Tuesday, November 16, 2010

သတင်း

ပြည်တွင်းမှ အမည်မဖော်လိုသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်တဦး နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်း တို့
gtalk ပေါ်က အမေးအဖြေ

မေး- အခုပြည်တွင်းမှာလှုပ်ရှားနေကြတဲ့ ဒုတိယပင်လုံညီလာခံကျင်းပရေးဆိုတာအပေါ် ဗကပကဘယ်လိုမြင်သလဲ သိပါရစေ။

ဖြေ- ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စ၊ တိုင်းရင်းသားများနဲ့ သွေးစည်း ညီညွတ်ရေးကိစ္စ စတာတွေကို ကိုယ့်ပြည်သူတွေအချင်းချင်း စာပွဲပေါ်မှာမျက်နှာချင်းဆိုင်အဖြေရှာရမယ် ဆိုတဲ့မူကို အစောကြီးကတဲက ကိုင်စွဲထားပါတယ်။ န၀တ-နအဖတို့က ညောင်နှစ်ပင်မှာဖြေရှင်းသလို သူတို့စိတ်ကြိုက်လူတွေခေါင်း ခေါက်ခေါ်ပြီး သူတို့ပြောသမျှခေါင်းငြိမ့်ခိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် အခုလိုဆွေးနွေးအဖြေရှာကြတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမဲ့

မေး- ဒါပေမဲ့ဆိုတော့ ဆက်ပါဦး။

ဖြေ- ဒါပေမဲ့ ပထမပင်လုံညီလာခံကျင်းပတုန်းကအခြေအနေနဲ့ ဒီနေ့ဒုတိယညီလာခံကျင်းပဖို့ စိုင်းပြင်းကြတဲ့ အခြေအနေ တို့အကြားမှာ မတူတာတွေရှိတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ၁၉၄၇ခုနှစ်တုန်း က ဦးစီးကြီးမှူးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှအစိုးရတို့ဟာ အာဏာလက်ရှိတွေဖြစ်ကြပါတယ်။ စစ်တပ်ကိုအမိန့်ပေးခွင့်ရနေသူတွေဖြစ်ကြပါတယ်။ ဒီနေ့အခြေအနေက အဲဒါနဲ့ပြောင်းပြန်ပါ။ ကိုယ်က အာဏာမဲ့ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးက ဖိနှိပ်သူရဲ့လက်ထဲမှာရှိပါတယ်။

မေး- ၁၉၆၁-၂ခုနှစ်တုန်းက ဦးနုအစိုးရ လက်ထက်မှာလုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံညီလာခံစတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့လှုရှားမှုကိုရော ဘယ်လိုပြောမလဲ။

ဖြေ- အဲဒါက ဦးနုအာဏာရနေတုန်းမှာ ဦးနုသဘောတူမှုနဲ့လုပ်တာဖြစ်ပါတယ်။ "ပင်လုံရဲ့နောက်ဆက်တွဲဆွေးနွေးပွဲ" လို့ ဆိုရင်တောင်ရမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ စစ်တပ်ဟာ အာဏာရအစိုးရလက်ထဲမှာမရှိတော့ပါဘူး။ အဲဒီတော့ ၁၉၆၂ခုနှစ်ဗိုလ်နေ၀င်းကအာဏာသိမ်းတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပြီး ခေါင်းစင်းပေးလိုက်သလိုတောင်ဖြစ်သွားပါတယ်။ အာဏာလိုချင်လို့အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်းကတော့ ဒီလုပ် ရပ်ကိုပဲ သူအာဏာသိမ်းရတဲ့အကြောင်းရင်းလို့ပြောတာပေါ့။

မေး- အခုပြောခဲ့တာကိုပြန်ချုပ်ပြပါ။

ဖြေ- လွယ်လွယ်ပြောရရင် ဒုတိယပင်လုံညီလာခံကျင်းပဖို့ကြိုးစားတာကို ကျနော်တို့က မူအားဖြင့် ထောက်ခံပါ တယ်။ ဒါပေမဲ့ သတိတော့ထားရပါမယ်။ ပြင်ဆင်မှုတွေအသေအချာလုပ်ရပါမယ်။ မလိုလားအပ်တဲ့ နစ်နာ ဆုံးရှုံးမှုတွေ မဖြစ်ဖို့အရေးကြီးတယ်ဆိုတာပါပဲ။

ဆောင်းပါး

" စစ်အစိုးရ ရွေးကောက်ပွဲနှင့် လူငယ်ထု သဘောထား"

မကြာမီ ရက်ပိုင်းအတွင်း ကျင်းပခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲအပေါ် ကျောင်းသားလူ ငယ်တွေအနေနဲ့ ဘယ်လိုသဘောထားပါသလဲဟု မီဒီယာနှင့် အင်တာဗျူးတစ်ခုမှာ သတင်းထောက် တစ်ဦးက ကျွန်တော့်ကို မေးပါသည်။ "ကျွန်တော်တို့ ပြည်တွင်းမှာ ကြုံတွေ့ နေရတဲ့ မျက်မြင်အခြေအနေအရ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဒီမိုကရေစီ စနစ်ထွန်းကားစေဖို့ အပြောင်းအလဲ တစ်ခုလို့ မမြင်ပါဘူး။ စစ်အစိုးရအနေနဲ့ တကယ်အပြောင်းအလဲ ဖြစ်စေချင်ရင်၊ ဒီမိုကရေစီစနစ်ဆီကို တကယ်သွားချင်ရင် လုပ်ရမယ့်လုပ်ငန်းစဉ်တွေကတော့ ပထမဆုံးလုပ်ရမှာက နိုဝင်ဘာ (၇) ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဟုတ်ပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များနဲ့ စစ်အစိုးရ တာဝန်ရှိသူတွေ တစ်စားပွဲထဲ ထိုင်တွေ့ဆုံဆွေးနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပြည်သူမကြိုက်တဲ့ အချက်တွေ၊ ဥပမာအားဖြင့် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် နာမည်စာရင်းနဲ့ ခန့်အပ်တဲ့ စစ်တပ် ကိုယ်စားလှယ် (၂၅%) က လွှတ်တော်အသီးသီးမှာ ပါဝင်တယ်ဆိုတဲ့ အချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေပါ အချက်အချို့ကို ညှိနှိုင်း ပြင်ဆင်ပေးရပါမယ်။ အဲဒီ လုပ်ငန်းစဉ် ပြီးဆုံးပြီး နောက်မှ (၆) လ သို့မဟုတ် တစ်နှစ်အတွင်းမှာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပ ပေးသင့်ပါတယ်။

အတိုက်အခံ ခေါင်းဆောင်တွေ အတိုက်အခံ ပါတီ မပါပဲနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ အဓိပ္ပါယ် ရှိမလာနိုင်ပါဘူး။ ကိုယ့်ဖဲကိုယ်ချိုးပြီး ကိုယ့်ဟာကိုယ် ပြန်နိုင်အောင် လုပ်နေတဲ့ လုပ်ပွဲကြီးပဲ ဖြစ်လာမှာပါ" လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒီသဘောထားဟာ ကျွန်တော့် တစ်ယောက်ထဲရဲ့ သဘောထား မဟုတ်ပဲ ယနေ့ မြန်မာနိုင်ငံ စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့၊ ဒီမိုကရေစီစနစ် ထွန်းကားလာဖို့ ကြိုးစားနေကြတဲ့ ကျောင်းသားလူငယ်ထုရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ဒါဟာ ရှုပ်ထွေး ပွေလီလှတဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေးလမ်းကြောင်းတွေထဲက ကျွန်တော်တို့ ကျောင်းသား လူငယ်ထု လျှောက်လှမ်းနေတဲ့ အရိုးရှင်းဆုံး လမ်းကြောင်းလဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ လပိုင်းအတွင်းမှာလဲ ပဲ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီတွေက လွှတ်တော်ထဲ ရောက်ရင် ပြည်သူမကြိုက်တဲ့ ဥပဒေတွေကို ပြင်ပေးပါ့မယ်ဆိုတဲ့ အာမခံချက်နဲ့ လူထုဆီက မဲရအောင် စည်းရုံးနေတာကို တွေ့ မြင် ကြားသိ နေရပါတယ်။

ထိုပါတီဝင်များနဲ့ ပါတီ ခေါင်းဆောင်များအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေသေချာချာ နားမလည်၍ပဲလား၊ နားလည်လျက်နှင့် လုပ်လို့ရနိုးဆိုတဲ့ အတွေးနဲ့ လူထုကို ယခုလို ပြောဆို စည်းရုံးနေခြင်းပဲလား ဆိုတာကတော့ ကာယကံရှင်များကိုယ်တိုင်ပဲ သိနိုင်ကြပါလိမ့်မည်။ ကျွန်တော် ၀ါရင့်နိုင်ငံရေးသမားကြီးမဟုတ်ပါ။ သို့သော် ဘာကောင်မှ မဟုတ်သည့် ကျွန်တော်၏ ဖြုတ်ဦးနှောက်လေးကပင် အကယ်၍ ရွေးကောက်ပွဲ ပြီးဆုံးပါက ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခြေအနေများကို ကြိုတင်သိမြင်နေခဲ့ပြီး ဖြစ်ပါသည်။ တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အများဆုံး

တွင် ၀င်ရောက် ယှဉ်ပြိုင်နိုင်လောက်အောင် ဘဏ္ဏာရေး အခြေအနေ ကောင်းမွန်သော ကြံ့ဖွတ်ပါတီသည် စစ်အစိုးရ၏ ဥပဒေအရ ယှဉ်ပြိုင်ဖက် မရှိသည့် မဲဆန္ဒနယ်များတွင် မဲတစ်မဲရရှိရုံနှင့်ပင် လွှတ်တော်ထဲ ရောက်လာပါလိမ့်မည်။

