Monday, October 1, 2012

ဗကသများအဖွဲ့ချုပ်မှ သံဃာကျောင်းသားသွေးမြေကျခြင်း(၅)နှစ်ပြည့်အခမ်းနားကျင်းပ

ဗကသများအဖွဲ့ချုပ်မှ သံဃာကျောင်းသားသွေးမြေကျခြင်း(၅)နှစ်ပြည့်အခမ်းနားကျင်းပ

၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး တွင်အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့သည့် (၅) နှစ်ပြည့်မြောက်

သည့်ယနေ့ (၂၇.၉.၂၀၁၂)နေ့တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားကျောင်းသူများက ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ "အိုးဝေ" စာကြည့်တိုက်နှင့်ပညာဒါနကျောင်းတည်ရှိ

ရာသန်လျင်မြို့ တွင်ယနေ့ နံနက်(၁၀:၀၀)နာရီ၌အမှတ်တရအခမ်းအနားကျင်းပခဲ့ကြသည်။ရွှေဝါရောင်

တော်လှန်ရေးတွင်ဦးဆောင်ပါဝင်ခဲ့သဖြင့်ဖမ်းဆီးအကျဉ်းချခံရပြီးပြန်လည်လွတ်မြောက်လာသောသံဃာတော်များဖြစ်သည့် ဦးဇ၀န(ခ)ဦးဇင်းမုတ်ဆိတ်၊ဦးပညာသီဟ၊ဦးခေမာစာရ၊ဦးပညာဇောတ၊ဦးနန္ဒာ

သီရိအပါအ၀င်သံဃာတော်ငါးပါးအားဆွမ်းဆက်ကပ်ခဲ့ပြီးရွှေဝါရောင်တော်လှန်ရေးအတွင်းကျဆုံးခဲ့ကြသောရဟန်းရှင်လူကျောင်းသားပြည်သူများအားရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။အခမ်းအနားသို့ 

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှကျောင်းသားကျောင်းသူ(၅၀)ကျော်နှင့်အတူ ဗကသ

များအဖွဲ့ ချုပ်ဗဟိုလုပ်ငန်းကော်မတီမှကိုလင်းထက်နိုင်၊မဖြိုးဖြိုးအောင်၊ကိုမင်းသွေးသစ်၊ကိုသီဟ၀င်း

တင်၊ကိုနန္ဒာစစ်အောင်နှင့်မဟန်နီဦးတို့ တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် ၂၀၀၇ ရွှေဝါရောင်

တော်လှန်ရေးအတွင်းကျဆုံးခဲ့ကြသောရဟန်းရှင်လူကျောင်းသားပြည်သူများအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် ၏ခွပ်ဒေါင်းအလံတော်အား

တိုင်ဝက်လွှင့်ထူခဲ့ကြသည်။



---------- Forwarded message ----------
From: သူရိယ မင်းညို <physcologic@googlemail.com>
Date: 2012/9/28
Subject: Saffron Memorial Day
To: Yaung Sin <lwinpyin.9@gmail.com>, thansinoo224@gmail.com


ဗ.က.သများအဖွဲ့ ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ ကြီးမှူး၍ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂ ၊`အိုးဝေ' စာကြည့်တိုက် နှင့်ပညာဒါန သင်တန်းကျောင်းတွင် (၂၇၊၂၀၁၂) ၊နေ့ လည် (၁၁)နာ၇ီ၌ သံဃာ၊ကျောင်းသား များသွေးမြေကျခြင်း (၅)နှစ်ပြည့် နှစ်ပါတ်လည် သံဃာတော်များအား နေ့ ဆွမ်းဆပ်ကပ်ခြင်း အလှူအခမ်းအနားကို ကျင်းပခဲ့သည်။နေ့ ဆွမ်းဆပ်ကပ်ခြင်း အလှူတော်သို့  ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ နယ်မှ ဆရာတော်၊သံဃာတော်များဖြစ်ကြသော အရှင် ဇ၀န(၀ါ)ဦးဇင်း ဦးမုတ်ဆိတ်၊ ဥူးပညာသီဟ၊ ဥူးပညာဇောတ၊ ဥူးခေမာစာရ၊ ဥူးနန္ဒာသီရိ၊ ဥူးအာသပ တို့  ကြွရောက်၍ သီလပေးတရားတော်များ ချီးမြှင့်ခဲ့ကြပါသည်။နံနက်(၁၀)နာရီတွင် ဆရာတော် သံဃာတော်များမှ ကျောင်းသားကျောင်းသူများအား ရွှေဝါေ၇ာင်တော်လှန် ရေးနှင့် ပါတ်သက်သော သိမှတ်ဖွယ်ရာများ ကို မိန့် ကြားခဲ့သည်။သီလပေးတရားတော်အပြီး မေတ္တာသုတ် ရွတ်ဖတ် သရဇ္ဈာယ် ချီးမြှင့်ပေးခဲ့သည်။ထို့ နောက် ၂၀၀၇ ရွှေဝါရောင် တော်လှန်ေ၇းတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူပြည်သူများ နှင့် ကျောင်းသား ၊ကျောင်းသူများအား အမျှအတန်းပေးဝေခဲ့သည်။ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား၊ကျောင်းသူများ မှနေ့ ဆွမ်းဆပ်ကပ်ခြင်း ၀တ္ထုငွေ ကပ်လှူခြင်းများပြုလုပ်ပြီး အခမ်းအနားကို ကျင်းပပြီးစီးခဲ့သည်။ထိုအလှူအခမ်းအနားသို့ ဗ.က.သများအဖွဲ့ ချုပ်နှင့်ရန်ကုန်တောင်ပိုင်းခရိုင်မှ ကျောင်းသားကျောင်းသူ (၅၀) ကျော်တတ်ရောက်ခဲ့သည်။ဗ.က.သ များအဖွဲ့ ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော ကိုလင်းထက်နိုင်၊ကိုသီဟ၀င်းတင်၊ကိုနန္ဒာစစ်အောင်၊ကိုမင်းသွေးသစ်၊မဖြိုးဖြိုးအောင်၊မဟန်နီဦး တို့ တတ်ေ၇ာက်ခဲ့ကြပါသည်။


No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်