Thursday, October 1, 2009

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အ၀ါရောင်လှုပ်ရှားမှုပြုလုပ်



န.အ.ဖ၏တင်းကြပ်သောလုံခြုံရေးကြားမှပင်ယနေ့(၁.၁၀.၂၀၀၉)
ကြာသာပတေးနေ့နံနက်တွင်ရန်ကုန်မြို့ရှိလူစည်ကားရာဈေးတချို့တွင်
(၂၀၀၇)မျိုးဆက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တ.က.သ)မှကျောင်း
သားလူငယ်များမှဦးဆောင်ရ်ျရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အ
ထိမ်းအမှတ်လှုပ်ရှားမှုများပြုလုပ်ခဲ့ ကြသည်။
ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်ရန်ကုန်မြို့ ရှိ
လူစည်ကားရာဈေးများတွင်(တ.က.သ)အဖွဲ့ ဝင်ကျောင်းသားများမှတီရှပ်
အင်္ကျီအ၀ါရောင်များကိုပြည်သူများအားဝေငှရ်ျလှုပ်ရှားမှုတရပ်ပြုလုပ်
ခဲ့ ကြသည်။
အဆိုပါလှုပ်ရှားမှုကို(2007)မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများ
နှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။
လာမည့် သီတင်းကျွတ်လပြည့် နေ့ တွင်သံဃာများ၏တတိယအကြိမ်ပတ္တ
နိက္စုနကံဆောင်ပွဲတွင်သံဃာတော်များနှင့်တသွေးတသားထဲရှိကြောင်းပြ
သရန်အတွက်ပြည်သူလူထုအားသီတင်းကျွတ်လပြည့် နေ့တွင်အကျီင်္အ၀ါ
ရောင်များဝတ်ဆင်ကြရန်လည်းအဆိုပါအဖွဲ့ မှကျောင်းသားများကဆော်
သြခဲ့ ကြသည်ဟုသိရှိရသည်။
လှုပ်ရှားမှုကိုဗိုလ်ချုပ်အောင်ဆန်းဈေး၊သီရိမင်္ဂလာဈေး၊ဘိုကလေးဈေး၊
တာမွေဈေး၊ဒေါပုံအမှတ်(၁)ဈေး၊ပုဇွန်တောင်ဈေးနှင့် တောင်ဥက္ကလာ၊
မြောက်ဥက္ကလာရှိအခြားဈေးများတွင်ပြုလုပ်ခဲ့ ကြခြင်းဖြစ်သည်။
ပြီးခဲ့ သည့် (၂၆.၉.၀၉)နေ့ ကလည်းအဆိုပါအဖွဲ့ မှသံဃာ့ သွေးမြေကျ
ရခြင်းနှစ်ပတ်လည်လှုပ်ရှားမှုပြုလုပ်ခဲ့ ကြသည်။
ဆက်လက်ရ်ျလည်း  စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လှုပ်ရှားမှု
များ ဆက်လက်ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှ(၂၀၀၇)မျိုး
ဆက်ကျောင်းသားတဦးဖြစ်သူကိုမင်းသွေးသစ်မှပြောကြားခဲ့ သည်။

No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်