ကာကွယ်ရေး ဦးစီးချုပ်၏ နာမည်စာရင်းဖြင့် တိုက်ရိုက်ခန့် အပ်မည့် စစ်တပ်ကိုယ်စားလှယ် (၂၅%)၊ ၄င်းနောက် စစ်အစိုးရ လက်သပ်မွေးမြူထားသော (၈၈) ကျောင်းသားအတုများနှင့် စစ်တပ်လက်ဝေခံ ဟိုပါတီ၊ ဒီပါတီများ၊ ထိုအဖွဲ့များ အားလုံးပေါင်းလိုက်သောအခါ လွှတ်တော်တစ်ရပ်လုံး၏ (၇၅%) နီးပါး ဖြစ်လာပါလိမ့်မည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြေခံဥပဒေ အချက်များအား ပြင်ဆင်လိုပါလျှင် လွှတ်တော်တစ်ရပ်လုံး၏ (၇၅%) ကျော် ထောက်ခံမဲရရှိမှ ပြင်ဆင်နိုင်ပါမည်။ မိမိတို့ ကိုယ်မိမိတို့ ဒီမိုကရက်များဟု ခံယူထားသော၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများအနေဖြင့် ပြည်သူမကြိုက်သော ဥပဒေများကို လွှတ်တော်ရောက်လျှင် ပြင်ဆင်၍ရကောင်းရနိုင်သည်ဟု အထင်ရှိပါလျှင် မည်သည့်နည်းဖြင့် ပြင်ဆင်ပေးပါမည်လဲ။ သန်းငါးဆယ်ကျော် မြန်မာပြည်သူများကိုယ်စား ရိုးသားစွာ ကျွန်တော် သိလိုပါသည်။ မိမိတို့ အာဏာရရှိရေးနှင့် မြန်မာပြည်၏ အနာဂါတ်မလဲကြဖို့သာ မေတ္တာရပ်ခံချင်ပါသည်။ လူထုအား လမ်းကြောင်းမှားများ အတွေးအခေါ်မှားများ မပေးသင့်ပါ။ ပြည်သူများအနေဖြင့် ၁၉၈၈ အရေးတော်ပုံကြီးကို ပြန်လည်သတိရကြဖို့ လိုပါသည်။ ဗိုလ်နေ၀င်း၏ မဆလအစိုးရအား လွှတ်တော်ထဲက ဖြုတ်ချနိုင်ခြင်း မဟုတ်ပဲ လမ်းမများပေါ်က ပြည်သူလူထု၏ တောင်းဆိုဆန္ဒပြမှုများကသာ ဖြုတ်ချနိုင်ခဲ့ခြင်း ဖြစ်ကြောင်းကို ပြန်လည်သတိရကြ စေလိုပါသည်။ ပြည်သူ့အား ကို မည်သူတစ်ဦးတစ်ယောက်၊ မည်သည့် အစိုးရကမှ မယှဉ်နိုင်ပါ။

ထို့ကြောင့်မြန်မာပြည်သူများသည် လွတ်တော်တွင်းမှ တဆင့် ပြောင်းလဲပါမည်ဟူသော ပါတီများကို၎င်း၊ ဇာတ်သိမ်းခန်း ကြိုတင် သိမြင်နေရသော၂၀၁၀ ရွေးကောက်ပွဲ တခန်းရပ်ပြဇာတ်ကို၎င်း၊ ၂၀၀၈ စစ်အခြေခံ ဥပဒေကို၎င်း လူထုအုံကြွမှုဖြင့် ဆန့်ကျင် သပိတ်မှောက်သွားကြရန် နည်းလမ်း တလမ်းသာ ရှိပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျောင်းသား လူငယ်ထုက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်နေခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဖြစ်ခြင်းကြောင့်မဟုတ်ပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံကို လက်ခံ၍ မရခြင်းကြောင့်သာ ဖြစ်ကြောင်း သဘောပေါက် နားလည်ဖို့ လိုပါသည်။

မည်သို့ပင် ဖြစ်စေ မြန်မာပြည် ရွေးကောက်ပွဲက ပြဿနာပေါင်းစုံ၊ ကန့်ကွက် သံပေါင်းစုံဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲဝင် ပါတီများ ကျောချခံရ၍ ဓါးပြမှန်း သိသွားကြပြီ။ ပြည်သူတို့ အလိမ်ခံလိုက်ရကြောင်း သဘောပေါက် သွားကြပြီ။

ဤရွေးကောက်ပွဲရလဒ်ထွက်လာလျှင ကြံ့ဖွတ်ပါတီပဲ နိုင်ပါလိမ့်ဦးမည်။ ကြံ့ဖွတ် ပါတီဦးဆောင်သော စစ်တပ်လက်ဝေခံ ပါတီများပါဝင်သော လွှတ်တော်ပေါ်လာလျှင်လဲ မည့်သို့မျှ ထူးမလာနိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မည်သည့် အခြေအနေမှန်း သေသေချာချာ မသိရသော နိုင်ငံတော်၏ အရေးပေါ်အခြေအနေတွင် စစ်တပ်အာဏာ သိမ်းခွင့်ကို တရားဝင် ပေးထားပါသည်။ နိုင်ငံတော်တွင် ပြဿနာ တစ်ရပ်ရပ်ကြုံလာပါက ဖြေရှင်းမည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာပြန်သိမ်းပါမည်။ ကျေနပ်လောက်အောင် အုပ်ချုပ်အပြီးတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးပါလိမ့်မည်။ ပါတီအများရွေးကောက်ပွဲ ၀င်ကြပါမည်။ ပြည်သူများ မဲပေးကြရပါဦးမည်။ဤသို့ဖြင့် မြန်မာ့နိုင်ငံရေးသည် စစ်အုပ်ချုပ်ရေးယန္တရား သံသရာအတွင်း ရုန်းမထွက်နိုင်ပဲ ရှိနေပါဦးမည်။ အိမ်နီးခြင်း နိုင်ငံများအလည် ဆင်းရဲနိမ့်ကျ နေပါဦးမည်။

ကျွန်တော်တို့ အနေဖြင့် ရွေးကောက်ပွဲ ပြီးစီး ဖြစ်မြောက်ခြင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ကိုခွဲခြား သိမြင်ဖို့ လိုအပ်ပါသည်။ ဤနှစ်ခုကို နိုင်ငံတကာ၏ တုံ့ပြန်ပုံ အဆင့်အတန်းခြင်း မတူညီနိုင်ပါ။ အားလုံး ပါဝင်မှု မရှိသော ရွေးကောက်ပွဲသည် မည်သည့်အခါမှ အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ဖြစ်မလာနိုင်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှု မရှိသရွေ့ တိုင်းပြည် မတိုးတက်နိုင်ပါ။ နယ်စပ် ဒေသစစ်မီးများ မငြိမ်းနိုင်ပါ။ ဤသဘောတရားများကို လက်ရှိအုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်ကြီးများ သဘောပေါက် လက်ခံစေချင်ပါသည်။ နိုင်ငံတော်၏ လမ်းမများပေါ်တွင် သံဃာ့သွေး၊ ပြည်သူ့သွေး၊ ကျောင်းသားသွေးများ ထပ်မံ မစွန်းထင်းစေချင်တော့ပါ။ ရာဇ၀တ်သားများသာ ရှိနေသင့်သော ထောင်များအတွင်းတွင် သံဃာများ၊ လူထုခေါင်းဆောင်များ၊ ပညာတတ် နိုင်ငံရေးသမားများ ရှိမနေစေချင်တော့ပါ။ ပြည်သူ့ရင်သွေး ကျောင်းသား လူငယ်များက အမိမြန်မာပြည်ကြီး မတရားမှုများ ချုပ်ငြိမ်းသွားပြီး ငြိမ်းချမ်း သာယာစွာ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြု တင်ပြခြင်း ဖြစ်ပါသည်။

နိဂုံးချုပ် အနေဖြင့် ပန်ကြားလိုသည်မှာ စစ်တပ်အကြီးအကဲ ဗိုလ်သန်းရွှေ အနေဖြင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ပြီး နိုင်ငံတော်နှင့် မြန်မာပြည်သူများအတွက် ခိုင်မာသော လမ်းစဉ်အား ရွေးချယ်ပေးပါရန် ထပ်လောင်း ပြောကြားလိုပါသည်။ တဖတ်သတ် ရွေးကောက်ပွဲကြောင့် ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်လာပါက သမိုင်းတရားခံအဖြစ် လူထု၏ ဒါဏ်ခတ်ခြင်းကို မလွဲမသွေ ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ကျောင်းသား လူငယ်ထုက သတိပေး လိုက်သည်။

မင်းသွေးသစ်

၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ

Thursday, July 8, 2010

အမေ့ မွေးနေ့ သွေးလှူရှင်များကိုအဖွဲ့ ချုပ်မှဂုဏ်ပြုလွှာများပေးအပ်

ဂုဏ်ပြုလွှာပါကဗျာ   -    တိုင်းပြည်ကိုအမေက
                                ဘ၀နဲ့ အသက်ပေးထားတယ်။
                                ကျတော်တို့ မှာပြန်ပေးစရာ
                                လက်ထဲမှာရောဘ၀ထဲမှာပါ
                                ဘာမှမရှိဘူး။
                                ရင်ထဲမှာတော့ အများကြီး
                                စုန်နေဆန်နေတဲ့ သွေးကြောတွေထဲမှာ
                                အများကြီး။
                                ဘယ်တော့ မှမကုန်ခမ်းနိုင်တဲ့ 
                                သွေးတွေ...
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏(၆၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ်သွေးလှူဒါန်းခဲ့ကြသောကျောင်းသားလူငယ်နှင့်
ဒီမိုကရေစီအင်အားစု(၆၅)ယောက်အားအဖွဲ့ချုပ်ခေါင်းဆောင်သတင်းစာဆရာကြီးအဘဦးဝင်းတင်ကိုယ်တိုင်လက်မှတ်ရေးထိုးရ်ျဂုဏ်ပြုလွှာ
များပြန်လည်ပေးအပ်ခဲ့ပါတယ်။အဆိုပါသွေးလှူဒါန်းခဲ့ကြသောကျောင်းသားလူငယ်များကိုဒေါ်အောင်ဆန်းစုကြည်မှမိမိမွေးနေ့အထိမ်းအမှတ်
အဖြစ်ယခုလိုသွေးလှူဒါန်းခဲ့ကြသောအလှူရှင်များအားလုံးကိုမိမိအနေဖြင့်အထူးကျေးဇူးတင်ကြောင်းနှင့်သူတပါးအသက်ရှင်သန်ရပ်တည်နိုင်
ရေးအတွက်မိမိသွေးကိုဖောက်ထုတ်လှူဒါန်းခြင်းသည်မွန်မြတ်သောအလုပ်ဖြစ်ပါကြောင်းအမှာစကားပါးလိုက်ပါတယ်။ယခုလိုလူထုခေါင်းဆောင်
မှအရေးတယူအမှာစကားပါးခဲ့ခြင်းကြောင့်သွေးလှူရှင်ကျောင်းသားများကအလွန်တရာဂုဏ်ယူဝမ်းမြောက်နေကြတယ်ဆိုတာအမေဒေါ်အောင်
ဆန်းစုကြည်ကိုသိစေချင်ပါတယ်။အမေချစ်တဲ့မြန်မာပြည်ကိုအမေ့သားတွေကလဲအလွန်ချစ်ကြောင်းနဲ့လိုအပ်လာပါကအသက်ကိုပင်ပေးဆပ်ဖို့
ဝန်မလေးကြကြောင်းအမေ့စိတ်ဓါတ်ကိုအလေးအမြတ်ပြုရင်းသွေးလှူရှင်ကျောင်းသားအားလုံးရဲ့ကိုယ်စားအမေသိပါစေကြောင်းပြောကြားလိုပါတယ်။
                                                                                                                                             မင်းသွေးသစ်(၂၀၀၇)
                                                                                                                                   ၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ                                              

Monday, July 5, 2010

Fwd: 7 ဇူလိုင် သို့  ခွပ်ဒေါင်းစိတ်ဓါတ်



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2010/7/5
Subject: 7 ဇူလိုင် သို့  ခွပ်ဒေါင်းစိတ်ဓါတ်
To:



"ကျောင်းသားကျောင်းသူများသို့ "……..။

 

                                                                                ၄၈ကြိမ်မြောက်7Julyနေ့အမှတ်တရ

 

ကျောင်းသားဆိုတာ အနာဂတ်ကိုဖန်တီးသူဖြစ်တယ်။ကျောင်းသားဆိုတာ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်သလို ၊  စစ်ဗိုလ်ချုပ်ကြီးလဲဖြစ်နိုင်တယ် ၊ အထူးကုဆရာဝန်ကြီး ၊ အင်္ဂျင်နီယာကြီး ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေဖြစ်နိုင်သလို ဆိုက္ကားသမား ၊ ဆေးသမားဆိုတာမျိုးလဲဖြစ်သွားတတ်တယ် ၊ ကျောင်းသားကနေ ဘာမဆိုဖြစ်သွားနိုင်တယ် ။

 

မြန်မာနိုင်ငံသမိုင်းမှာတော့ တိုင်းပြည်ရဲ့အရေးကြီးတဲ့အပြောင်းအလဲတိုင်းကိုဦးဆောင်ခဲ့သူဟာ ကျောင်းသားတွေပဲဖြစ်တယ်။ ကိုလိုနီပညာရေးနဲ့ နယ်ချဲ့တွေကိုသပိတ်မှောက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်( ၁၉၂၀ )ဟာ မြန်မာတမျိုးသားလုံးရဲ့အမျိုးသားရေးနိုးကြားမှုဖြစ်စေခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့ ၁၉၃၆ ခု ဒုတိယကျောင်းသားသပိတ်ဟာ ၁၉၃၈မှာ ၁၃၀၀ပြည့်အရေးတော်ပုံကြီးကို မီးမွှေးပေးခဲ့တာ ဖြစ်တယ်။

 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်ဦးဆောင်ဖွဲ့စည်းတဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)က ပြည်သူ လူထုနဲ့ထပ်တူလက်နက်ကိုင် တိုက်ပွဲဝင်ခဲ့လို့  မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တာဖြစ်တယ်၊ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဘ၀ကနေ နိုင်ငံရေးဇောက်ချလုပ်မယ်လို့ ကျောင်းထွက်ပြီးရဲရဲတင်းတင်းဆုံးဖြတ်လုပ်ဆောင်ခဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားသမဂ္ဂရဲ့ဥက္ကဌလဲဖြစ်တယ် ၊ ဒီတော့ ဗမာ့တပ်မတော်ဆိုတာကိုက ကျောင်းသားကနေဖြစ်လာတာလို့ ပြောလို့၇ပါတယ်။

 

မြန်မာပြည်သူတွေက နယ်ချဲ့လက်အောက်ကလွတ်မြောက်ခဲ့ပေမဲ့လဲ အမျိုးသားချင်းကျွန်လိုပြန်အုပ်ချုပ်ခံခဲ့ရတယ်၊မြန်မာ့ဆိုရှယ်လစ်အမည်ခံ စစ်အာဏာရှင်စနစ်(နေရာဌာနတိုင်းစစ်ဘက်အရာရှိများသာအုပ်စိုးချယ်လှယ်သည့်စနစ်)အောက်မှာ ဖွံ့ဖြိုးတိုးတက်မှုမရှိ ဆင်းရဲမွဲတေနေ တဲ့နိုင်ငံဖြစ်လာခဲ့တယ်၊မတရားမှုမှန်သမျှကိုဆန့်ကျင်တတ်တဲ့ ကျောင်းသားတွေရဲ့ဗီဇသဘောအရ ၁၉၆၂မတ်လ၂ ရက်နေ့ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းလိုက်ကထဲက ပြတ်ပြတ်သားသား ဖွင့်ဟပြောဆိုတိုက်ပွဲဝင်ခဲ့ကြတယ်။အညှိုးကြီးတဲ့ နေ၀င်းနဲ့စစ်ဝါဒီတွေက ရန်ကုန်တက္ကသိုလ်နယ်မြေကို စစ်မြေပြင်လိုသဘောထားပြီး လက်နက်မဲ့အပြစ်မဲ့ကျောင်းသားတွေကို (၁၉၆၂ခုဇူလိုင်လ၇ရက်နေ့မှာ) ရက်ရက် စက်စက်ပစ်ခတ်သတ်ဖြတ်ပြီး ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုမိုင်းခွဲဖျက်ဆီးပစ်ခဲ့တယ်၊ကျောင်းသားသမိုင်းမှာ မမေ့နိုင်တဲ့ 7JULYနေ့

ရယ်လို့ဖြစ်လာပြီး နှစ်စဉ်နှစ်တိုင်း အောက်မေ့ဘွယ်အခန်းအနားတွေ(ခုထိ)ကျင်းပကြတယ် ။ ၁၉၈၈ မတ်လ၁၃ မှာ R.I.T ကျောင်းသား  ကိုဖုန်းမော်၊ကိုစိုးနိုင်တို့ကို ကျောင်းဝန်းထဲတင်ပစ်သတ်မှုဖြစ်ပြီးချိန်မှာတော့ ကျောင်းသားတွေရဲ့ဦးဆောင်မှုနဲ့ ရှစ်လေးလုံးခေါ်၁၃၅၀ပြည့် လူထု အုံကြွမှုကြီးဖြစ်ပေါ်ခဲ့တယ်။ရဟန်းသံဃာတွေ၊အဘိုးအဘွားတွေ၊အိမ်ရှင်မတွေ၊အလုပ်သမားလယ်သမားတွေ၊၀န်ထမ်းတွေ၊တချို့ရဲနဲ့စစ်သားတွေ၊ နောက်ဆုံးမိန်းမလျှာတွေတောင်ပါဝင်တဲ့ လူထုအုံကြွမှုကြီးက နေ၀င်း/စိန်လွင်အစိုးရကိုဖြုတ်ချနိုင်ခဲ့ပေမဲ့ အာဏာကိုငန်းငန်းတက်ဆုတ်ကိုင် ထားလိုတဲ့စစ်ဗိုလ်ချုပ်တွေက နိုင်ငံတော်ငြိန်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(န၀တ)အမည်ခံအာဏာသိမ်းခဲ့ပြန်တာကြောင့် ရရာလက်နက် ထွဲကိုင်ပြန်ချမယ်ဆိုပြီး ကျောင်းသားတွေတောခိုကြရာက တစ်ကမ္ဘာလုံးကအံ့သြရတဲ့ ၊ ကမ္ဘာ့တော်လှန်ေ၇းသမိုင်းတွေမှာတောင်မရှိတဲ့ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)ဆိုတာပေါ်ပေါက်ခဲ့တယ် ။ VBSW ခေါ်တဲ့ စွမ်းအားမြှင့်မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့နဲ့ ABSDF ဟာ စစ်အာဏာ၇ှင်နဲ့မစေ့စပ်မဆွေးနွေးစတမ်း ပြတ်ပြတ်သားသား ရင်ဆိုင် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တွေဖြစ်တယ်။

 

ကျောင်းသားဆိုတာအလွှာပေါင်းစုံကဖြစ်နိုင်ပြီး လူထုလူတန်းစားပေါင်းစုံမိဘတွေနောက်မှာရှိနေတဲ့အတွက် ကျောင်းသားကတစ်ခုခုစလိုက်တိုင်း ပြည်သူကြားမှာရိုက်ခတ်မှုရှိတဲ့အတွက် အာဏာပိုင်တွေက ကျောင်းသားတွေနိုင်ငံရေးလုပ်မှာ အရမ်းစိုးရိမ်ပါတယ် ၊ ဒါကြောင့် နည်းပေါင်းစုံနဲ့ ကျောင်းသားတွေနိုင်ငံရေးမလုပ်နိုင်အောင် လုပ်ထားပါတယ် ။ကျောင်းတွေကို မြို့ပြင်တွေထုတ်ပြီး ပြည်သူတွေနဲ့ဝေးရာမှာထားတယ်၊မူးယစ် ဆေးဝါး ၊ အပျော်အပါးနဲ့ လောင်းကစားတွေကို မသိမသာခွင့်ပြုပေးထားတယ် ၊ ကျောင်းစည်းကမ်းတွေတင်းကြပ်ထားတယ် ၊ နိုင်ငံရေးဆိုတာ မဟရဲအောင် ခြိမ်းခြောက်ထားတယ် ၊ပညာရေးစနစ်အလွဲတွေနဲ့ ကျောင်းသားတွေကို စာသင်ခန်းတွေထဲမှာ အချိန်ဖြုန်းခိုင်းထားတယ် ။နိုင်ငံရေး ဆိုတာ ကျောင်းသားနဲ့မဆိုင်ဘူးဆိုတာမျိုး အတွေးအခေါ်မှားတွေရိုက်သွင်းနေပြီး နယ်ချဲ့ဆန့်ကျင်ရေးခေတ်ကနေခုထိ ရဲရဲတောက်ကျောင်းသား သမိုင်းတွေကို ဖျောက်ဖျက်ဖုံးကွယ်ထားတယ် ။

 

ကျောင်းသားတွေမှာ အယူဝါဒအစွဲ ၊ ဘာသာအစွဲ ၊ လူမျိုးအစွဲမရှိဘူး ၊ ကျောင်းသားကြားမှာ အားလုံးရှိတယ် ၊ ဒါပေမဲ့ ညီညွတ်လို့ရကြတယ်၊ ကျောင်းသားက လူငယ်ပိုင်းတွေပီပီ ဖြတ်လတ်တယ် ၊ ပွင့်လင်းရိုးသားတယ် ၊ မတရားမှုတွေ့လာလို့ရင်ဆိုင်ဖြေရှင်းရတဲ့အခါ ဒေါင်းခွပ်သလို (ဒေါင်းကခွပ်ရင်နောက်ပြန်ပြေးရိုးထုံးစံမရှိ၊မနိုင်သည့်တိုင်အောင်တောင်အသေခံခွပ်)စိတ်ဓါတ်မျိုးဖြစ်တာကြောင့် ကျောင်းသားတွေရဲ့သင်္ကေတ ဟာ ခွပ်ဒေါင်း လို့နယ်ချဲ့ဆန့်ကျင်ရေးခေတ်ကထဲက သတ်မှတ်ခဲ့ကြတာဖြစ်တယ်။ခွပ်ဒေါင်းဟာ ကျောင်းသားထုကိုယ်စားပြုသင်္ကေတဖြစ်တယ် ဆိုတာ စစ်အာဏာရှင်တွေကိုယ်တိုင်လက်ခံအတည်ပြုပေးလိုက်ရပြီဖြစ်တယ်၊ စစ်အာဏာရှင်တွေရဲ့အယောင်ဆောင်ရွေးကောက်ပွဲမှာ ကျောင်း ယောင်ဆောင်ပါတီထောင်သူတွေရဲ့ နိုင်ငံရေးပါတီသင်္ကေတအလံတွေကို ကျောင်းသားသမဂ္ဂအလံနဲ့ချွတ်စွတ်တူအသုံးပြုထားလို့ ပယ်ဖျက် ပေး

