့။အပြင်မှာမှာမိုးကလဲရွာနေတယ်။မနေ့ ညကတည်း

က ကချင်စစ်ဘေးသင့်ပြည်သူတွေကိုအလှူငွေလှူဒါန်းတဲ့မှတ်တမ်းဓါတ်ပုံတွေကို အင်တာနက်လိုင်းကောင်းတဲ့

ညဘက်မှာတင်ရတဲ့အတွက် ဒီနေ့ မနက်ရှစ်နာရီထိုးပြီးမှစအိပ်ရလို့ အိပ်ကောင်းကောင်းနဲ့ အိပ်နေတုန်းဆေးရုံ

ကဖုန်းလာပါတယ်။အရေးပေါ်အိုသွေးတစ်လုံးလိုလို့ ဆေးရုံကိုသွေးလှူရှင်ရရခြင်းလာခဲ့ပါလို့ ဖုန်းထဲကလူနာရှင်

အရေးတကြီးပြောလာပါတယ်။ကျွန်တော်တို့ အဖွဲ့ ကတဖွဲ့ လုံးရဲ့ ဖုန်းနံပါတ်တွေကိုဆေးရုံတွေမှာလိုက်ကပ်ထား

ပြီးအရေးပေါ်သွေးလိုတဲ့လူနာရှင်များဖုန်းဆက်အကူအညီတောင်းပါကအခမဲ့လာရောက်သွေးလှူဒါန်းပေးပါ

သည်လို့ ရေးထားတဲ့စာတွေကပ်ထားတဲ့အတွက် ကျွန်တော်တို့ ဆီကိုအခုလိုပဲအရေးပေါ်သွေးအကူအညီ

တောင်းတဲ့ဖုန်းတွေ အချိန်မရွေးဝင်လာတတ်ပါတယ်။ကျွန်တော်တို့ ဆီကိုဝင်လာတတ်တဲ့ အကူအညီတောင်းတဲ့

ဖုန်းတွေကသွေးဘယ်မှာမှရှာမရလို့ တကယ်အရေးတကြီးအချိန်တွေမှာလာတတ်တဲ့အတွက်ဖုန်းရရခြင်းပဲ အိုး

ဝေ စာကြည့်တိုက်နဲ့ ပညာဒါန မှာရောက်နေတဲ့ကျောင်းသားတွေကို အို သွေးလှူမယ့်လူရှိလားလို့ လိုက်ချက်

ချင်းပဲလိုက်မေးပါတယ်။အဲဒီမှာ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ ထဲက သန်လျင်နည်းပညာ

တက္ကသိုလ်ကျောင်းသားသမဂ္ဂ က ကိုသီဟဇော်က သူအိုသွေးပါ၊သူလှူပါ့မယ်လို့ ပြောတာနဲ့ သူ့ ကိုဆိုင်ကယ်

ပေါ်တင်ပြီးဆေးရုံကိုထွက်လာခဲ့ပါတယ်။ဆေးရုံရောက်တော့အမျိုးသမီးကြီးတယောက် OG Ward နားမရောက်

ခင် လျှောက်လမ်းဘေးမှာငိုနေတာကိုတွေ့ ရပါတယ်။ကျွန်တော်တို့ လဲသူ့ ကိုကျော်တက်ခဲ့ပြီး သွေးမလှူခင်လို

အပ်တဲ့စစ်ဆေးမှုတွေဖြစ်တဲ့သွေးပေါင်ချိန်တာ၊သွေးအမျိုးအစားစစ်ဆေးတာတွေလုပ်နေတုန်းမှာပဲ တာဝန်ကျ

ဆရာမတယောက်ကသွေးလှူဖို့ မလိုတော့တဲ့အကြောင်းလာပြောပါတယ်။ဘာဖြစ်လို့ လဲလို့ မေးကြည့်လိုက်

တော့ ကလေးကဆုံးသွားပြီဆိုတဲ့အကြောင်းနဲ့ မိခင်ကတော့မဆုံးသေးပေမယ့်လက်လျှော့လိုက်ရပြီဆိုတဲ့အ

