Thursday, October 11, 2012

Fwd: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/11
Subject: ကချင်စစ်ဘေးသင့်ပြည်သူများအတွက် ဗကသများအဖွဲ့ ချုပ် မှလှူဒါန်းမှု
To:


ကချင်ပြည်နယ်ရှိစစ်ဘေးဒါဏ်သင့်ပြည်သူများအတွက် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ မှ

ကျောင်းသားများက စစ်ဆန့် ကျင်ရေးသီချင်းများသီဆို၍အလှူငွေများလိုက်လံကောက်ခံခဲ့ကြပါသည်။

အလှူငွေကောက်ခံမှုကိုသန်လျင်မြို့ နယ်အတွင်းရှိလူစည်ကားသည့်လက်ဖက်ရည်ဆိုင်များ၊စားသောက်

ဆိုင်များနှင့်ဖိတ်ကြားထားသည့်အိမ်များတွင် ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှ

ကျောင်းသား(၂၁)ယောက်ဖြင့်လိုက်လံကောက်ခံခဲ့ကြခြင်းဖြစ်ပါသည်။သီချင်းများသီဆိုအလှူခံထွက်ရင်းတပြိုင်နက် (ရတကသ) မှပြည်တွင်းစစ်ရပ်ဆဲ၍ ငြိမ်းချမ်းရေးဖော်ဆောင်ပေးရန်တောင်းဆိုသည့်ကြေငြာချက်များကို

လည်းဖြန့် ဝေခဲ့ကြပါသည်။ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ (ရတကသ)  မှအလှူခံရရှိသောငွေ

ကျပ်၃၁၀၀၀၀ကျပ်(သုံးသိန်းတစ်သောင်းကျပ်)နှင့်လှူဒါန်းကြမည်ဖြစ်သည်။ဧရာဝတီတိုင်း၊မြောင်းမြခရိုင်၊၀ါး

ခယ်မမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေတစ်သိန်းငါးသောင်း၊ရွှေလောင်းမြို့နယ်ကျောင်းသားများသမဂ္ဂမှအလှူခံရရှိသောအလှူငွေလေးသောင်းကျပ် စုစုပေါင်းအလှူငွေငါးသိန်းကျပ်ကို ကချင်ပြည်

နယ်ဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂသို့လွဲပြောင်းပေးအပ်ခဲ့ပြီးဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂမှ ၃၀.၈.၂၀၁၂ရက်နေ့ တွင် ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးသို့ သွားရောက်လှူဒါန်းခဲ့ပြီးမှတ်

တမ်းဓာတ်ပုံများ၊အလှူငွေလက်ခံဖြတ်ပိုင်းများကို ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂသို့ ပြန်လည်

ပေးပို့ ခဲ့ပါသည်။ မှတ်တမ်းဓာတ်ပုံများကို အလှူရှင်များဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်စေရန်အလို့ ငှာဖော်ပြ

အပ်ပါသည်။လှူဒါန်းခဲ့ကြသောအလှူရှင်များအား ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ(ရတကသ)မှ

ကျောင်းသားကျောင်းသူများက အထူးပင်ကျေးဇူးတင်ရှိပါသည်။ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးပါသောဗန်းမော်ခရိုင်ကျောင်းသားများသမဂ္ဂအားရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှကျေးဇူးအထူးတင်ရှိပါသည်။


No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်