ဘို့ (ကျောင်းသားသမဂ္ဂရဲ့အိုးဝေမဂ္ဂဇင်းအယ်ဒီတာဟောင်း)စာေ၇းဆရာကြီးဒဂုဏ်တာယာနဲ့ စာပေအနုပညာအသိုင်းအ၀ိုင်းတွေက ၀ိုင်းကန့် ကွက်ကြတာကို စစ်အာဏာရှင်တွေရဲ့ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က လက်ခံပြီး ပါတီအလံပုံစံပြန်ပြင်ခိုင်းပေးလိုက်ရပါတယ် ။ အဲဒါ ကျောင်းသားတွေနဲ့ ခွပ်ဒေါင်းအလံရဲ့ဂုဏ်သိက္ခာပါပဲ ။

 

ကျောင်းသားနိုင်ငံရေးလုပ်သင့်မလုပ်သင့် ဆိုင်မဆိုင်ဆိုတာ အထက်မှာပြောပြီးသလို၊ ဗမာ့တပ်မတော်ဆိုတာတောင် ကျောင်းသားတွေနိုင်ငံရေး လုပ်ရာက ဖြစ်လာတာပါ ။ သမိုင်းမှာတော့ ကျောင်းသားနိုင်ငံရေးလုပ်လို့ ဗမာပြည်ကောင်းခဲ့တာပဲရှိတာပါ ။ တိုင်းပြည်နိုင်ငံရေးတည်ငြိမ်မှ ကျောင်းသားလဲပညာကောင်းကောင်းသင်ရမှာပါ ၊နိုင်ငံရေးမကောင်းရင် တိုင်းပြည်ရဲ့ကဏ္ဍစုံပျက်ဆီးမှာပါ ၊မှန်ကန်တဲ့ ဥပဒေမရှိတာကို မတရား တာလို့သတ်မှတ်ရင် ကျောင်းသားမူအရ ဆန့်ကျင်ရမှာပါ ။ ကျောင်းသားဆိုတာ အကြောက်တရားမရှိဘူး၊ မှန်ကန်ရဲရင့်တယ်ဆိုတဲ့ ဂုဏ်သိက္ခာပဲ ရှိပါတယ် ၊ အဲဒီအတွက် ကျောင်းသားတိုင်းနိုင်ငံရေးလုပ်ကြရမှာပါ ။

 

ခုဆိုရင် စစ်အာဏာရှင်တွေက ချမ်းသာချင်တိုင်းချမ်းသာနေကြပြီး ပြည်သူတွေကတနေ့စာနပ်မှန်အောင်တောင်အနိုင်နိုင်ဖြစ်နေတဲ့ မတရားမမျှ တတဲ့ နိုင့်ထက်စီးနင်းခေတ်ကြီးဖြစ်နေတာ၊နေရာတိုင်း လာဘ်ပေးလာဘ်ယူခေတ်ဖြစ်နေပြီး ယုတ်စွအဆုံးသေရေးတောင်မလွယ်တဲ့ ခေတ်ကြီး ဖြစ်နေတာကို ကျောင်းသားတွေမှဦးဆောင်ပြောင်းလဲနိုင်စွမ်းမရှိဘူးဆိုရင်တော့……..။

 

ကျောင်းသားထု၏ သမိုင်း,သွေး,သတ္တိ အားအသိမှတ်ပြုလေးစားမျှော်လင့်လျက်..


ပေးပို့ ပေးသောရဲဘော်အားအထူးကျေးဇူးတင်ပါသည်။


Tuesday, June 22, 2010

လူထုခေါင်းဆောင်၏မွေးနေ့ အထမ်းအမှတ်သွေးလှူပွဲ

          (၁၉.၆.၂၀၁၀)ရက်နေ့ တွင်ကျရောက်သောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏

(၆၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်ရန်ကုန်တိုင်းအတွင်းရှိဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနှင့် 

ကျောင်းသားလူငယ်စုစုပေါင်း(၆၅)ကစုပေါင်းရ်ျသွေးလှူဒါန်းခြင်းကိုရန်ကုန်မြို့ပေါ်ရှိဆေးရုံအသီးသီးတွင်နေရာခွဲရ်ျပြုလုပ်ခဲ့ကြောင်းသိရှိရသည်။အာဏာပိုင်များ၏စောင့်ကြည့်နှောက်ယှက်မှုများရှိသည့်အတွက်ကြောင့်တနေ

ရာထဲတွင်သွေးလှူဒါန်းခြင်းမပြုနိုင်ပဲယခုကဲ့သို့ နေရာခွဲရ်ျပြုလုပ်ရခြင်းဖြစ်ကြောင်းသွေးလှူဒါန်းခဲ့ရာတွင်ကိုယ်

တိုင်ပါဝင်လှူဒါန်းခဲ့ သူကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့ သည်။"လူထုခေါင်းဆောင်အမေစုတိုင်းပြည်နဲ့ လူမျိုးအပေါ်မှာပေးဆပ်မှုနဲ့ စာရင်ကျွန်တော်တို့ ဖောက်ထုတ်ခဲ့ တဲ့ သွေးတွေကဘာမှမပြောပလောက်ပါဘူး၊အ

မေ့ ရဲ့ ပေးဆပ်မှုတွေကိုတန်ဖိုးထားလေးစားတဲ့ အနေနဲ့ ကျွန်တော်တို့ ပေးဆပ်နိုင်သလောက်လေးပြန်လည်ပေး

ဆပ်တာပါ၊သွေးလှူနေတဲ့ ကျွန်တော့် ကုတင်ဘေးမှာအမေကိုယ်တိုင်ရပ်ပြီးပီတိအပြုံးနဲ့ အားပေးနေတယ်လို့ စိတ်ထဲကမြင်ယောင်ပြီးကြည်နူးမိပါတယ်၊နောင်နှစ်နောင်နှစ်တွေမှာမွေးနေ့ ရှင်ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်တဲ့ မွေးနေ့ ဖြစ်ပါစေလို့ လဲကျွန်တော်တို့ ကျောင်းသားလူငယ်တွေကပြည်သူတရပ်လုံးကိုယ်စားဆုတောင်းပေးပါ

တယ်"ဟုအထက်ပါကျောင်းသားလူငယ်မှဆက်လက်ပြောကြားသွားပါသည်။

                                                                                                     မင်းသွေးသစ်(၂၀၀၇)

                                                                                       ၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ

 

 

 

 

 

 

 

 

 

 

 

 

 

 

Sunday, June 6, 2010

Fwd: ဒီမိုကရေစီ အဆိုရှင်ထက်အောင်ရှိုင်း၏ နေ့ သစ်ကိုကြိုဆိုကြပါစို့ သီချင်းအခွေ..



---------- Forwarded message ----------
From: thadar M <thadarmay@gmail.com>
Date: 2010/6/6
Subject: ဒီမိုကရေစီ အဆိုရှင်ထက်အောင်ရှိုင်း၏ နေ့ သစ်ကိုကြိုဆိုကြပါစို့ သီချင်းအခွေ..
To: pwint thit <pwint_thit@yahoo.com>, win min <winminoo06@gmail.com>, Mr Ronal <ronal50@gmail.com>, မိုးသွေးငယ် <moethwaynge@gmail.com>, Aung Khin Myint <ko.aungdk@gmail.com>, Bo Bo <mgboboburma@gmail.com>, free burma <freeburma.freeburma@gmail.com>, fridaypaing@gmail.com, flyingpeacock 619 <flyingpeacock619@gmail.com>, Bob Marley <gwbobmarley@gmail.com>, kenneth moe <kennethmoe78@gmail.com>, alertzin@gmail.com, ATN <johanoung@gmail.com>, Bay Dah Pann <panbaydah@gmail.com>, julietzawwin@googlemail.com, jimmy_lashio <jimmy_lashio@hotmail.com>, Joseph Barry <uwinmg@gmail.com>, Google Team <truemmnews@gmail.com>, "ိdowntamun@gmail.com" <downtamun@gmail.com>, Ka Daung <kadaung@gmail.com>, Kyi Pyar <kyipyar.k@gmail.com>, kaung kin ko <kaungkinko@gmail.com>, kokoluaye08@gmail.com, kyawnaing1119@gmail.com, Cho Too <chotoo88@yahoo.com>, nyuntsoemoe@gmail.com, layapple@gmail.com, demowaiyen@gmail.com, eternal.player@gmail.com, fotobuddy <fotobuddy@gmail.com>, Goldie Shwe <rhaxmurak@googlemail.com>, yawnathanzinyaw2008@gmail.com, freedom lin <freedomlin2008@gmail.com>, lapyae way <lapyaeway@gmail.com>, Thiri Nyunt <thirinyunt@hotmail.com>, OWAY 88 <oway88@gmail.com>, oway.magae@gmail.com, yan pe <yan19708@gmail.com>, freeburma-freeburma <pray4freeburma@googlemail.com>, phyowai ¥ <phyowai1984@googlemail.com>, Paphiopedilum wardii <wardii.orchid@gmail.com>, Yangon Thar <rangoonian@gmail.com>, spygyittu@gmail.com, "L-zaw sai .." <zawsai22@gmail.com>, LLKS <linletkyalsin@yahoo.com>, thiha burma <thihaburma@gmail.com>, uthavara@gmail.com, uaungtin@yahoo.com, zawyetun@gmail.com, zaw kk <zaw_kk@yahoo.com>, zinyaw 86 <zinyaw.ygn@gmail.com>, zawmin.rk@gmail.com, wefightwewin@gmail.com, winlatt@gmail.com, wave.sunami@gmail.com, wailinnzin@gmail.com, chanmyaeaun@googlemail.com, bokyauk1967@gmail.com, ye' yint <yeyintcanada@gmail.com>, Y myitcho <ymyitcho@gmail.com>, lunswe@gmail.com, yamounnar@gmail.com, nainglinaung297@gmail.com, nyeinzayoo@gmail.com, Ashincando Bhasacara <ashincandobhasacara@gmail.com>, Overseas Burmese Patriots <obp@overseasburmesepatriots.org>, forrestgump8880@gmail.com, hagyaw@gmail.com, John Moe <jmoekt@gmail.com>, oothetthet@gmail.com, pcnmb korea <pcnmb_kr@yahoo.com>, athein168 thein <athein168@msn.com>, uscampaignforburma@mail.democracyinaction.org, agga777@gmail.com, aaaung2@gmail.com, Nargis Myint Aung <nargismyintaung@gmail.com>, Thet Su Naing <tsnaing@voanews.com>, thahlaoo@gmail.com, moethway@gmail.com, biggest.thu@gmail.com, burmathwe@gmail.com, cheredemiel@gmail.com, chowunna@gmail.com, maungyit@gmail.com, ko.think@gmail.com, koayecham@gmail.com, kozanye@gmail.com, kozarny@gmail.com, ksngyjpn@gmail.com, lwinpyin.9@gmail.com, minthetpaing08@gmail.com, minyangnaing@gmail.com, malaysiammbloggers@gmail.com, mandalaymonk@gmail.com, moepyay88@gmail.com, redowl99@gmail.com, rannaingsoe@gmail.com, Soe Aung <saung@ccfwsb.org>, Soe Moe <soemoe@shaw.ca>, vote.no.no.no@gmail.com, nainglinaungitaly@gmail.com, nyuntthan@gmail.com, မျိုး ချစ် <myochitmyanmar@gmail.com>, "cheredemiel:" <cheredemie@gmail.com>, 286984@gmail.com, 5th.generation.burmese@googlemail.com, tayzar.tay@gmail.com