ကြောင်းရှင်းပြပါတယ်။ဆေးရုံရောက်လာကတည်းကသွေးတော်တော်သွန်ထားတယ်….သွေးတွေကိုပုံးတစ်လုံးစာလောက်တောင်ရတယ်….အရပ်လက်သည်နဲ့ အိမ်မှာပဲကျိတ်မွေးနေတာ၊မရတော့မှဆေးရုံရောက်လာတာ…

စတဲ့ စကားသံတွေကတော့တယောက်တပေါက်ဆူညံနေပါတယ်။ကျွန်တော်မကြားနိုင်တော့ပါဘူး…..ကျွန်တော့်

ရှေ့ မှာလူတယောက်လုံးသေဆုံးရမှာကို ဘာမှမတတ်နိုင်ပဲဒီအတိုင်းလက်ပိုက်ကြည့်နေရတဲ့လူတယောက်ရဲ့ ခံ

စားမှုက ဘာနဲ့ နှိုင်းပြလို့ မရအောင် စိတ်ထဲမှာဖိစီးနေပါတယ်။ဘာကြောင့်အရပ်လက်သည်နဲ့ ပဲမွေးရတာလဲ..?

မြို့ နဲ့ သိပ်မလှမ်းတဲ့ရွာမှာနေရဲ့ သားနဲ့ ဘာ့ကြောင့်ဆေးရုံကိုအချိန်မီမလာရတာလဲ..? ဆေးရုံမှာမီးမဖွားခင်ကြို

တင်ပြထားသင့်ပါလျက်ဘာ့ကြောင့်ဆေးရုံကိုလာဖို့ လူတွေရွံ့ နေရတာလဲ…?မေးခွန်းပေါင်းများစွာ၊စိတ်မကောင်း

ခြင်းများစွာနဲ့ ဆေးရုံကပြန်လာခဲ့ပါတယ်။ကျွန်တော်တို့ အဖွဲ့ သွေးလှူတဲ့လေးနှစ်တာသက်တမ်းတလျှောက်မှာ

လူနာသေဆုံးတာ ပထမဆုံးအတွေ့ အကြုံမဟုတ်ပေမယ့်ဆေးရုံကိုအချိန်မီရောက်မလာလို့ မသေသင့်ပဲသေဆုံး

ခဲ့ရတဲ့လူနာတွေမှာ ကလေးမီးဖွားရင်းသေဆုံးရတဲ့လူနာတွေကိုပိုပြီးအတွေ့ များပါတယ်။လိုအပ်တဲ့ကျန်းမာရေးဗ

ဟုသုတ၊လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှု စတာတွေကိုလူနဲ့ လူခြင်းအတူတူ တခြားနိုင်ငံကပြည်သူတွေနဲ့ 

တန်းတူကျွန်တော်တို့ ပြည်သူတွေဘာကြောင့်မရရှိကြရတာလဲ၊ကျန်းမာရေးအသိပညာနည်းကြတာဘယ်သူ

တွေကြောင့်လဲ၊ကျွန်တော်တို့ မသိတဲ့တခြားပြည်သူဘယ်နှစ်ယောက်များ အခုလိုရေတိမ်နစ်ရတဲ့အဖြစ်ဆိုးမျိုး

တွေကြုံပြီးပြီလဲ၊ဒီလိုကိစ္စရပ်တွေအတွက်ဘယ်သူ့ မှာတာဝန်ရှိသလဲ၊သူ့ ကံကြမ္မာကြောင့်ပါလို့ ဖော့တွေးပြီး

လက်ပိုက်ကြည့်နေကြတော့မှာလား။ဘာပဲဖြစ်ဖြစ်ဒီနေ့ တစ်နေ့ လုံးမှာတော့ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေး

ကြေငြာစာတမ်း အပိုဒ် (၂၅) ကတော့ကျွန်တော့်ကိုတနေ့ လုံးလှောင်ပြောင်လို့ နေပါတော့တယ်။

     

*အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၅)*

 

"လူတိုင်းလုံလောက်သောလူနေမှုအဆင့်အတန်းနှင့်ဆေးကုသခံယူခွင့်ရှိသည်"

