Sunday, October 7, 2012

Fwd: “ယုံကြည်မှုကျဆုံးခြင်း”



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/10/1
Subject: "ယုံကြည်မှုကျဆုံးခြင်း"
To:


"ယုံကြည်မှုကျဆုံးခြင်း"
လူပေါင်းသောင်းချီရှိနေသောခန်းမကြီးတခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။ခန်းမတွင်းရှိလူအားလုံး၏အာရုံများကစင်မြင့်ပေါ်ကပျံ့လွင့်လာသောစကားလုံးများဆီသို့ သာအာရုံကျရောက်နေသည်။စင်မြင့်ပေါ်မှာကအ
သက်(၂၀)၀န်းကျင်ရှိလူငယ်အယောက်ငါးဆယ်ခန့် ကခန်းမကြီး၏မှိန်ဖျော့ဖျော့ထွန်းညှိထားသောမီးရောင်
အောက်တွင်ဖယောင်းတိုင်ကိုယ်စီကိုင်၍သိပ်သည်းကျစ်လစ်သောစကားလုံးတချို့ ကိုတစ်ဦးပြီးတစ်ဦးအစဉ်
လိုက်ရွတ်ဆိုနေကြသ
ည်။"တရားမျှတလွတ်လပ်ခြင်းနှင့်တန်းတူညီမျှခြင်းတို့ သည် ဤမြေ၌တည်ပါစေသတည်း
…." ကဗျာရွတ်ဆိုမှုပြီးဆုံးသည့်နောက်ကြက်သီးမွှေးညှင်းထဖွယ်လက်ခုပ်သံများကခန်းမကြီးအတွင်းလျှံကျလာ
ပါတော့သည်။
နေရာကမင်းဓမ္မလမ်းရှိ MCC ခန်းမ။(၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ ၏စေတနာဝဿဂီတပွဲတွင်
လက်ရှိကျောင်းတက်နေသောတက္ကသိုလ်အသီးသီးရှိကျောင်းသားသမဂ္ဂ၀င်လူငယ်ကျောင်းသားလေးများက
နောင်တော်(၈၈)မျိုးဆက်ကျောင်းသားများ၏ဂီတပွဲကိုလာရောက်အားဖြည့်သည့်အနေဖြင့်ကဗျာရွတ်ဆိုနေကြ
ခြင်းဖြစ်ပြီးမျိုးဆက်သစ်ကျောင်းသားလေးများ၏အားမာန်အပြည့်ပါသောကဗျာရွတ်ဟန်နှင့်ကဗျာဆရာများ၏
သိမ့်မွေ့ ကျစ်လစ်လှပသောစာသားများပေါင်းစပ်လိုက်သည့်အခါနာမည်ကြီးအဆိုတော်များ၏သီဆိုဖျော်ဖြေမှု
ထက်ကျော်လွန်သောအားပေးမှုကိုပရိသတ်များထံမှရရှိလိုက်ခြင်းဖြစ်ပါသည်။ကဗျာရွတ်ဆိုမှုအပြီးတွင်မူလစီ
စဉ်ထားသည့်အတိုင်းစင်ပေါ်မှမျိုးဆက်သစ်ကျောင်းသားလေးများအား(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ကရှေ့ ဆုံးမှဦးဆောင်၍စင်အောက်ပရိတ်သတ်အလယ်လျှောက်လမ်းတလျှောက်ဆင်းလာကြမည်
ဖြစ်သဖြင့်စင်မြင့်ပေါ်မှကိုမင်းကိုနိုင်ဦးဆောင်၍အလယ်လျှောက်လမ်းသို့ ဆင်းလာနေကြပြီဖြစ်ပါသည်။စင်ပေါ်မှ
