Tuesday, April 24, 2012

ဗကသများအဖွဲ့ ချုပ်(၀ါးခယ်မမြို့ နယ်)လူငယ်ဖွံ့ ဖြိုးရေးသင်တန်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗကသများအဖွဲ
့ချုပ်)၏၀ါးခယ်မမြို့ နယ်ကျောင်းသားသမဂ္ဂဖွဲ့ စည်းပြီးနောက်သမဂ္ဂအဖွဲ
့ဝင်ဗကသကျောင်းသားများအတွက်လူငယ်ဖွဲ
့ဖြိုးရေးသင်တန်းကိုဆက်လက်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။အဆိုပါသင်တန်းကို(၂၀.၄.၂၀၁၂)ရက်နေ
့မှ(၂၄.၄.၂၀၁၂)ရက်နေ့ အထိဖွင့်လှစ်
သင်ကြားခဲ့ပါသည်။လူငယ်ဖွဲ
့ဖြိုးရေးသင်တန်း၏အဓိကရည်ရွယ်ချက်မှာကျွန်ုပ်တို့ နိုင်ငံတွင်အကောင်အထည်
ဖော်နေသောဒီမိုကရေစီစနစ်အရှိန်အဟုန်ဖြင့်ရုပ်လုံးပေါ်လာစေရန်အရပ်ဖက်လူ
့အဖွဲ့ အစည်းအားကောင်းရ
မည်ဟုယုံကြည်သဖြင့်၎င်း၊ဗကသကျောင်းသားများ၏နိုင်ငံရေးဆိုင်ရာအသိပညာနှင့်ကျောင်းသားလှုပ်ရှားမှုသမိုင်းကိုသိရှိစေလို၍၄င်းဖွင့်လှစ်ခြင်းဖြစ်ပြီးဤသင်တန်းတွင်ဗမာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းအားဗကသများအဖွဲ
့ချုပ်ဗဟိုကော်မတီဥက္ကဌကိုကျော်ကိုကိုမှလည်းကောင်း၊လူ
့အခွင့်အရေးဥပဒေအားဗကသများအဖွဲ
့ချုပ်ဗဟိုကော်မတီတိုင်းရင်းသားရေးရာကော်မတီတာဝန်ခံကိုနန္ဒာစစ်အောင်မှလည်းကောင်း၊သဘာဝပတ်ဝန်း
ကျင်ဆိုင်ရာအသိပညာ၊Self Development ၊ Wave Theory (The Third Wave)
နှင့်နိုင်ငံတော်၏မဏ္ဍိုင်ကြီး
လေးရပ်တို့ အားဗကသများအဖွဲ
့ချုပ်ဗဟိုကော်မတီတွဲဘက်အတွင်းရေးမှူးကိုမင်းသွေးသစ်မှလည်းကောင်းအသီးသီးတာဝန်ယူသင်ကြားပေးခဲ့ကြပါသည်။

No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်