 

                                                                                              မင်းသွေးသစ်

                                                                                                ဗကသများအဖွဲ့ ချုပ်


Thursday, October 11, 2012

Fwd: ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂများသမဂ္ဂမှ၂၀၁၂၊၂၀၁၃ပညာသင်နှစ် နှစ်လည်ညှိနှိုင်းအစည်းအဝေးဖိတ်ကြားလွှာ



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/11
Subject: ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂများသမဂ္ဂမှ၂၀၁၂၊၂၀၁၃ပညာသင်နှစ် နှစ်လည်ညှိနှိုင်းအစည်းအဝေးဖိတ်ကြားလွှာ
To:


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာ
းသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂများသမဂ္ဂမှ၂၀၁၂၊၂၀၁၃ပညာသင်နှစ် နှစ်လည်ညှိနှိုင်းအစည်းအဝေးအားအထက်ပါအစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါ၍ဖိတ်ကြားအပ်ပါသည်။

Fwd: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/11
Subject: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု
To:


ကချင်ပြည်နယ်ရှိစစ်ဘေးဒါဏ်သင့်ပြည်သူများအတွက် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှ

ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများသီဆို၍အလှူငွေများလိုက်လံကောက်ခံခဲ့ကြပါသည်။

အလှူငွေကောက်ခံမှုကိုသန်လျင်မြို့ နယ်အတွင်းရှိလူစည်ကားသည့်လက်ဖက်ရည်ဆိုင်များ၊စားသောက်

ဆိုင်များနှင့်ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ

ကျောင်းသား(၂၁)ယောက်ဖြင့်လိုက်လံကောက်ခံခဲ့ကြခြင်းဖြစ်ပါသည်။သီချင်းများသီဆိုအလှူခံထွက်ရင်းတပြိုင်နက် (ရတကသ) မှပြည်တွင်းစစ်ရပ်ဆဲ၍ ငြိမ်းချမ်းရေးဖော်ဆောင်ပေးရန်တောင်းဆိုသည့်ကြေငြာချက်များကို

လည်းဖြန့် ဝေခဲ့ကြပါသည်။ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှအလှူခံရရှိသောငွေ

ကျပ်၃၁၀၀၀၀ကျပ်(သုံးသိန်းတစ်သောင်းကျပ်)နှင့်လှူဒါန်းကြမည်ဖြစ်သည်။ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊၀ါး

ခယ်မမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေတစ်သိန်းငါးသောင်း၊ရွှေလောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေလေးသောင်းကျပ် စုစုပေါင်းအလှူငွေငါးသိန်းကျပ်ကို ကချင်ပြည်

နယ်ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂသို့လွဲပြောင်းပေးအပ်ခဲ့ပြီးဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပြီးမှတ်

တမ်းဓာတ်ပုံများ၊အလှူငွေလက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂသို့ ပြန်လည်

ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန်အလို့ ငှာဖော်ပြ

အပ်ပါသည်။လှူဒါန်းခဲ့ကြသောအလှူရှင်များအား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ(ရတကသ)မှ

ကျောင်းသားကျောင်းသူများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးပါသောဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂအားရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှကျေးဇူးအထူးတင်ရှိပါသည်။


Sunday, October 7, 2012

Fwd: ဗကသများအဖွဲ့ ချုပ်၏ခရိုင်နှစ်ခုညှိနှိုင်းဆွေးနွေးခြင်း



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/7
Subject: ဗကသများအဖွဲ့ ချုပ်၏ခရိုင်နှစ်ခုညှိနှိုင်းဆွေးနွေးခြင်း
To:


ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂသို့ လေ့လာရေးနှင့်ခရိုင်ခြင်းညှိနှိုင်းဆွေးနွေးရန်အတွက်ရောက်ရှိနေသောမော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂမှကျောင်းသားကိုယ်စားလှယ်နှစ်ဦးနှင့်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှကျောင်းသားများသည် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏အိုးဝေစာကြည့်တိုက်နှင့်ပညာဒါနသင်တန်းကျောင်းတွင်အစည်းအဝေးကျင်းပဲ့ကြပါသည်။အစည်းအဝေးတွင်ခရိုင်ခြင်းပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ကျောင်းသားကိုယ်စားလှယ်များလေ့လာရေးခရီးအပြန်အလှန်စေလွှတ်ပေးရေးနှင့်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏မူဝါဒ(၅)ချက်အားတက္ကသုလ်ကျောင်းသားထုအတွင်းပိုမိုသိရှိနားလည်လာစေရေးအတွက်စာဖတ်ဝိုင်းများဆွေးနွေးပွဲများကျင်းပနိုင်ရေး၊တနိုင်ငံလုံးတွင်ဗကသများအဖွဲ့ ချုပ်၏ခရိုင်သမဂ္ဂ(၄၀)ပြည့်မြောက်စေရန်စည်းရုံးရေးလုပ်ငန်းများအတွက်လုပ်ဆောင်သင့်သည်များကိုဆွေးနွေးခဲ့ကြပြီးခရိုင်သမဂ္ဂများ(၄၀)ပြည့်ပြီးပါကကျင်းပမည့်လာမည့်ကျောင်းသားညီလာခံကြီးအတွက်ကြိုတင်ပြင်ဆင်သင့်သည်များကိုဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ထို့ ပြင်မော်လမြိုင်ခရိုင်မှရောက်ရှိနေသောကျောင်းသားကိုယ်စားလှယ်နှစ်ဦးအားရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှကျောင်းသားကျောင်းသူများကသန်လျင်ကျောက်တန်းဒေသရှိရှေးဟောင်းပါဒနိုင်ငံ၏စေတီပုထိုးများနှင့်ဟံသာဝတီနေပြည်တော်ကောင်းစားစဉ်အခါကမွန်လူမျိုးတို့ တည်ထားခဲ့ကြသောမွန်ဘာသာဘွဲ့ အမည်များပါသောစေတီပုထိုးများနှင့်တောင်ငူဘုရင်နတ်သျှင်နောင်၏အရိုးဂူ၊တျာချင်းဘုရင်ဝန်ကြီးပဒေသရာဇာ၏ဂူများ၊အခြားလေ့လာသင့်သည့်နေရာများကိုလိုက်လံပို့ ဆောင်ခဲ့ကြပါသည်။

Fwd: ဗကသကျောင်းသားများ၏ပြည်သူ့ အကျိုးပြုဇီဝိတဒါန

ယနေ့ (၃၀.၉.၂၀၁၂)နေ့ လည်ဆယ့်နှစ်နာရီတွင်သန်လျင်ပြည်သူ့ ဆေးရုံကြီးတွင်အသည်းရောင်အသားဝါရောဂါဖြင့်အရေးပေါ်သွေးလို
အပ်လျက်ရှိသောမွေးကင်းစကလေးငယ် မချစ်စုထွေး လိုအပ်လျက်ရှိသောအိုသွေးတစ်လုံးအားသွားရောက်လှူဒါန်းပေးခဲ့သော ဗမာနိုင်ငံ
လုံးဆိုင်ရာကျောင်းသာ
းသမဂ္ဂများအဖွဲ့ ချုပ် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှသန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသား
 ကိုထိန်လင်းအောင် အားလူနာရှင်မိသားစုကိုယ်စား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်
းသားများသမဂ္ဂ မှအထူးပင်ကျေးဇူးတင်ရှိပါသည်။
* ပြည်သူ့ ရင်သွေးကျောင်းသားများ၏သွေးသည်မိဘပြည်သူများအတွက်သာဖြစ်သည် *

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ ဗကသ ကျောင်းသားတစ်ဦးဖြစ်သော ကိုမင်းညို မှ သန်လျင်ပြည်သူ့ ဆေးရုံကြီးတွင်ယနေ့ ည
(25.9.2012)ရက်နေ့ ည (12:45)မိနစ်တွင်ကလေးမီးဖွားရခက
်ခဲနေသောလူနာတစ်ဦးအားအရေးပေါ်သွေးလှူဒါန်းခဲ့ပါသည်။
"ခွပ်ဒေါင်းတို့ ၏သွေးသည် ပြည်သူအတွက်သာဖြစ်သည်"