သီချင်းများ၏ Zip ကို ဒီမှာယူနိုင်ပါတယ်
http://www.mediafire.com/?mq2yzfmmzki

cover Design က ကိုမျိုးလက်ရာပါ။ လွတ်လပ်စွာခံစားနားဆင်ပါ။ အကယ်၍ အခမ်းအနားပွဲများတွင် ဝေမျှ ဖြန့်ဝေလိုပါက
 သီချင်းများကို တေးသံရှင်၏ ဆန္ဒအရ ငွေကြေးတစ်စုံတရာဖြင့် ရောင်းစားခြင်းမပြုဘဲ အခမဲ့ထုတ်ဝေ စေလိုပါတယ်။ ကျေးဇူးပါ။ ရွှင်လမ်းချမ်းမြေ့ကြပါစေ။
 
လေးစားစွာဖြင့်
မသဒ္ဓါ


HTET AUNG SHINE MUSIC CD-COVER DESIGN
HTET AUNG SHING CD SURFACE
HTET AUNG SHINE-POSTER DESIGN
HTETAUNG SHINE CD SURFACE DESIGN
HTET AUNG SHINE-COVER DESIGN



Tuesday, June 1, 2010

Fwd: ဂရုဏာလက် လူမှုအကျိုးပြုလူငယ်များ အတွက်အကြောင်းကြားအပ်ပါသည်



---------- Forwarded message ----------
From: black moon <blackmoon545@gmail.com>
Date: 2010/6/1
Subject: ဂရုဏာလက် လူမှုအကျိုးပြုလူငယ်များ အတွက်အကြောင်းကြားအပ်ပါသည်
To:


• ဂရုဏာလက် လူမှု အကျိုးပြု လူငယ်များ၏ ရေလှူပြီးနောက်ပိုလျှံသောအလှူငွေတစ်သိန်းခုနှစ်သောင်းအားကမ်ပါးပြို၍ရွာတစ်ဝက်ပါသွားသော ခရမ်းမြို့ နယ်အပိုင်မုတ္တမပင်လယ်ကွေ့ ကမ်းစပ်ရှိညောင်ပင်ကြီးစုရွာမူလတန်းကျောင်းရှိကျောင်းသား
• အယောက်(60)ကျော်အတွက်စာအုပ်များနှင့်ခဲတံများကို၎င်း၊ သန်လျှင်မြို့ အောင်ချမ်းသာ ပိုင် အေးသာယာရပ်ကွက်ရှိ ဆုထူးပန် ပရဟိတမိဘမဲ့ ကျောင်းရှိကျောင်းသား(365)ယောက်အတွက် စာအုပ်များနှင့် ခဲတံများကို၎င်း၊
• အခြားကျောင်းများတွင်ကျောင်းနေရန်ခက်ခဲသောကလေးငယ်များအတွက်ကကျောင်းစရိတ်များ ကို(8.6.2010)ရက်နေ့ တွင်သွားလှူဒါန်းကြမည်ဖြစ်သည့်  အတွက်ကိုယ်တိုင်လိုက်ပါ၍လှူဒါန်းလိုသောအလှူရှင်များအနေဖြင့်  ဂရုဏာလက်လူမှုအကျိုြးုပု လူငယ်များနှင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအသိပေးအပ်ပါသည်။
8.6.2010 ရက်နေ့ တွင်သန်လျင်မြို့ ယခင်ဖို့ မြေမှတ်တိုင်ဟောင်း(အ.ထ.က(၃)ကျောင်းအနီးရှိ "ညီညီလှိုင်" လက်ဖက်ရည်ဆိုင်မှမနက်ရှစ်နာရီခွဲတွင်ကားစတင်ထွက်ခွာမည်ဖြစ်သဖြင့် လိုက်ပါလိုသောအဖွဲ့ ဝင်များအနေဖြင့် အချိန်မီလာရောက်ကြပါရန်အသိပေးအပ်ပါသည်။

Thursday, April 8, 2010

ဆောင်းပါး

                                        "နောက်ဆုံးတိုက်ပွဲနောင်ရိုးစိတ်ဓါတ်"

                        န.အ.ဖကတော့ ရွေးကောက်ပွဲဥပဒေကိုထုတ်ပြန်ပြီးမြန်မာပြည်သူများနဲ့ ကုလသမဂ္ဂအပါအ၀င်နိုင်ငံတကာအသိုင်းအ၀ိုင်းကိုအဆုံးအစွန်ထိစိန်ခေါ်လိုက်ပြန်ပါပြီ။အာလုံးက၀ိုင်းဝန်းတောင်းဆိုနေကြ၊တားမြစ်နေကြသည်ကြားကပင်ယခုလိုကိုယ်သဘောကိုယ်ဆောင်ရ်ျပြုမှုလိုက်ခြင်းသည်က်ျတစ်ကြိမ်သည်လည်းပထမဆုံးအကြိမ်မဟုတ်တော့ပါ။န.အ.ဖစစ်အုပ်စုကသူလမ်းစဉ်ကိုမဆုပ်မနစ်အကောင်ကထည်ဖော်သွားနိုင်ခဲ့သည်။၎င်းတို့ ဘက်ကကြည့်လျင်တော့ ၎င်းတို့ လိုချင်သည့် ပန်းတိုင်ရောက်လုပြီ။ဒါဆိုကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားများဘက်ကရောပန်းတိုင်ရောက်လုပါပြီလား…..?တာဝန်ကျေပြီလား…..? 
                         န.အ.ဖ၏လမ်းပြမြေပုံခုနုစ်ချက်ကိုအဆင့် တိုင်းကိုကျွန်တော်တို့ (ဒီမိုကရေစီဘက်တော်သားများ)ကပါးစပ်ဖြင့် တိုက်ဖျက်လာကြသည်မှာလဲယခုအချိန်တွင်ဆုံးခန်းတိုင်လုပြီ။က်ျတစ်ကြီမ်တွင်လည်းအလုပ်မပါပါးစပ်ချည်းသက်သက်သာတိုက်ဖျက်နေကြပါကကျွန်တော်တို့ တိုင်းပြည်နှင့် ကျွန်တော်တို့ လူမျိုးလောက်ညံ့ သောသူက်ျကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။ပါးစပ်နဲ့ မတိုက်ဖျက်ချင်လိုရောတွေများရှိလိုလဲဟုမေးစရာရှိပါသည်။ကျွန်တော်တို့်သည်စည်းလုံးချင်းအင်အားလောက်ကောင်းသောလက်နက်မရှိမှန်းသိလျက်နှင့်ပင်ထိုလက်နက်ကိုဆွဲကိုရန်တွန့်ဆုတ်နေခဲ့ကြသည်။မယုံမရဲရှိနေခဲ့ကြသည်။ဘုရင်နောင်၏နောင်ရိုးတိုက်ပွဲ၊နောင်ရိုးစိတ်ဓါတ်ကိုမေ့ လျော့ နေခဲ့ကြသည်။လမ်း(way)မရှိလိုပါပဲလူထုကိုဦးဆောင်ချင်နေကြသည်။                                                           တကယ်ဆိုကျွန်တော်တို့လုပ်သင့်သည်မှာလက်တွေ့ ကျသောအမြင်များ၊လမ်းစဉ်များကိုပြည်သူလူထုအားချပြပြီးဦးဆောင်သင့် သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ရွေးကောက်ပွဲမ၀င်၇န်ဆုံးဖြတ်သည့ဆုံးဖြတ်ချက်သည်ဒေါ်အောင်ဆန်းစုကြည်၏သဘောထားဖြစ်ခြင်းကြောင့်မဟုတ်ပဲမြန်မာတစ်နိုင်ငံလုံးအားဒုက္ခပင်လယ်တွင်းမှကယ်တင်ရန်အတွက်ပထမခြေလှမ်းပင်ဖြစ်ကြောင်းရှင်းပြစည်းရုံးရမည်။မြန်မာ့ လူဘောင်အတွင်းတွင်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနှင့်မြန်မာပြည်လွတ်မြောက်ရေး၏ဆက်စပ်မှုကိုရှင်းလင်းစွာသိနားလည်ကြခြင်းမရှိသေးပေ။၎င်းအခြင်းအ၇ာကိုကျွန်တော်တို့ ပတ်ဝန်းကျင်၇ှိမည်သည့် အင်အားစုကမှမဟုတ်သောသာမာန် ပြည်သူတယောက်နှင့်စကားအနည်းငယ်ပြောကြည့် ရုံဖြင့်သိနိုင်ပါသည်။