အဆင်းလျှောက်လမ်းထိပ်အရောက်တွင်ပြည်တွင်းပြည်ပသတင်းဌာနများမှသတင်းထောက်များကဓါတ်ပုံရိုက်ယူနိုင်ကြရန်အချင်းချင်းတိုးကျိတ်နေကြပါသည်။ထိုခဏတွင်ကိုမင်းကိုနိုင်မှလျှောက်လမ်းထိပ်တွင်ခေတ္တခဏ
ဆိုင်း၍သူ့ ညာဘက်သို့ တချက်လှည့်ကြည့်လိုက်ပါသည်။ထိုအခါတွင်အသင့်စောင့်နေသောကျောင်းသားသမဂ္ဂ
ဖြစ်မြောက်ရေးအဖွဲ့ (ကသဖ)ခေါင်းဆောင်များဖြစ်သောဒီငြိမ်းလင်းနှင့်စည်သူမောင်တို့ က၄င်းတို့ လက်ထဲတွင်
အသင့်ကိုင်ဆောင်ထားသော ခွပ်ဒေါင်းအလံကိုဖြန့် ၍ ကိုမင်းကိုနိုင်၏အနောက်တွင်နေရာဝင်ယူလိုက်ပါသည်။
၎င်းတို့ နေရာယူမှုပြီးဆုံးသွားသည့်နောက်တွင်ကျောင်းသားကျောင်းသူများ၊ဒေါင်းအလံများခြံရံ၍ကိုမင်းကိုနိုင်
ဦးဆောင်ပြီးပရိတ်သတ်အလယ်သို့ စတင်လျှောက်လှမ်းလာပါတော့သည်။ကင်မရာမီးတွေကလည်းတဖျတ်
ဖျတ်နှင့်ပေါ့…..
ဟာ..ဘာတွေလဲ..? မူလစီစဉ်ထားသည့်အထဲတွင်ဟိုနှစ်ကောင်အလံကိုင်၍နောက်ကလိုက်မည့်အစီအ
စဉ်မပါ။ကြားဖြတ်အစီအစဉ်ဆိုရင်လဲကျွန်တော်တို့ ကိုကြိုအကြောင်းကြားရမည်ပေါ့။အခုဟာကကြိုတင်အ
ကြောင်းကြားထားခြင်းလဲမရှိ၊အရင်ကြိုတင်လေ့ကျင့်စဉ်ရက်တွေကပြောပြထားသောအစီအစဉ်ထဲတွင်လဲမပါ၊ဘာတွေလဲ…? ခုနကကဗျာရွတ်သည့်အစီအစဉ်အတွင်းကြည်နူးတက်ကြွခဲ့ရသောစိတ်တွေဘယ်ရောက်ကုန်ပြီ
မသိ။ထိုစိတ်အစားကြိုတင်ကြံစည်၍လူလည်ကျခံလိုက်ရပြီဟူသောစိတ်နှင့်ယုံကြည်မှုအလွဲသုံးစားလုပ်ခံလိုက်ရပြီဟုနားလည်လာရသည်။
(၈၈)မျိုးဆက်ကျောင်းသားများကဦးဆောင်၍ စေတနာဝဿန်ဂီတပွဲတော်ကျင်းပပြီးရရှိလာသောငွေ
ကြေးများကိုဗမာနိုင်ငံအရပ်ရပ်ရှိအကြောင်းအမျိုးမျိုးကြောင့်အတိဒုက္ခရောက်နေကြသောပြည်သူလူထုထံသို့ 
လှူဒါန်းထောက်ပံ့မည်ဟူသောသတင်းစကားကိုကြားရစဉ်ကကျွန်တော်ဝမ်းသာမိသည်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ ရဲ့ ရှေ့ မျိုးဆက်နောင်တော်ကြီးတွေကယခုလိုကောင်းမှုမျိုးလုပ်မည်ဆိုတော့ကျွန်တော်တို့ မလုပ်နိုင်ပေမယ့်