သန်လျင်ပြည်သူ့ ဆေးရုံကြီးတွင်ကလေးမီးဖွားရခက်ခဲမှုကြောင့်အရေးပေါ်သွေးလိုအပ်နေသောလူနာတစ်ဦးအား ရန်ကုန်တောင်ပိုင်းရိုင်ကျောင်းသားများ
သမဂ္ဂ မှ ဗကသကျောင်းသူမယွန်းရွှေခိုင်
မှ B သွေးတစ်လုံးအရေးပေါ်လှူဒါန်းပေးခဲ့သည့်အတွက်လူနာရှင်များကိုယ်စား ဗကသများအဖွဲ့ ချုပ်
 ရန်ကုန်တောင်ပိုင်းခရိုင်ကေ
ျာင်းသားများသမဂ္ဂ မှအထူးပင်ကျေးဇူးတင်ရှိပါသည်။


Fwd: အိုးဝေအဖွဲ့ သားများ၏အလှူဒါန

အိုးဝေအဖွဲ့ သားများ၏အလှူဒါန
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှကျောင်းသားကျောင်းသူများသည်၃၀.၉.၂၀၁၂သန်လျင်မြို့ တွင်းတနင်္ဂနွေနေ့ တိုင်းလှည့် 
လည်နေသောနှစ်ကျိပ်ရှစ်ဆူဘုရားနှင့်တနလာင်္ဆွမ်းလောင်းအသင်းမှဥပသကာများ၊၀တ်အသင်းသူုအသင်းသားများနှင့်အများပြည်သူများအား
အာဟာရဒါနအဖြစ်မုန့် ဟင်းခါးစတုဒီတာကျွေးမွေးခဲ့သည့်အပြင်တနလာင်္ဆွမ်းလောင်းအသင်းအားအလှူငွေ၁၀၀၀၀ထည့်ဝင်လှူဒါန်းခဲ့ပါသည်။
လှူဒါန်းမှူ ကုသိုလ်အစုစုအားဒီမိုကရေစီအရေးတော်ပုံအတွင်းကျဆုံးသွားခဲ့သောရဟန်းရှင်လူကျောင်းသားပြည်သူများနှင့်ဗမာပြည်သူပြည်သား
များငြိမ်းအေးချမ်းသာစေရန်အလို့ ငှာအမျှပေးဝေခဲ့ကြပါသည်။

Fwd: မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂဖွဲ့ စည်းခြင်း



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/6
Subject: မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂဖွဲ့ စည်းခြင်း
To:


မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂဖွဲ့စည်းခြင်းအခန်းအနားကိုအောက်တိုဘာ(၃)ရက်(၂၀၁၂)ခုနှစ်တွင်မော်လမြိုင်          မြို့  တောင်ပေါက်ကျောင်းတိုက်၌ဗကသများအဖွဲ့ချုပ်မှဦးဆောင်၍မော်လမြိုင်နည်းပညာတက္ကသိုလ်၊မော်လမြိုင်ဝိဇ္ဖာသိပ္ပံတက္ကသိုလ်နှင့်မော်လမြိုင်အဝေးသင်တက္ကသိုလ်တို့မှကျောင်းသားကျောင်းသူတို့နှင့်
စတင်ဖွဲ့စည်းခဲ့ပါသည်။မော်လမြိုင်ခရိုင်ကျောင်းသားများသမဂ္ဂသည်ဗကသများအဖွဲ့ချုပ်၏အခြေခံမူများဖြစ်သည့်
  1. အမျိုးသားရေး
  2. ဒီမိုကရေစီရေး
  3. ဒီမိုကရေစီပညာရေး
  4. ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး
  5. ငြိမ်းချမ်းရေး
တို့ကိုဆက်လက်ကိုင်ဆွဲ၍တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအတွက်အခြားခရိုင်များနှင့်လက်တွဲ၍ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။