                          နှစ်ကာလအတန်ကြာအဖက်ဖက်ကပြင်ဆင်ပြီးသောစနစ်တကျ ဖွဲ့ စည်းထားသော န.အ.ဖ၏အုပ်ချုပ်ရေးယန္တရားရပ်တန့်သွားရန်လုပ်ဆောင်မည်ဆိုလျင်ပြည်သူအတွက်အတွေ့အကြုံရှိသောအရည်အချင်းရှိသောခေါင်းဆောင်ကောင်းတစ်ဦးတော့အနည်းဆုံးလိုအပ်သည်။ဒေါ်အောင်ဆန်စုကြည်သည်အထက်ပါအရည်အချင်းများနှင့်ပြည်စုံသည့်အပြင်လွန်ခဲ့သည့်ဆယ့်သုံးနှစ်တာကာလကိုနေအိမ်အကျယ်ချုပ်ဘ၀ဖြင့်ဖြတ်သန်းခဲ့ရသည့်လူထုခေါင်းဆောင်တစ်ဦးပင်ဖြစ်သည်။ထိုသို့ဆယ်သုံးနှစ်ကာလကိုအကျယ်ချုပ်ဘ၀ဖြင့်ဖြတ်သန်းခဲ့ရခြင်းသည်သူ့ အတွက်မဟုတ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ အတွက်မဟုတ်မြန်မာပြည်သူများနှင့်မြန်မာနိုင်ငံအတွက်သာဖြစ်သည်။ယင်းအချက်ကိုသိတာထင်ရှားသွားစေသည့်အချက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ရွေးကောက်ပွဲမ၀င်ရေးဆုံးဖြတ်ချက်ပင်ဖြစ်သည်။မြန်မာပြည်သူလူထုကိုတရားဝင်ဆက်လက်ဖိနှိပ်ချုပ်ချယ်ခွင့်ပေးထားပြီးစစ်အာဏာရှင်စနစ်ကိုသက်စိုးရှည်စေမည်2008ဖွဲစည်းပုံအခြေခံဥပဒေကိုဆန့်ကျင်ပြီးရွေးကောက်ပွဲမ၀င်ရေးလမ်းကြောင်းကိုရွေးချယ်ခဲ့ခြင်းသည်ပါတီဆက်လက်ရှင်သန်ရပ်တည်ရေးထက်စာလျှင်ပြည်သူဘ၀လွတ်လပ်ရေးကိုဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အဖွဲ့ ချုပ်ခေါင်းဆောင်းများနှင့်NLDပါတီကအလေးထားကြောင်သိသာထင်ရှားစေသည်သာဓကပင်ဖြစ်ပေသည်။ထို့ကြောင့်ကျွန်တော်တို့ပြည်သူများအနေဖြင့်အမျိုးရေးဒီမိုကရေစီအဖွဲ့ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်၏ပြည်သူ့အပေါ်ထားသောစေတနာကိုနားလည်သောအားဖြင့်NLDပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ရှေ့လုပ်ငန်းစဉ်များကိုဝန်းရံထောက်ခံကြရန်ပင်ဖြစ်သည်။သို့မှသာမြန်မာပြည်သူလူထုအများစုလိုလားသောပြည်သူ့ဘ၀များအမှန်တကယ်ဖွံ့ဖြိုးတိုးတက်လာမည့်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိပေမည်။                      မကြာသေးမီကထုတ်လုပ်ပြန်ခဲ့သောန.အ.ဖ၏ရွေးကောက်ပွဲဥပဒေများနှင့်ပက်သက်ပြီ်းကျောင်းသားအများအပြားနှင့်ကျွန်တော်ဆွေးနွေးဖြစ်ပါသည်။စစ်အစိုးရလက်အောက်တ
ွင်တက္ကသိုလ်ပညာသင်ကြားနေရသောကျွန်တော်တို့ခေတ်ကျောင်းသားအများစုမှာစစ်အစိုးရ၏ဖိနှိပ်မှုများ၊မကောင်းသည့်ဘက်ကိုသာအလွယ်တကူရောက်ရှိသွားစေနိုင်သောခေတ်စနစ်အခြေအနေတို့်ကြောင့်ကိုယ်နိုင်ငံ၏အရေးကိစ္စများကိုစိတ်ဝင်စားဖို့နေနေသာသာနိုင်ငံရေးဆိုသည်မှာအန္တရာယ်အရှိဆုံးအလုပ်ဟုသက်မှတ်နားလည်ထားကြသည်ခေတ်ကြီးတွင်နိုင်ငံရေးကိုစိတ်ရောကိုယ်ပါပြောဆိုလုပ်ဆောင်နေကြသော၎င်းကျောင်းသားများသည်တိုးတက်သောအမြင်ရှိသည့် ကျောင်းသားများဟုယူဆလျှင်ရနိုင်ပါသ ည်။

                                   လက်ရှိမြန်မာ့နိုင်ငံရေးဖြစ်စဉ်များကို၎င်းကျောင်းသားများနှင့်ကျွန်တော်ပြောဆိုဆွေးနွေးမှုများပြုလုပ်သည့်အခါ၎င်းတို့အယူအဆအမျိုးမျိုးကိုသိခွင့်ရခဲ့ပါသည်။၎င်းတို့ကမြန်မာနိုင်ငံအလည့်အပြောင်းများတွင်ရဟန်းသံဃာများနှင့်ကျောင်းသားလူငယ်တို့သည်မည်သည့်အခါမှဦးလေးခြင်းမရှိဘဲရှေ့ဆုံးမှပါဝင်မြဲဖြစ်ကြောင်း၊သို့သော်အကြောက်တရားများကြောင့်ပြည်သူလူထုထိုက်သင့်သလောက်ပါဝင်ခြင်းမရှိသည့်အခါများတွင်တော်လှန်ရေးဖြစ်စဉ်အချို့မှာလိုအပ်သည့်ပန်းတိုင်မရောက်ခင်ကျရှူံးရပ်တန့်ခဲ့ကြရကြောင်း၊

ထို့ကြောင့်နောက်ဆုံးတိုက်ပွဲတွင်ယင်းအချက်ကိုမိမိတို့ကြိုတင်နည်းလမ်းရှာကြိုးစားသင့်ကြောင်း၊နောက်တစ်ချက်မှာလူထုအုံကြွမှုများဖြစ်ပေါ်လာသောအခါအစိုးရကအကြမ်းဖက်တုံ့ပြန်မှုများဖြစ်ပေါ်မလာစေရန်အစိုးရ၏လက်ကိုင်တုတ်သဖွယ်အသုံးချခံနေကြရရှာသောတပ်မတော်သားများနှင့်ပြည်သူ့ရဲများအားမီဒီယာများမှဖြစ်စေအခြားနည်းလမ်းနှင့်ဖြစ်စေ၄င်းတို့၏မိဘသဖွယ်ဖြစ်သောပြည်သူများအားအကြမ်းမဖက်ရန်နှင့်လူထုနှင့်ပူးပေါင်းရန်ကြိုတင်မေတ္တာရပ်ခံထားသင့်ကြောင်း၊နိုင်ငံတကာမှမြန်မာများအနေဖြင့်လည်းပြည်တွင်းတွင်

လူထုအုံကြွမှုဖြစ်နေစဉ်ကာလနှင့်အချိန်ကိုက်နိုင်ငံတကာရှိမြန်မာသံရုံးများနှင့်တရုတ်သံရုံးများတွင်ငြိမ်းချမ်းသောနည်းလမ်းများဖြင့်မြန်မာပြည်သူများနှင့်တသွေးတည်းတစ်သားထဲရှိကြောင်းပြသသင့်ကြကြောင်း၊လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များသည်လည်းန.အ.ဖ၏နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိုလက်မခံပဲဆက်လက်တောင့်ခံထားကြစေလိုကြောင်း၊အခြားတစ်ဖက်မှလဲနိုင်ငံတကာဖိအားများယခုထက်ပိုရ်ျပြင်းထန်လာစေရန်ယခုအချိန်မှစရ်ျလုပ်ဆောင်သင့်ကြောင်းစသည်ဖြင့်ပြောဆိုဆွေးနွေးကြပါသည်။     

                               ချုပ်ရ်ျဆိုရသော်ယခုတစ်ကြိမ်နောက်ဆုံးတိုက်ပွဲတွင်ဒီမိုကရေစီအင်အားစုများနှင့်မြန်မာပြည်သူတို့ကဘုရင့်နောင်၏နောင်ရိုးတိုက်ပွဲ၊နောင်ရိုးစိတ်ဓါတ်ထုံးနှလုံးမူရ်ျနောက်လှည့်မကြည့်စတမ်းရည်မှန်းချက်ရောက်သည်အထိတိုက်ကြရန်နှင့်အဖက်ဖက်ကအစိုးရအားဖိအားပေးသောမည်သည့်လှုပ်ရှားမှုမျိုးကိုမဆိုပူးပေါင်းပါဝင်ကြမည်ဆိုပါကသံဃာတော်များနှင့်ကျောင်းသားလူငယ်တို့ဦးဆောင်သောမြန်မာ့ဒီမိုကရေစီရရှိရေးတိုက်ပွဲကြီးကိုမကြာမီအချိန်ကာလအတွင်းမြန်မာပြည်သူတို့မျက်ဝါးထင်ထင်မြင်တြွေ့ကရလိမ့်မည်ဖြစ်ကြောင်းက်ျဆောင်းပါးဖြင့် ကြိုတင်အသိပေးအပ်ပါသည်။          

 

 

                                                                                မင်းသွေးသစ်(၂၀၀၇)

                                                                        ၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ

 

 

 

 

 

 

 

 

 

 

 

 

         

Wednesday, March 31, 2010

" လေးစားပါသည် NLD "


ပြည်သူ့ ပါတီ NLD
ပြည်သူ့ အရေးဆောင်ရွက်သည်။

ခွပ်ဒေါင်းသွေးမို့ ရဲရဲနီ
မတရားအမိန့် ဟူသမျှဆန့် ကျင်မည်။

၂၀၁၀ ရွေးကောက်ပွဲတံခါး
သွေးစွန်းလက်နဲ့ ဖွင့် လှစ်ထား။

စစ်ကျွန်သက်မရှည်ရေးတွေးဆညီ
NLD ကဆန့် ကျင်ပြီ။

ပြည့် သူ့ ပါတီပီသသည်
လေးစားပါသည် NLD။ ။


မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ

Saturday, January 2, 2010

" ကိုကျော်ဝင်း အရှေ့လေလား အနောက်လေလား"


တော်ဖလာ၊ ဟမ်တင်တန်၊ ဖူကူရားမား၊ သောမတ်စ် ဖရိုက်မင် စတဲ့ နီယိုကွန်။ နီယိုလစ်။ ဘက်က်စ်ဆဲလ်လားတို့ရဲ့ စာများကို ဘာသာပြန်ပြီး ဖွင့်ဆိုပြပြီး ပေါ်ပြူလာဖြစ်လာတဲ့ ဂလိုဘယ်လ် စာရေးဆရာ ကိုကျော်ဝင်းက "ပဋိပက္ခ ဖြေရှင်း ရေးနှင့် ရွေးကောက်ပွဲတို့၏အခန်းကဏ္ဍ" ဆိုတဲ့ခေါင်းစဉ်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ဆောင်းပါးတပုဒ် ရေးလာတယ်။
ယခင်ကလဲ နအဖ ခေတ် လောလောလတ်လတ် နိုင်ငံရေးဆောင်းပါးများ ရေးခွင့်ရလာနေတဲ့ စစ်တပ်စိတ်ဓာတ် စစ်ဆင်ရေးဌာနရဲ့ အားပေးမှုလဲရတဲ့၊ စာစောင်တချို့မှာ သွယ်ဝိုက်ပြီး မထိတထိ ရေးသားနေတာ တွေ့ရတယ်။ ကိုယ့်အိုင်ဒီယာ (ဘိုလိုအသံထွက်ရေးမိတာ သည်းခံပါ) ကိုယ်လွတ်လပ်စွာတင်ပြတာမို့ သဘောမကိုက်သော်လည်း နားလည်လို့ရပါတယ်။  စာဖတ်ပရိသတ်တွေဟာ နလပိန်းတုံးတွေ မဟုတ်တာမို့ ကိုယ်ပိုင်အသိနဲ့ စိစစ်ဝေဖန် နိုင်ကြပါတယ်။
ယခုဆောင်းပါးကတော့ လိုင်းပြောင်းသွားတဲ့ ကိုကျော်ဝင်းရဲ့ဟန်အတိုင်း "လက်တွေ့အခြေပြု ချဉ်းကပ်နည်း" Pragmatic Approach တို့"ပဋိပက္ခ စီမံခန့်ခွဲရေး" Conflict Management တို့ "အထိန်းနဲ့အထေ" Check and Balance တို့ ဆိုတဲ့ (ကိုယ့်ကိုယ်တိုင်တောင် ဘာတွေမှန်း ရှင်းရှင်းလင်းလင်း သိရဲ့လား  မဆိုနိုင်တဲ့ ) စာအုပ်ကြီးထဲက နည်းတွေ နဲ့ ဗမာပြည်နိုင်ငံရေး လက်တွေ့ကို သုံးသပ် ပြ ပါတယ်။
သူ့ဆောင်းပါးရဲ့အချုပ်က ၁၉၅၁ ရွေးကောက်ပွဲတုန်းက “၁၉၄၈ လွတ်လပ်ရေးzကို မိမိနှုန်းစံဖြင့် ချိန်ကိုက်ကြည့်ကာ ဘ၀င်မကျ၍ တောနှင့်တောင်သို့ရောက်သွား” ခဲ့တဲ့ ကွန်မြူနစ်ပါတီ မဝင်ခဲ့သဖြင့် “အတိုက်အခံ မရှိသော ပါလီမန်ပေါ်ထွက်လာခြင်းဖြစ်သည်။” “၂၀၁၀ ရွေးကောက်ပွဲသည်ပင် တခုတည်းသော ထွက်ပေါက်ဟု လိပ်ပြာသန့်သန့်ဆိုချင်ပါသည်။" NLD ရွေးကောက်ပွဲ မဝင်ရင် “အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း” သို့ ရောက်လိမ့်မည်ဟုဆိုတယ်။
သူ့ရှေ့က သွားနှင့်တဲ့ ဆရာကြီးများလို NLD ရွှေဂုံတိုင် ရပ်တည်ချက်ကို ရိုင်းရိုင်းပျပျ အသုံးအနှုန်းများနဲ့ဗြောင် မတိုက်ပေမဲ့ စိတ်ဓာတ် စစ်ဆင်ရေးက ချပေးတဲ့လိုင်းအတိုင်း လိုက်ရေးနေရတာတော့ ထင်ရှားပါတယ်။