မုဒိတာပွားဝမ်းသာရပါသည်။နောက်ပိုင်းရက်တွေမှာတော့ကဗျာရွတ်မည့်အစီအစဉ်အတွက်(၈၈)မျိုးဆက်များကကျွန်တော်တို့  ဗကသများအဖွဲ့ ချုပ် ကကျောင်းသားကျောင်းသူများကိုအကူအညီတောင်းထားကြောင်း ဟန်နီဦးကကျွန်တော့်ကိုပြောလာတော့လဲကျွန်တော်ပိုဝမ်းသာရပါသည်။ကျောင်းသားမျိုးဆက်များ၏ညီညွတ်
ခြင်းကိုပြသနိုင်မည့်ပွဲလို့ ထင်မြင်သုံးသပ်မိသည်။ဗမာနိုင်ငံ၏နိုင်ငံဖြစ်စဉ်သမိုင်းကြောင်းတလျှောက်တွင်အဖွဲ့ အ
စည်းမျိုးစုံ၏အကွဲအပြဲဇာတ်လမ်းမျိုးစုံကိုကျွန်တော်တို့ ဗမာပြည်သူတွေတွေ့ ကြုံခံစားခဲ့ရသည်။(၈၈)အရေး
တော်ပုံကြီးတွင်လည်းအရေးတော်ပုံနှင့်ပြည်သူလူထုကိုဦးဆောင်သည့်ကျောင်းသားထုအတွင်း ဗကသ မကသ
ဟူသောအမည်နာမများဖြင့်အကွဲအပြဲများကိုလည်းကြုံဖူးထားကြသည်။ယခု ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး
အပြီးကျွန်တော်တို့ မျိုးဆက်ကျောင်းသားများလက်ထက်အရောက်တွင်လဲ ဗိုလ်ချုပ်တို့ လက်ထက်ကတည်းက
အစဉ်အလာအမည်နာမဖြစ်သော ဗကသများအဖွဲ့ ချုပ် အမည်ကိုဆက်လက်ခံယူလိုသော ကိုကျော်ကိုကိုအပါ
အ၀င်လက်ရှိ ဗကသ အဖွဲ့ နှင့်ထိုနာမည်ကိုဆက်ခံကျင့်သုံလိုခြင်းမရှိသော ကသဖ များအုပ်စုဟူ၍ကျောင်းသား
သမဂ္ဂအတွင်းနှစ်ဖွဲ့ ကွဲခဲ့ပြန်သည်။ဒီနေရာမှာဘယ်သူမှားသည်မှန်သည်လို့ ကျွန်တော်မရေးလိုပါ။သမိုင်းသိ
သောသူများနှင့်ပြည်သူလူထုကသာမည်သူမှားသည်မှန်သည်ကိုဆုံးဖြတ်ကြပါလိမ့်မည်။ကျွန်တော်အဓိကထား
ပြောလိုတာကတော့ယခုစာအစမှာရေးသားခဲ့သောစေတနာဝဿန်ပွဲတွင်နောင်တော်မျိုးဆက်များအပေါ်ကျွန်
တော်တို့ ၏ယုံကြည်များကျဆုံးသွားရခြင်းအကြောင်းကိုပြောကြားလိုခြင်းဖြစ်ပေသည်။
စေတနာဝဿန်ပွဲအတွက်ကဗျာရွတ်ရာတွင်ကူညီပေးရမည့်အကြောင်းပြောတော့လဲကျွန်တော်ဝမ်း
မြောက်စွာလက်ခံခဲ့သည်။ကဗျာရွတ်ရမည့်ကျောင်းသားလူငယ်(၂၅)ယောက်ကိုလည်း ဗကသ ကျောင်းသား
များထဲမှသင့်တော်မည့်သူများကိုကျွန်တော်ရွေးချယ်ပေးခဲ့သည်။ကသဖ ကကျောင်းသားများနှင့်တွဲဖက်၍ကဗျ
ရွတ်ဆိုရမည်ဆိုတော့လည်းကျောင်းသားထုညီညွတ်ရေးကိုမျှော်ကိုး၍ကျွန်တော်လက်ခံပေးခဲ့သည်။နောင်တော်
