Thursday, April 19, 2012

အစိုးရမှအိုးဝေမဂ္ဂဇင်းနှင့်ဗကသများအဖွဲ့ ချုပ်သို့ ပေးပို့ သောသ၀ဏ်လွှာ

အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုရှိန်းရာဇာထွန်း၊ ဗကသ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို တို့ကို အိုးဝေမဂ္ဂဇင်း စာစောင်နဲ့ ပတ်သက်လို့ စာပေစိစစ်ရေးက ဒီကနေ့ (ဗုဒ္ဓဟူးနေ့)မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်လို့ ဗကသများအဖွဲ့ ချုပ်ဥက္ကဌကိုကျော်ကိုကိုရဲ့ သဘောထားမှတ်ချက်ကတော့ဒီလိုပါ...
ကိုကျော်ကိုကို - အိုးဝေမဂ္ဂဇင်း၊ ကျောင်းသားမဂ္ဂဇင်းကို ထုတ်ဝေခဲ့တာ မည်သည့် မှတ်ပုံတင် စိစစ်ရေးကိုမှ တင်စရာမလိုဘဲ ထုတ်ဝေခဲ့တယ် ဆိုတာက သမိုင်းစဉ်လာအရ ရှိနေခဲ့တယ်။
ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ဆင်ဆာကို ဖြတ်သန်းပြီး၊ စိစစ်ရေးကို ဖြတ်သန်းပြီး အိုးဝေမဂ္ဂဇင်း ထုတ်သွားမယ့်  သဘောထား မရှိဘူး။
ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်အရ ဒီမိုကရေစီအခွင့်အရေးအရ ကျောင်းသားထုရဲ့ မဂ္ဂဇင်းတစောင်ကို ကျောင်းသားထုရဲ့ ကြွေးကြော်သံတစောင်ကို လွတ်လပ်စွာ ထုတ်ဝေခွင့်ရှိရမယ်ဆိုတဲ့ အယူအဆမျိုး ကျနော်တို့အားလုံးဆီမှာ ရှိကြပါတယ်။

ပူးတွဲပါစာမှာပါတဲ့အကြောင်းအရာကတော့ ဧပြီလဆန်းပိုင်းက ဗကသများအဖွဲ့ချုပ် စည်းရုံးရေးကော်မတီက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းဟာ စာပေစိစစ်ရေးရဲ့ မူနဲ့အညီ ထုတ်ဝေထားခြင်း မရှိကြောင်းကို စိစစ်တွေ့ရှိရပါတယ် ဆိုတဲ့အချက်၊
အိုးဝေမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုရင် စာပေစိစစ်ရေးမှတ်ပုံတင် ဥပဒေနဲ့အညီ မှတ်ပုံတင်ရမယ်၊ ဒါမှမဟုတ် စိစစ်ရေးကို ဖြတ်သန်းပြီးတော့မှ စစ်ဆေးပြီးတော့မှ ထုတ်ဝေခွင့် ရှိတယ်ဆိုတာကို ခေါ်ယူ အသိပေး ဆွေးနွေးအပ်ပါတယ်ဆိုတဲ့အချက်၊
နောင်တချိန်မှာ အိုးဝေမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုရင် တည်ဆဲဥပဒေ နည်းပဒေများအတိုင်း ဆောင်ရွက်သွားပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ် ဆိုတဲ့ အချက် ၃ ချက် ပါတယ်။
ဒီစာကိုဗကသများအဖွဲ့ ချုပ်ဗဟိုစည်းရုံးရေးက်ာမတီဆိုပြီးလိပ်မူထားပါတယ်။စာအိတ်ပေါ်မှာကတော့အစိုးရကိစ္စလို့ တံဆိပ်တပ်ထားပါတယ်။ပြည်တွင်းမှာကျွန်တော်တို့ ဗကသများအဖွဲ့ ချုပ်ရဲ့ လှုပ်ရှားမှုတွေ၊လုပ်ဆောင်ချက်တွေကိုပြည်တွင်းသတင်းထောက်တွေကသတင်းယူပြီးပြည်တွင်းမှာထုတ်တဲ့ဂျာနယ်တွေမှာဖော်ပြဖို့ ကြိုးစားရာမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် သို့ မဟုတ် ဗကသများအဖွဲ့ ချုပ် ဆိုတဲ့အမည်ဟာဘယ်တော့မှဆင်ဆာမလွတ်ပဲအဖြတ်ခံရကြောင်းသတင်းထောက်များဆီကပြန်လည်ကြားသိရပါတယ်။ဒါကြောင့် ဗကသ ထဲကဘယ်သူ့ အင်တာဗျူးပဲဖြစ်စေ ဗကသ လို့ အမည်တတ်ပြီးပါလာတာမရှိပါဘူး။ ၂၀၀၇ ကျောင်းသားခေါင်းဆောင် ဆိုတာသူတို့ စာပေစီစစ်ရေးကအမြင့်ဆုံးအသိအမှတ်ပြုတဲ့စကားလုံးပါပဲ။အခုတော့အစိုးရကိစ္စလို့ စာအိတ်မှာတံဆိပ်ကပ်ပြီးစာပါအကြောင်းအရာနေရာမှာလဲ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ် လို့ နာမည်တပ်ပြီးပို့ ပေးလိုက်တာဖြစ်တဲ့အတွက်အိုးဝေနဲ့ ဗကသဆိုတာကိုသူတို့ ဘယ်လိုပဲအကန့် အသတ်လုပ်သည်ဖြစ်စေသမိုင်းတန်ဖိုးနဲ့ ဖြတ်သန်းမှုပုံရိပ်တွေကိုတော့ဘယ်လိုမှအသိအမှတ်မပြုလို့ မရဘူးဆိုတာအစိုးရမင်းများသဘောပေါက်သွားလောက်ပြီထင်ပါတယ်။
                                                                                                                                                     မင်းသွေးသစ်
                                                                                                                                                 ဗကသများအဖွဲ့ ချုပ်

No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်