Monday, September 21, 2009

သစ္စာရှိကြေး


အင်းယားကန်ဆိပ်
ကံကော်ရိပ်လမ်း
စာသင်ခန်းတွေက
(မင်းတို့ကို)
လွမ်းနေတယ်သူငယ်ချင်း
ယုံကြည်ချက်အတွက်
အသက်ဆိုတာ ဘာမှမဟုတ်ပါဘူးကွာဆိုပြီး
မနီးမှန်သိတဲ့ခရီးကိုမှ
သူငယ်ချင်း
မင်းထွက်သွားတာ
ဘာလိုလိုနဲ့
ဆယ်စုနှစ် နှစ်ကြိမ်ကြာခဲ့ပြီနော်
ဒါးကိုဒါးချင်း လှံကိုလှံချင်းဆိုတဲ့
ငတေကြီးလဲ သေပြီ
ဒါပြီးရင် စစ်တန်းရားပြန်ပါမယ်ပြောတဲ့
ငနဲယုတ်တသိုက်လဲ
မိုက်မဲပြီမိုက်လျက်ပဲ သူငယ်ချင်း၊
ပေါင်းစားလို့ကောင်းစားနေတဲ့ ကောင်တွေလဲဒုနဲဒေး
ဒါပေမဲ့
ငါတို့ဘယ်မှာရှိရှိ
ဘယ်သူဘယ်ရောက်နေနေ
ဘယ်သူဘာလုပ်လုပ်
တို့လူထု ဒုက္ခတွေဝေးစေဖို့
ဒီငါတို့မြေ ဒီငါတို့ရေ ဒီနိင်ငံအရေး
အဖြေမနှေး သစ္စာရှိကြေး နော်
သူငယ်ချင်း…….
တို့ သစ္စာရှိကြေး …..။
မီးဒုတ်

1 comment:

  1. ကလော်ဒီ ၊ ရာပြည့် ၊ တည်ကြည် မင်းတို့ရဲ့ သစ္စာတရားနဲ့ စွန့်လွှတ် အနစ်နာခံမှုကို ငါ အမြဲလေးစားလျှက်ပါကွာ။
    နေရာတွေ ခြားနေပေမယ့်
    နေ့ စဉ်နှင့်အမျှ မင်းတို့ ကိုသတိရတယ်.....
    25.9.2007 မှာ (ကလော်ဒီ) မင်းနဲ့ အတူ ခွပ်ဒေါင်းအလံလွှင့်ပြီးအသစ်တစ်ဖန် ပြန်ဖွဲ့စည်းခဲ့တဲ့
    ဗ က သ ကတော့ ခရီးလမ်းမှာလျှောက်လှမ်းနေဆဲပါ..

    မင်းတို့ ရဲ့သူငယ်ချင်း ခန့် ညား

    ReplyDelete

ဝေဖန်အကြံပေးနိုင်ပါသည်