မျိုးဆက်များကိုယုံကြည်သဖြင့်လည်းလက်ခံခဲ့ခြင်းဖြစ်သည်။ဘာပဲဖြစ်ဖြစ်သူတို့ တတွေကကျောင်းသားသမဂ္ဂအ
ကွဲအပြဲကိုညီညွတ်စေလို၍ယခုလိုပူးပေါင်းမည့်အစီအစဉ်ကိုထည့်သွင်းလိုခြင်းဖြစ်သဖြင့် ဗကသ ကိုရော ကသ
ဖ ကိုပါတန်းတူညီတူဆက်ဆံလိမ့်မည်ဟုထင်မှတ်ထားခဲ့သည်။ဒါပေမယ့်စေတနာဝဿန်ပွဲတွင်ကြုံတွေ့ ခဲ့ရ
သည့်ကိစ္စရပ်များကကျွန်တော်တို့ ၏ယုံကြည်တွေကျဆုံးခဲ့ရသည့်အပြင်ဗမာ့နိုင်ငံရေးအတွင်းမှနာမည်ကြီးလို
သည့်သူတချို့ ကိုလဲစိတ်ပျက်လာရသည်။ဒါကကျွန်တော်တယောက်တည်းခံစားလိုက်ရတာတော့မဟုတ်ပါ။စေ
တနာဝဿန်ပွဲမှာကဗျာတက်ရွတ်ခဲ့တဲ့ ဗကသ ကျောင်းသားလေးတွေအားလုံးခံစားခဲ့ကြရတာပါ။သူတို့ ကိုခွဲခြား
ဆက်ဆံခံရတဲ့အတွက်စိတ်ပျက်ဝမ်းနည်းသွားခဲ့ကြတာပါ။ကျွန်တော်မကွယ်မ၀ှက်တမ်းပွင့်ပွင့်လင်းလင်းပဲရေးပါ့မယ်။အဲဒီ ဗကသကျောင်းသားလေးတွေကနောက်တခါ ကသဖ နဲ့ တွဲရမယ့်ပွဲ၊(၈၈)မျိုးဆက်တွေနဲ့ တွဲရမယ့်ပွဲ
တွေကိုတက်ဖို့ သူတို့ ကိုလာမခေါ်ပါနဲ့ တော့လို့ ပြောပါတယ်။လုပ်ကြံရေးသားထားခြင်းမဟုတ်ပါ။အဲဒီ ဗကသ
ကျောင်းသားတွေကိုအချိန်မရွေးလာရောက်မေးမြန်းလို့ ရပါတယ်။
နောက်တခုပြောချင်တာကတော့ ဗကသ ကို Facebook ပေါ်ကလာရောက်ဝေဖန်တိုက်ခိုက်နေသူတွေ
ကိုပါ။ဝေဖန်တယ်ဆိုတာကောင်းပါတယ်။အပြုသဘောဆောင်တဲ့ဘယ်လိုဝေဖန်မှုမျိုးကိုမဆိုကျွန်တော်တို့ ကြို
ဆိုပါတယ်။ဒါပေမယ့်အပြစ်မရှိအပြစ်ရှာ၊ဘာအကြောင်းကြောင့်ဆိုတဲ့အကြောင်းအရာကိုသေသေချာချာမသိပဲတရားလက်လွတ်ဝေဖန်မှုမျိုးကတော့တိုက်ခိုက်တဲ့ပုံစံဖြစ်တဲ့အတွက်ကျွန်တော်တို့ လက်မခံပါ။ဒါကြောင့်အဖြစ်
အပျက်အကြောင်းအရာတစ်ချို့ ကိုဝေဖန်သူများရောတိုက်ခိုက်သူများပါသိစေချင်တဲ့အတွက်ကျွန်တော်ပြောပြပါ့
မယ်။စေတနာဝဿန်ပွဲမစတင်ခင်တပတ်လောက်ကတည်းကကျွန်တော်တို့  ဗကသများအဖွဲ့ ချုပ် ကကျောင်း
သားကျောင်းသူတွေက ဧရာဝတီတိုင်းကရေဘေးသင့်ပြည်သူတွေကိုကူညီကယ်ဆယ်ပေးနိုင်ဖို့ အတွက်ရန်ကုန်
မြို့ က Shopping Center တွေနဲ့ မြို့ နယ်တချို့ မှာတလမ်းဝင်တလမ်းထွက်အစားအသောက်အ၀တ်အစားတွေ၊