၁၉၅၁ ရွေးကောက်ပွဲဘာလဲ

၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေအရ ရွေးကောက်ပွဲက ၁၉၄၉ ဇူလိုင် မှာကျင်းပရ မှာဖြစ်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် အလီလီ ရွှေ့ဆိုင်းခဲ့ပြီး  ၁၉၅၁ ဇွန် ၁၂ မှ ၁၉၅၂ ဇန္န၀ါရီ ၃ အထိ ၇ လ နီးပါးကြာ ၃ ရစ်ခွဲကျင်းပခဲ့တယ်။ ဘာဖြစ်လို့လဲ၊ ဖဆပလ အစိုးရအဖွဲ့အတွင်း လက်ယာဆိုရှယ်လစ်တွေ အာဏာကို အုပ်စီးမိပြီး အတိုက်အခံဟူသမျှ တောထဲနဲ့ထောင်ထဲ ပို့ထားပြီး လို့ပဲ (၂၀၁၀နဲ့ဆင်ပါတယ်။ )
ကိုကျော်ဝင်းပြောသလို ဥပဒေတွင်း အတိုက်အခံ မရှိတော့ပဲ ဆိုရှယ်လစ် (ဖဆပလ) များ ပြိုင်ဘက်မရှိ ကြဲရတော့တာမဟုတ်ဘူး။ အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီ) ပြည်သူ့ရဲဘော်  (ဗိုလ်ထွန်းစိန် ) ပြည်သူ့ ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစု (ဦးအောင်သန်း) နဲ့ တခြားနိုင်ငံရေးပါတီဟောင်းတချို့ ရှိခဲ့တယ်။ ကွန်မြူနစ်နဲ့ပြည်သူ့ရဲဘော် အမတ်တွေ (အယောက် ၄၀ကျော် မယ်) ကိုတော့ လွှတ်တော်မှ ထုတ်ပစ်ထားတယ်။
ကိုကျော်ဝင်း အနေနဲ့ ဒီကာလရဲ့ ပြည်တွင်းပြည်ပ အခြေအနေကို လိုက်မမီလိုက်သော်လည်း စိစိစစ်စစ် လေ့လာ သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်သူဘယ်ဝှာက ပြောလို့ပါဆိုပြီး တဆင့်ကြားနဲ့ ရမ်းတုတ်လို့မဖြစ်ဘူး။ အထူးသဖြင့် အနီးခေတ်သမိုင်းကို သုံးသပ်ရာမှာ မရှိတော့တဲ့လူကို ကိုးကား၊ တဖက်သတ်ပြောစကားနဲ့ လိုရာအဓိပ္ပာယ်ဖွင့်၊ ကာလ ဒေသ သက်သေသက္ကာရခိုင်မာမှုမရှိ လုပ်လို့တော့မဖြစ်ဘူး။ သမာသမတ်ကျဖို့ လိုပါတယ်။ (နို့မို့ ဘယ်လိုလုပ် လိပ်ပြာ သန့်နိုင်မှာတုန်း )

ပြည်တွင်းအခြေအနေ

ဒီကာလမှာ ရန်ကုန်အစိုးရ ဘဝကနေ လွန်မြောက်လာပြီ။ ပြန်ဖွဲ့တဲ့ အစိုးရသစ်မှာ လက်ယာဆိုရှယ်လစ်တွေ ဝန်ကြီးရာထူး ပြန်ရနေပြီ။ ဆိုရှယ်လစ်ပါတီ ခါးပိုက်ဆောင် သောင်းကျန်းသူနှိမ်နင်းရေး ကာကွယ်ရေး  ပြူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းထားကြပြီ၊ ၁၉၄၉ မှာ ဦးကျော်ငြိမ်း (ပြည်ထဲရေးဝန်ကြီး) ရဲ့ လဲဗီးတပ်ရင်း ၂၆ ရင်း ၊ အင်အား ၁၃၀၀၀ ရှိနေပြီ၊ တပ်ရင်းပေါင်း  ၅၂ ရင်း အထိ တိုးချဲ့ဖွဲ့စည်းဖို့ ပြင်နေပြီ။ ဒီတပ်တွေဟာ တပ်ထဲပြန်ဝင်လာတဲ့ ဗိုလ်အောင်ကြီး ကိုင်ထားတဲ့ တပ်တွေပဲ။ ဗိုလ်နေဝင်းက စစ်ဦးစီးချုပ် ။
ဒီ ခါးပိုက်ဆောင်တပ်တွေက အတိုက်အခံများပေါ်သာမက ပြည်သူလူထုပေါ်မှာလဲ အနိုင်ကျင့် ခြိမ်းခြောက် အကြမ်းဖက် သတ်ဖြတ်ကြတယ်။ ရွေးကောက်ပွဲမှာလဲ ဝင်စွက်နေတယ် (ကြံ့ဖွံ့၊ စွမ်းအားရှင် တို့နဲ့မကွာဘူး )
ရွေးကောက်ပွဲကာလ ၁၉၅၁ သြဂုတ်လထဲမှာပဲ KNU ဥက္ကဋ္ဌ စောဘဦးကြီးကို ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် တောတွင်းတနေရာမှာ အသေပစ်သတ်ဖမ်းဆီးရမိတယ်။ အလောင်းကို ပယ်လယ်ဝ သွားပစ်ပြီး လက်စတုံး ဖျောက်ဖျက် ပစ်ခဲ့တယ်။


ပြည်ပအခြေအနေ

ကိုရီးယားစစ်ပွဲ (၁၉၅၁-၅၃) ဖြစ်နေတယ်။ စစ်အေးအရှိန် မြင့်နေချိန်ပဲ ။ ဒါကြောင့် ဗမာပြည်ထဲမှာ ကူမင်တန် KMT စစ်ပြေးတွေ အလုံးအရင်းနဲ့ လှုပ်ရှားသွေးကြွနေတယ်။ အမေရိကန် KAT ကုမ္ပဏီနဲ့ပေါင်းပြီး "ပြည်တော်သာစီမံကိန်း" ရေးဆွဲနေချိန်ပဲ။ ဗိုလ်အောင်ကြီး ဦးဆောင်တဲ့ စစ်တပ်ဦးပိုင်ကော်ပိုရေးရှင်းဖြစ်တဲ့ BEDC ရဲ့ အစ DSI ကို စတင် ထူ ထောင်နေချိန်ပဲ။
ဒီလို ပြည်တွင်းပြည်ပ အခြေအနေအောက်မှာ၊ ဖဆဆိုရှယ်အစိုးရက သောင်းကျန်းသူ အမြစ်ဖြုတ်ရေး၊ အပြုတ် တိုက်ရေးပေါ်လစီ တသမတ်တည်း ကျင့်သုံးနေတဲ့အောက်မှာ ဗကပ က လက်နက်ချပြီး ရွေးကောက်ပွဲ ဝင်ရမယ်ဆိုရင် ခေါင်းကောင်းလို့ ဓားတောင်းတာပဲ ဖြစ်ပါလိမ့်မယ်။



၂၀၁၀ရွေးကောက်ပွဲဟာ ထွက်ပေါက်လား

၂၀၁၀  ဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အသက်သွင်းတာပဲ။  ပထမဆုံး လွှတ်တော် ကျင်းပတဲ့နေ့ ၂၀၀၈ အာဏာတည်တယ်။ (ပုဒ်မ ၄၄၁) ဒီအရင် န၀တ/ နအဖရဲ့ဥပဒေ အရပ်ရပ်လုပ်ရပ် အဖုံဖုံကို ဆက်ခံရမယ်။ တရားစွဲ အရေးယူခြင်း မပြုရ (ပုဒ်မ ၄၄၅)။ ဖွဲ့စည်းပုံ ဥပဒေကို  ပြင်လိုလျှင် လွှတ်တော်ကိုယ်စားလှယ်  ၇၅ ရာခိုင်နှုန်း ထောက်ခံပြီး လူထုဆန္ဒ ခံယူပွဲလုပ်ရမယ် ( ပုဒ်မ၄၃၆)။ နိုင်ငံရေးပါတီတရပ်သည် ဒို့အရေးသုံးပါးနဲ့ နိုင်ငံတော်၏ကျေးဇူး သစ္စာကို စောင့်သိရိုသေရမယ် (ပုဒ်မ၄၀၄)။ နိုင်ငံရေးပါတီ တရပ်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်။၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲဥပဒေများကို လိုက်နာရမယ် (ပုဒ်မ၄၀၅)။ ဥပဒေပြုရာ ၊အုပ်ချုပ်ရာတွင် နိုင်ငံတော် အခြေခံမူများနဲ့အညီ (အမျိုးသားနိုင်ငံရေးတွင် တပ်မတော် ပါဝင်တဲ့ကဏ္ဍကို ဆိုလိုတယ်) လုပ်ရမယ်။ မည်သည့်တရား ရုံးတွင် မှ (ICC နိုင်ငံတကာ တရားရုံးကိုဆိုလိုတယ်) တရားစွဲဆို ခွင့်မရှိစေရ။ (ပုဒ်မ ၄၅၅) ဤဖွဲ့စည်း ပုံအာဏာမတည်မီ နိုင်ငံတော် အချုပ်အခြာအာဏာကို နအဖက ဆက်လက်ကျင့်သုံးဆောင်ရွက်မည် (ကြားဖြတ်တို့ အသွင်ကူးပြောင်းတို့ မလိုဘူးဆိုတဲ့ အဓိပ္ပာယ်)(ပုဒ်မ ၄၄၂)
အထက်ပါ ပုဒ်မတွေအရ နအဖ ဖွင့်ပေးတဲ့အပေါက်မှခေါင်းငုံ့ဝင်ရင် ငရဲပြည်သို့ထွက်ရပ်လမ်းပဲ ဖြစ်တယ်ဆိုတာ ရှင်းပါတယ်။


