Sunday, April 29, 2012

ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂဖွဲ့ စည်းကြောင်းကြေငြာချက်(ဗကသများအဖွဲ့ ချုပ်)

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗကသများအဖွဲ့ ချုပ်)၏မြောင်းမြခရိုင်၊၀ါးခယ်မမြို့ နယ်၊ရွှေလောင်းမြို့ ကျောင်းသားများသမ
ဂ္ဂကို ၂၅.၄.၂၀၁၂ ရက်နေ့ တွင်ဝါးခယ်မမြို့ နယ်၊ရွှေလောင်းမြို့ ၌ဖွဲ့ စည်းခဲ့ပါသည်။အဆိုပါရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂဖွဲ့ စည်းသည့်အခမ်း
အနားသို့ ရွှေလောင်းမြို့ ခံကျောင်းသားများနှင့်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်ဗဟိုစည်းရုံးရေးကော်မတီမှတိုင်းရင်းသားရေး
ရာကော်မတီတာဝန်ခံကိုနန္ဒာစစ်အောင်နှင့်တွဲဖက်အထွေထွေအတွင်းရေးမှူးကိုမင်းသွေးသစ်၊ဗဟိုပြန်ကြားရေးကော်မတီဝင်ကိုမောင်မောင်ခင်
တို့ နှင့်အတူရွှေလောင်းမြို့ နယ်နှင့်ဝါးခယ်မမြို့ နယ်တို့ မှကျောင်းသားသမဂ္ဂပေါ်ပေါက်ရေးကော်မတီဝင်ရပ်မိရပ်ဖများပါတက်ရောက်ပါဝင်ခဲ့ကြပါ
သည်။အခမ်းအနားကိုအခမ်းအနားအစီအစဉ်(၁၂)ဖြင့်ကျင်းပခဲ့ပြီးဝါးခယ်မမြို့ နယ်၊ရွှေလောင်းမြို့ မှကျောင်းသားကျောင်းသူယောက်(၃၇)ယောက်
တက်ရောက်ပြီးကျောင်းသားသမဂ္ဂဖွဲ့ စည်းအပြီးတွင်ကျောင်းသားသမဂ္ဂသီချင်းနှင့်ခောတ်အဆက်ဆက်ကျောင်းသားထု၏တိုက်ပွဲဝင်သီချင်းဖြစ်
သောသွေးသစ္စာသီချင်းများသီဆိုပြီးအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။အခမ်းအနားအပြီးတွင်သမဂ္ဂ၀င်ကျောင်းသားများကကျောင်းသားသမဂ္ဂ
အောင်လံတော်ကိုလွှင့်တင်ပြီးဆိုင်ကယ်များဖြင့်ရွှေလောင်းမြို့ တွင်းလှည့်လည်ချီတက်ခဲ့ကြပါသည်။

No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်