အလှူငွေတွေကိုလိုက်လံကောက်ခံပေးနေကြတာပါ။အိမ်မှာကိုယ့်ပန်းကန်တောင်ကိုယ်ဆေးစရာမလိုတဲ့ ဗက
သ ကျောင်းသားတွေတကယ်ကိုပင်ပင်ပန်းပန်းနဲ့ ထမီထုပ်ထမ်း၊ဆန်ထုပ်ထမ်းပြီးကိုယ့်ပြည်သူတွေအတွက်အ
လုပ်အကျွေးပြုနေကြတာပါ။ Facebook ပေါ်မှာကျွန်တော်တင်ထားတဲ့မှတ်တမ်းဓါတ်ပုံတွေနဲ့ ကိုယ်တိုင်လိုက်
လံလုပ်အားပေးခဲ့ကြတဲ့ကျောင်းသားကျောင်းသူတွေကသက်သေပါ။အလှူငွေလိုက်ကောက်တဲ့ပထမပိုင်းရက်
တွေမှာတင် တနေ့ ကိုပျှမ်းမျှအလှူငွေငါးသိန်းဝန်းကျင်(ပစ္စည်း+ငွေ)ရရှိပါတယ်။စေတနာဝဿန်ပွဲအတွက်က
ဗျာရွတ်တာတိုက်ဖို့ အတွက်ကျွန်တော့်ကိုဖုန်းဆက်ပြီးခေါ်တော့ကျွန်တော်တို့ တဖွဲ့ လုံးစမ်းချောင်းမြို့ နယ်ထဲမှာ
အလှူခံနေဆဲအချိန်ပါ။ဘယ်လိုမှဖျက်ပြီးလာလို့ မရတဲ့အခြေအနေပါ။အတူပါလာတဲ့ကျောင်းသားငယ်တွေရဲ့ သ
ဘောထားကိုလဲမေးပါသေးတယ်။နောက်တရက်ကျမှကဗျာတိုက်ချင်ပါတယ်၊ဒီနေ့ တော့အလှူခံကောက်လို့ ရ
နေတုန်းမို့ အလှူပဲဆက်ကောက်တော့မယ်တို့ အားလုံးကသဘောထားပေးပါတယ်။ဒါကြောင့်အကြိုကဗျာတိုက်
တဲ့ပထမနေ့ မှာကျွန်တော်တို့ မသွားဖြစ်လိုက်ပါဘူး။နောက်တနေ့ မှာတော့တလမ်းဝင်တလမ်းထွက်တနေကုန်
လမ်းလျှောက်အလှူခံသွားရတဲ့အတွက်အားလုံးပင်ပန်းနေကြပေမယ့်ကဗျာတိုက်တဲ့ဆီကိုကျွန်တော်တို့ အားလုံး
ရောက်အောင်သွားခဲ့ကြပါတယ်။ရဲဘော်ရဲဘက်တွေအားလုံးပင်ပန်းနေကြတာသိပေမယ့်နောင်တော်ကြီးတွေအပေါ်ကျွန်တော်တို့ တာဝန်မကျေမှာစိုးတဲ့အတွက်ကျွန်တော်အားနာနာနဲ့ ပဲ ဗကသ ရဲဘော်အားလုံးကိုကဗျာရွတ်
တဲ့ဆီကိုပါအောင်ချော့မော့ပြီးခေါ်လာခဲ့တာပါ။သူတို့ အားလုံးကတော့ကဗျာရွတ်ပွဲမှာမပါဝင်တော့ပဲဧရာဝတီ
တိုင်းရေဘေးကယ်ဆယ်ရေးအတွက်အလှူငွေကိုပဲဆက်လက်ကောက်ချင်နေကြပါတယ်။အလှူငွေကတနေ့ 
ထက်တနေ့ ပိုမိုတိုးပြီးရရှိလာတဲ့အတွက်လဲအားလုံးစိတ်အားတက်ကြွနေကြတာပါ။ကျွန်တော်တို့ အလှူခံတာ
တရက်ဖျက်ပြီးကဗျာသွားတိုက်မယ်ဆိုရင်တရက်ကိုအလှူငွေရရှိမှုငါးသိန်းကျော်နစ်နာပါတယ်။ဒါပေမယ့်ကျွန်
တော်ကအလှူခံလဲမပျက်အောင်ကဗျာတိုက်တာလဲမပျက်အောင်စီစဉ်ပေးပါ့မယ်လို့ ပြောပြီးအားလုံးပါဝင်လာ
