Monday, September 21, 2009

ခွပ်ဒေါင်းအလံအောက်မှာ ရန် ကုန် မြို့ကို ဒို့ သိမ်း မယ် ….ပြီးတော့ . .




ခွပ်ဒေါင်းတို့လာကြ
ပြည်သူနှင့်အတူတိုက်မည်
ပြည်သူနှင့်အတူအနိုင်ယူမည်
ပြည်သူ့အလံပြည်သူ့အသံ
ဒို့တော်လှန်ရေးရဲ့အလံ

ခွပ်ဒေါင်းအလံ တွေယူခဲ့ကြ။
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
ပွဲခံမယ်…..လာကြ …လာကြ။
မန္တလေး ၊ မုံရွာ ၊ ကလေး က လာကြ၊
တောင်ကြီး ၊ ပူတာအို ၊ မော်လမြိုင် က လာကြ၊
ဘားအံ၊ သရက်၊ အင်းစိန် ၊ သာယာဝတီ က လာကြ၊

ဘူးသီးတောင်၊ စစ်တွေ ၊ မြောင်းမြ ၊လွိုင်ကော်က လာကြ၊
မဲဆောက်၊ ဂျပန်၊ ကိုရီယား၊ က လာကြ၊
အမေရိကန် ၊ အင်္ဂလန် ၊ နော်ဝေ က လာကြ …လာကြ၊
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
ပွဲခံမယ်…လာကြ။
ရန်ကုန်က
 ဒို့တစ်လက်မ မှ မဆုတ်ခဲ့ဘူး၊
တစ်လက်မ မှလဲ မဆုတ်ဘူး၊
ရန်ကုန်မြို့ မှာဒို့နေမယ်

ရန်ကုန်မြို့ကိုဒို့ဝိုင်းမယ်။
ရန်ကုန်မြို့ကိုဒို့သိမ်းမယ်။
စိတ်ကူးထဲကပစ်မှတ်ကို
စိတ်ကူးထဲကမျှားနဲ့ပစ်တာတောင်
လွဲချော်နေတဲ့ကောင်တွေတော့
ခေါ်မလာနဲ့။
ခွပ်ဒေါင်းသွေးသည်နီ၏။
ခွပ်ဒေါင်းသွေးသည်ရဲ၏။
ခွပ်ဒေါင်းအလံကိုအမြင့်ဆုံးကိုလွင့်ထူကြစို့
ခွပ်ဒေါင်းအသံအား ကြားစေသော်…..
ပြည်သူသာတည်၏။
ပြည်သူသာတိုက်၏။
ပြည်သူသာနိုင်၏။
လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်
ပွဲခံမယ်…..လာကြ
လာကြ….လာကြ၊
ခွပ်ဒေါင်းတို့ …လာကြ….။  ။
                                 မီးဒုတ်(၈.၈.၂၀၀၉)
                               (၃.၈.၈၈၊မှ၈.၈.၀၉.အထိ)


1 comment:

  1. ကျွန်တော့် အီးမေးဆီပို့ ပေးလိုက်တဲ့ အကိုတယောက်ရဲ့ ကဗျာပါ။ကိုမီးဒုတ်ရေကျေးဇူးပဲနော်...

    ReplyDelete

ဝေဖန်အကြံပေးနိုင်ပါသည်