Friday, December 21, 2012

(၇၄) နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်

(၇၄) နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်အဖြစ်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသာ
းသမဂ္ဂများအဖွဲ
့ချုပ်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်နှင့်ပတ်သက်သည့်
ဟောပြောပွဲနှင့်စာဖတ်ဝိုင်းကိုသန်လျင်မြို့ နယ် အတွင်းရှိ
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ ၏
အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါနသင်တန်းကျောင်းတွင် ယနေ့  နေ့  လည် ၁နာရီ
မှ ၃ နာရီ ထိကျင်းပခဲ့သည်။ ထို
့နောက်ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်တကွခေတ်အဆက်ဆက်
ဒီမိုကရေစီအရေးတော်ပုံအတွင်းကျဆုံးသွားကြသော
အာဇာနည်ရဲဘော်အပေါင်းအား ဂုဏ်ပြုခြင်းအားဖြင့်
ညနေလေးနာရီတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား စုပေါင်းအလေးပြုခဲ့ကြပါသည်။


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ

Monday, December 3, 2012

Fwd: လက်ပတောင်းတောင်အကြမ်းဖက်ခံရမှုအပေါ်ကြေငြာချက်



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: Mon, Dec 3, 2012 at 1:03 PM
Subject: လက်ပတောင်းတောင်အကြမ်းဖက်ခံရမှုအပေါ်ကြေငြာချက်
To: Sane Aung <saneaung2012@gmail.com>




Saturday, December 1, 2012

လက်ပတောင်းတောင်စီမံကိန်းရပ်စဲရေးဆန္ဒပြမှုဖြင့်တိမ်းရှောင်နေရသောဗကသမှမင်းသွေးသစ်၏ကဗျာ

လူထုခေါင်းဆောင်အမေ ...သို့ "

အမေ..
ဘယ်လိုဖြေရှင်းမလဲ အမေ...?
အမေ့စကားတစ်ခွန်းကြောင့်
လူရမ်းကားတွေ ကမ်းတက်ကုန်ကြလို့ 
သံဃာတွေ ၊ပြည်သူတွေ ၊ ကျောင်းသားတွေ
ထိခိုက်ဒါဏ်ရာတွေနဲ့ 
ဆေးရုံရောက်ကုန်ကြပြီ
ဘယ်လိုဖြေရှင်းမလဲ အမေ....?
အမေ..
ကျွန်တော်တို့ ကပဲ မှားနေသလားအမေ..?
ဒီမိုကရေစီခေတ်ပြောင်းလို့ ဆိုပြီး
စစ်ဘီလူးရဲ့ အစွယ်တွေထုတ် ထုတ်ပြနေလို့ 
ခေါင်းပေါင်းဝတ်သကောင့်သားတွေကိ

ပြည်သူတွေ မယုံမကြည်ကြတော့တာ
ကျွန်တော်တို့ ကပဲ မှားနေလားအမေ..?
အမေ...
ဘယ်လိုနှစ်သိမ့်ကြမလဲ အမေ..?
မြေသိမ်းခံလယ်သမားတွေရဲ့ ဝေဒနာ
လစာနည်းအလုပ်သမားတွေရဲ့.....ချွေး
သံဃာ ၊ ကျောင်းသားတွေရဲ့ ......သွေး
ဖိနှိပ်ခံပြည်သူတွေရဲ့....မျက်ရည်
ဘယ်လိုနှစ်သိမ့်ကြမလဲ အမေ...?
အမေ..
ကျွန်တော်တို့ မြတ်နိုးတာ
ကျွန်တော်တို့ ချစ်တာ
လွှတ်တော် အမတ် "အမေ" မဟုတ်သလို
ပါတီခေါင်းဆောင် အမေလည်းမဟုတ်ဘူး
လူထုရှေ့က မားမားရပ်ပေးမယ့်
"လူထုခေါင်းဆောင်" အမေ ပါ
ဒါကြောင့်ပေါ့ "အမေ"
လူထုရဲ့ ဝေဒနာ
လူထုရဲ့ ချွေး
လူထုရဲ့ သွေးနဲ့ 
လူထုရဲ့မျက်ရည်ကို
သုတ်ပေးမယ့် "အမေ့" ရဲ့လက်
ဘယ်နေ့ ၊ ဘယ်အချန်မှာလဲဆိုတာ
"အမေ" နဲ့ အတူ နံရံကို ခေါင်းနဲ့ တိုက်ဖို့ 
ကျွန်တော်တို့ စောင့်မျှော်နေဆဲပါ "အမေ"...။     ။
မင်းသွေးသစ်
ဗ.က.သ များအဖွဲ့ ချုပ်
30.11.2012 (FRI)
3:58(PM)