အောင်စည်းရုံးခဲ့တာပါ။ကဗျာရွတ်တဲ့အခါမှာလဲကိုမင်းကိုနိုင်ကသူ့ စိတ်တိုင်းမကျသေးတဲ့အတွက်နှစ်ရက်တိုက်
မယ်ဆိုပြီးနောက်တရက်ထပ်ခေါ်တော့လဲနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်မနက်ပိုင်းကနေ နေ့ လည်အထိကဗျာ
တိုက်ပြီးညနေဘက်အလှူခံထွက်လို့ ရအောင်မနက်ပိုင်းကဗျာတိုက်ဖို့ အတွက်အချိန်ညှိရပါသေးတယ်။ကဗျာကို
မနက်ပိုင်းတိုက်ရန်အချိန်ညှိသည့်အခါမှာလည်း ကသဖ တွေဘက်က မအားလို့ဆိုပြီးကန့်ကွက်ပါသေးတယ်။
သူတို့ဘာတွေမအားလည်းတော့မသိဘူး၊ကျွန်တော်တို့ကတော့ ဧရာဝတီတိုင်းရေဘေးအတွက်အလှူခံနေရလို့
မအားကြတာပါ။facebook ပေါ်မှာ ဗကသ တွေကဗျာတိုက်ဖို့မလာတဲ့ကိစ္စကို ၀င်ရောက်ဝေဖန်သူသိစေချင်တာ
က ကျွန်တော်တို့ ဗကသ တွေကဗျာတိုက်ဖို့တစ်ရက်ပျက်တာ မလာတာက ဧရာဝတီတိုင်းပြည်သူတွေအတွက် အလုပ်အကျွေးပြုနေရလို့ဆိုတာသိစေချင်ပါတယ်။အိမ်ကအေးအေးဆေးဆေးထွက်လာကြရတဲ့ သူတွေမဟုတ်
ပါဘူး။ဒါကြောင့်အကြောင်းအရာတစ်ခုကိုခြေခြေမြစ်မြစ်မသိပဲ တစ်ဖက်သားကိုဝေဖန်ချင်တာလူယဉ်ကျေးတွေ
ရဲ့အလုပ်မဟုတ်ပါဘူး။နောက်တစ်ခုထက်ပြောချင်တာကစေတနာဝဿန်ပွဲမှာ ဗကသ တွေကဗကသလက်
ပါတ်ပတ်ထားရတာကလည်း ပရိတ်သတ်က ကသဖ ကျောင်းသားတွေနဲ့အမှားခံရမှာရှက်တဲ့အတွက်ကြောင့်ပါ။
ကျွန်တော်တို့ကိုသမိုင်းတန်ဖိုးနားမလည်သူလို့ အထင်ခံရမှာရှက်လို့ပါ။ဒါပေမယ့် ကဗျာရွတ်ဖို့ စင်အနောက်ဖက်
ကိုရောက်တဲ့အခါမှာ ကိုမင်းကိုနိုင်နှင့်၈၈ရုံးကနောက်တစ်ယောက်ကကျွန်တော်တို့ကျောင်းသားတွေ စီးထား
တဲ့လက်ပါတ်တွေဖြုတ်ခိုင်းပါတယ်။အရှေ့မှာဝန်ကြီးတွေရောက်နေလို့ဆိုပြီးပြောပါတယ်။ဒါ့ကြောင့်ကျွန်တော်တို့ကျောင်းသားတွေကကိုယ့်ထက်အကြီးတွေရဲ့စကားကိုနားထောင်တဲ့အနေနဲ့လက်ပါတ်တွေချွတ်ပြီးပြန်ထားဖို့အဆင်မပြေလို့လက်ကပဲကိုင်ထားခဲ့ရတာပါ။ဝန်ကြီးတွေရှိလို့ ဗကသလက်ပါတ်ကိုချွတ်ခိုင်းခဲ့ပြီးတော့စင်ပေါ်က
အဆင်း စည်သူမောင်နဲ့ဒီငြိမ်းလင်း ဗကသ အလံကိုတစ်ရောက်တစ်ဖက်ကိုင်ပြီး ရှေ့ဆုံးကဆင်းခွင့်ပေးခဲ့တာကို