အတိုက်အခံဆိုတာ

၂၀၀၈ ဟာ အစဉ်အလာ နားလည်ထားတဲ့ အနိုင်ရနိုင်ငံရေးပါတီက အစိုးရဖွဲ့၊ အမတ်ဦးရေ နည်းတဲ့ပါတီက အတိုက်အခံလုပ်ဆိုတဲ့ ပါတီစုံ ပါလီမန်ဒီမိုကရေစီပုံစံ မဟုတ်ဘူး။ စစ်ဗျူရိုကရက် လူတန်းစားရာသက်ပန် အာဏာမြဲ ရေးအတွက် အကွက်ချစီရင်ထားတဲ့ပုံစံ ဖြစ်တယ်။
အထက်အောက်လွှတ်တော် နှစ်ရပ်စလုံးမှာ ရွေးကောက်ပွဲဝင် ရွေးကောက်ခံစရာ မလိုတဲ့ စစ်ဗိုလ်တမတ်သား (၂၅ ရာခိုင်နှုန်း) အလိုအလျောက် ပါတယ်။ ရွေးကောက်ပွဲ ဝင်စရာ မလိုတဲ့ စစ်ဗိုလ်လူထွက်သမ္မတကို သမ္မတရွေးခြယ်ရေး အဖွဲ့ ၃ ဖွဲ့မှ ရွေးခြယ်မှာဖြစ်တယ်။ အဲဒီအဖွဲ့ ၃ ဖွဲ့ မှာစစ်ဗိုလ်တမတ်သား အဖွဲ့က တဖွဲ့ ဖြစ်တယ်။ အဲဒီ သမ္မတ ကိုပြည်ထောင်စု လွှတ်တော် (အထက်-အောက်ပေါင်း) က မဲပေးအတည်ပြုပေးရမှာဖြစ်တယ်။ အဲဒီပြည်ထောင်စု လွှတ်တော်မှာက စစ်ဗိုလ်တမတ်သားက အလိုအလျောက်ပါပြီးသား ။
ရွေးကောက်ပွဲ ဝင်စရာမလိုတဲ့ စစ်ဗိုလ်လူထွက် သမ္မတမှာ (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး) အရေး ကြီးတဲ့ ရာထူးတာဝန်အားလုံး၊ ခန့်အပ်မှုအတည်ပြုမှုတွေ လုပ်နိုင်တယ်။ အဲဒီရာထူး (ဝန်ကြီး အပါအဝင်) ရသူတွေ ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရစရာ မလိုဘူး။ (ဒီသဘောကို အခြေခံဥပဒေမှာ ယခုလိုရေးထားတယ်။ လွှတ်တော် ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေတဲ့) သမ္မတကို တရားလွန် လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ လွှတ်တော်က သမ္မတလုပ်သမျှ အတည်ပြုပေးဖို့သက်သက်ပဲ။ ဒီအထဲမှာ ကာကွယ် ရေးဦးစီးချုပ်က တိုက်ရိုက်အမည်စာရင်း တင်သွင်းရတဲ့ ဝန်ကြီးတွေလည်ဲး ရှိသေးတယ်။
စစ်တပ်ကို အစိုးရအဖွဲ့ရဲ့အောက်မှာမထားဘူး။ သီးခြားအခွင့်အာဏာတွေ ပေးထားတယ်။ တရားဝင် အာဏာ သိမ်းခွင့် အထိပဲ။ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတကပဲ ခန့်နိုင်တယ်။ အစိုးရအဖွဲ့ကလည်းကောင်း၊ လွှတ်တော်က လည်းကောင်း သွားထိလို့ မရဘူး။
လိုရင်းကိုပဲ ရေးပြတာပါ။ ကိုကျော်ဝင်းပြောတဲ့ "နိုင်ငံရေးကို စောင့်ကြပ်မှု လုပ်ရမယ့်အထိန်းနှင့်အထေ Check and Balance " ဆိုတာ အဲဒါတွေပဲဆိုတာ သိစေချင်တာပါ။

ရွေးကောက်ပွဲ နဲ့လက်တွေ့

ရွေးကောက်ပွဲကို ဘုရားပွင့်တဲ့ ဗောဓိညောင်ပင်လို သဘောထားပြီး "လက်တွေ့ပေါ်တင်ကြည့်" ချင်တဲ့ ကိုကျော်ဝင်းက "လက်တွေ့အခြေပြုချဉ်းကပ်နည်း " Pragmatic Approach အရ ကမ္ဘောဒီးယားကို ဥပမာပေးပြီး "ပဋိပက္ခ စီမံခန့်ခွဲရေး" Conflich Management ကို တင်ပြလာတယ်။ ကမ္ဘေဒီးယားရွေးကောက်ပွဲ(၁၉၉၃) က စစ်အေးပြီးဆုံးချိန်၊ ကုလသမဂ္ဂနဲ့အရှေ့အနောက် နိုင်ငံစုံ ကြီးကြပ်တဲ့ ရွေးကောက်ပွဲ ကမ္ဘာပေါ်မှာ ငွေကုန်ကြေးကျ အများဆုံးရွေးကောက်ပွဲ၊ ဒိုင်ယာလော့ (ဆွေးနွေးပွဲ) တွေ အများကြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အာဏာခွဲဝေမှု လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကော သိပါသလား ။ (ဒါတောင် အတိုက်အခံခေါင်းဆောင်တချို့ ထောင်ထဲမှာ ရှိသေးတယ်။)
၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားပါသလဲ။ ဗကပ က သပိတ်မမှောက်နဲ့ ဝင်သင့်တယ်လို့ အကြံပြုထားတယ်။ NLD ပြတ်ပြတ်သားသား နိုင်ခဲ့တယ်။ အဲဒီရလဒ် ဘာဖြစ်နေပြီလဲ။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ခဲ့တဲ့ "အမြဲစိမ်း " အပါအဝင် နိုင်ငံရေးပါတီ အများစု ဘာလုပ်ခံရသလဲ။
၁၉၅၁ နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ညီမျှခြင်းဆွဲပြီး လောဂျစ်ထုတ်နေတဲ့ ကိုကျော်ဝင်းရဲ့ ရပ်တည်ချက်နဲ့သမိုင်းရေး ဗဟုသုတက မေးခွန်းထုတ်စရာပါ။ ကိုယ့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင် တွေ့နေရုံတင်မက ကိုယ်တိုင်ခံခဲ့ရတာတွေမှ လက်တွေ့မဟုတ်ရင် "လက်တွေ့အခြေပြု" တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။
ဗကပ ကို ခမာနီနဲ့ နှိုင်းချင်လို့ ကမ္ဘောဒီးယားကို သာဓကဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဘုရားပွင့်တော့ မလောက် ကြိုဆိုမျှော်လင့်နေတဲ့ ကိုကျော်ဝင်းကို အီရတ်ရွေးကောက်ပွဲ ၊ အာဖဂန်ရွေးကောက်ပွဲ ဘာတွေ သီးပွင့် လာသလဲဆိုတာ သုံးသပ် ပြပါဦးလို့ တိုက်တွန်းချင်ပါတယ်။


ဒိုင်ယာလော့လား ၊ ရယ်ဒီကယ်လား

ဂလိုဘယ် ကမ္ဘာကြီးဟာ ရွာကြီးလည်းဖြစ်မသွားဘူး။ ပြားလဲ မသွားဘူး။ ကပ်သင့်နေတဲ့ ဂြိုဟ်ကြီးတလုံး ဖြစ်လာတယ်။ လက်ရှိအမေရိကန် ဘဏ္ဍာရေးကပ်ကို ပြေလည်ဖို့အတွက် နောက်ထပ် ကြွေးဒဏ်ခံနိုင်တဲ့ ဂြိုဟ်ကြီးတလုံး ထပ်တွေ့ဖို့လိုတယ်လို့ နိုဘယ်လ်ဆုရှင် ပေါလ်ခရပ်စ်မင်က ပြောပါတယ်။
ဘဏ္ဍာရေးကပ်၊ ဆင်းရဲငတ်ပြတ်မှုကပ်၊ သဘာဝရာသီဥတုကပ်ရောဂါစတဲ့ ကပ်များမှ လွန်မြောက်မဲ့ ကပ်လွန် ကမ္ဘာကြီး ဖြစ်ဖို့၊ ကမ္ဘာနဲ့တ၀န်း တွေ့ဆုံဆွေးနွေးပွဲ (ဒိုင်ယာလော့ ) တွေ လုပ်လာတယ်။
အမေရိကန်အစိုးရသစ်နဲ့ စစ်အစိုးရလဲ ပိတ်ဆို့မှုရုပ်သိမ်းရေးအတွက် ဒိုင်ယာလော့တွေ လုပ်လာတယ်။ ဒေါ်အောင် ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒိုင်ယာလော့လုပ်ဖို့ တင်ပြတယ်။ ဒါဟာပြဿနာ ပြေလည်စေရေးအတွက် နည်းမှန်လမ်းမှန် ဖြေရှင်းတာ ဖြစ်တယ်။ ဒိုင်ယာလော့ လမ်းကြောင်းပေါ် စလျှောက်တာနဲ့ ပြဿနာပြေလည်ရေးအတွက် အစချီချက် ဖြစ်လာပါလိမ့်မယ်။
ဒိုင်ယာလော့ကို ကျောခိုင်းပြီး တွေ့ဆုံဆွေးနွေးရေးကို တဖက်သတ် ငြင်းပယ်နေရင် နအဖ အနေနဲ့ ရှင်သန် ရပ်တည်ဖို့ဂြိုဟ်ကြီးတလုံး ရှာနေရပါလိမ့်မယ်။ ကိုကျော်ဝင်း နေရာမှားပြီး တံဆိပ်တပ်တဲ့အတိုင်း သုံးရရင် "အစွန်းရောက် ရယ်ဒီကယ်လမ်းကြောင်း မရောက်စေရန်" ၂၀၁၀ ကို ဇွတ်မလုပ်ဖို့ ၊ ၂၀၀၈ ကို ဒိုင်ယာလော့လုပ်ဖို့ တင်ပြလိုက်ပါတယ်။
ကိုကျော်ဝင်းအနေနဲ့ အရှေ့လေလား၊ အနောက်လေလား၊ လေကြောကို လက်တွေ့ပေါ် တင်ကြည့်နိုင်ပါစေ။ ကြပ်ကြပ်သတိထား နိုင်ပါစေ။


အောင်ငြိမ်း