ရောဘယ်လိုအကြောင်းပြချက်ပေးမှာပါလဲ……………………..? ကဗျာရွတ်ပြီးလို့ အစီအစဉ်ထဲမှာမပါပဲ
စည်သူမောင်နဲ့ ဒီငြိမ်းလင်းတို့အလံကိုင်ပြီးဆင်းတာကို ဗကသ ကျောင်းသားတွေကအဲ့ဒီနှစ်ယောက်ကို သူတို့ ခေါင်းဆောင်အဖြစ်လက်ခံထားတာမဟုတ်တဲ့အတွက်ကျောင်းသားအငယ်တွေက ကန့်ကွက်ခိုင်းလို့ ဟန်နီဦး နဲ့
ဖြိုးဖြိုးအောင်ကကိုမင်းကိုနိုင်ကိုသွားပြောတော့လည်း"ဒီကိစ္စငါသိတယ်၊ငါ့ကိုပြောထားတယ်၊ငါခွင့်ပေးလိုက်တာ
လို့ ပြောပါတယ်။အဲဒီစကားကို ဗကသ ကကျောင်းသားတွေကြားတော့မှကျွန်တော်တို့ ရဲ့ နောင်တော်ကြီးတွေ
အပေါ်ထားခဲ့တဲ့ယုံကြည်ချက်တွေကျဆုံးကုန်ပါပြီလို့ စိတ်ပျက်လက်ပျက်နဲ့ လာရောက်ညီးတွားကြတော့တာပါ။
အဲဒီပွဲကိုလာရောက်ကဗျာရွတ်ပေးကြတဲ့ ဗကသ ကျောင်းသားလေးတွေရဲ့ စိတ်ထဲမှာ သူတို့ ခွဲခြားဆက်ဆံခံရ
တယ်လို့ စိတ်ထဲမှာခံစားသွားကြရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ဖြစ်ပြီးသွားခဲ့တာတွေကတော့ဖြစ်ပြီးသွားပြီးပါပြီ။ဒါကြောင့်နောက်တခါဒီလိုမျိုးမဖြစ်အောင် ကျွန်တော်တို့ ဗကသ တွေအစည်းအဝေးထိုင်ပြီးတိုင်ပင်ခဲ့ကြပါတယ်။အကွဲအပြဲတွေအခုထက်ပိုပြီးအက်
ကြောင်းမကြီးလာအောင်ရယ်ပြဿနာတွေပိုမတက်လာအောင်ရယ်အချိန်မလွန်ခင်အဖြေရှာကြပါတယ်။ဗကသမျိုးဆက်ကျောင်းသားလေးတွေရဲ့ ဆန္ဒအရနောက်တခါကျွန်တော်တို့ ဗကသတွေချမှတ်ထားတဲ့မူငါးချက်နဲ့ မ
သွေဖယ်တဲ့အရေးကိစ္စတွေနဲ့ ကျွန်တော်တို့ လိုသဘောထားလိုင်းပြတ်သားတဲ့အဖွဲ့ တွေနဲ့ လောက်ပဲပူးပေါင်း
ဆောင်ရွက်မှုပြုလုပ်ကြမယ်ဆိုတာပါပဲ။ကျွန်တော်တို့ ဟာကိုယ့်ရဲ့ အထက်မျိုးဆက်နောင်တော်ကြီးတွေနိုင်ငံ
ရေးသမားကြီးတွေကိုလေးစားပြီးသားပါ။ဘယ်အကြောင်းကြောင့်နဲ့ မှကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့အပြောအ
ဆိုအရေးအသားမျိုးမလုပ်ချင်ကြပါဘူး။အခုထက်ထိလဲအကြည်ညိုမပျက်ပါဘူး။ပုဂ္ဂိုလ်ရေးအရဘယ်သူ့ ကိုမှ
မျက်မုန်းကျိုးခြင်းမရှိပါဘူး။နောင်တော်မျိုးဆက်အားလုံးရဲ့ ပေးဆပ်မှုအပေါင်းကိုတန်ဖိုးထားလေးစားပြီးသားပါ။
ချစ်ခင်လက်စရှိပြီးသားပါ။ဒါပေမယ့်ပုဂ္ဂိုလ်ရေးနဲ့ နိုင်ငံရေးရောယှက်လို့ မရပါဘူး။တကဏ္ဍစီခွဲထားရပါမယ်။ကျွန်
တော်တို့ ရဲ့ နိုင်ငံရေးယုံကြည်မှုနဲ့ ချစ်ခင်လေးစားမှုဟာပြည်သူအပေါ်ဘယ်လောက်ပေးဆပ်တာလဲဆိုတဲ့အပေါ်
မှာပဲဆုံးဖြတ်ပါတယ်။နာမည်ကြီးမှုအပေါ်မှာမဆုံးဖြတ်ပါဘူး။ကျွန်တော်တို့ ထက်ပြည်သူအပေါ်မှာပိုပေးဆပ်တဲ့
သူမျိုးကိုလေးစားတာပါ။နိုင်ငံရေးမှာနာမည်ကြီးလို့ လေးစားတာမျိုးမဟုတ်ပါဘူး။အများယောင်လို့ အမောင်
တောင်၊မြောက်မသိလိုက်ပြီးမယောင်ပါဘူး။နာမည်ကြီးတွေတိုင်းလိုက်ကိုးကွယ်တတ်တဲ့ Herolism တွေလဲမ
ဟုတ်ပါဘူး။အရည်အချင်းမရှိတဲ့သူတွေပဲစိန်နားကပ်အရောင်ပါးပြောင်နိုင်ဖို့ အတွက်နာမည်ကြီးတိုင်းလိုက်ကိုး
ကွယ်တတ်တာလို့ ပဲခံယူထားပါတယ်။ကျွန်တော်တို့ ဟာနာမည်ကြီးတိုင်း၊အရည်အချင်းရှိတိုင်းအနောက်ကတ
ကောက်ကောက်လိုက်ပြီးထားရာနေ၊စေရာသွား၊ခိုင်းတာလုပ်တွေမဟုတ်ပါဘူး။လူပုဂ္ဂိုလ်တစ်ဦး၊အဖွဲ့ အစည်း
တခုရဲ့ အရည်အချင်းရှိမှု၊နာမည်ကြီးမှုဟာပြည်သူတရပ်လုံးအတွက်လား၊သူ့ အသိုင်းအ၀ိုင်းအဖွဲ့ အစည်းအ
တွက်ပဲလားဆိုတာဆန်းစစ်ကြည့်ပြီးမှယုံကြည်မှာပါ။ဒီလိုရေးပြလို့ ဗကသ တွေကသဘောထားတင်းမာတယ်၊
လက်ဝဲလိုင်းတွေလို့ စွပ်စွဲလဲကျွန်တော်တို့ ဂရုစိုက်နေမှာမဟုတ်ပါဘူး။ကိုယ့်အလုပ်ကိုယ်ပြီးမြောက်အောင်လုပ်
သွားမှာပါ။ကျွန်တော့်တစ်ဦးတည်းရဲ့ သဘောထားရပ်တည်ချက်ကိုပြောရရင်တော့ ၀ါဒတစ်ခု၊အယူအဆတစ်ခု
ဟာစင်းလုံးချောအရာအားလုံးအမှန်တရားတွေပါလို့ ကျွန်တော်ဘယ်တော့မှမယုံကြည်ပါဘူး ကျွန်တော်လက်ရှိ
ကိုးကွယ်ယုံကြည်ထားတဲ့ဗုဒ္ဓ၀ါဒကိုတောင်မိရိုးဖလာယုံကြည်မှုကြောင့်ကိုးကွယ်နေတာမဟုတ်ပဲသေသေချာချာလေ့လာပြီးတော့မှသာ၊ကာလာမသုတ်လိုမျိုးအစမ်းသပ်ခံနိုင်တဲ့သြ၀ါဒမျိုးကိုသဘောကျလို့ သာကိုးကွယ်တာပါ။
ဒါကြောင့်ဒီအရေးအသား၊ဒီသဘောထား၊ဒီလိုအပြောအဆိုတွေကြောင့်ဘယ်ဝါဒနဲ့ ပဲခေါင်းစဉ်တပ်ပြီးစွပ်စွဲသည်
ဖြစ်စေကျွန်တော်ကတော့ပြုံးရုံပဲပြုံးနေမှာပါ……

မင်းသွေးသစ်
ဗကသများအဖွဲ့ ချုပ်

No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်