Thursday, November 22, 2012

Fwd: အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2012/11/17
Subject: အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း
To:


အိုးဝေ စာကြည့်တိုက်၏အပတ်စဉ်စာဖတ်ဝိုင်း

          ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏ အိုးဝေပညာဒါနနှင့်စာကြည့်တိုက်တွင် ဗ.က.သ

ကျောင်းသား/ကျောင်းသူများအတွက်အသိပညာဗဟုသုတတိုးပွားစေရန်အပတ်စဉ်စာဖတ်ဝိုင်းများပြုလုပ်နေကြသည်မှာကာလအတန်ကြာခဲ့ပြီဖြစ်ပါသည်။ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသား/ကျောင်းသူများမှအပတ်စဉ်အပတ်တိုင်း ပညာရေး၊နိုင်ငံရေး၊စီးပွားရေးနှင့်လူမှုရေးနှင့်သက်ဆိုင်သည့်ခေါင်းစဉ်အမျိုးမျိုးဖြင့်ဆွေးနွေးမှုများပြု

လုပ်ခဲ့ကြပါသည်။ အိုးဝေ စာကြည့်တိုက်နှင့်ပညာဒါန ၏အပတ်စဉ်စာဖတ်ဝိုင်းများ၏အဓိကရည်ရွယ်ချက်မှာ အ

နာဂါတ်နိုင်ငံတော်ကိုဦးဆောင်မည့်ကျောင်းသား/ကျောင်းသူများ ပညာရေးစနစ်ညံ့ဖျင်းမှု၊သင်ထောက်ကူပစ္စည်း

များမလုံလောက်မှု၊ကျောင်းစာပြင်ပဗဟုသုတများလေ့လာမှုအားနည်းခြင်းစသည့်အချက်များကြောင့် နိုင်ငံတ

ကာကျောင်းသားများနှင့်ယှဉ်လျှင်အရည်အချင်းနိမ့်ကျမှုများလျှော့နည်းလာစေရန်တတ်အားသရွေ့ ထောက်ကူ

ပေးလိုသည့်အတွက်ကြောင့်ယခုကဲ့သို့ စာဖတ်ဝိုင်းများ၊ဆွေးနွေးပွဲများကိုကျောင်းသား/ကျောင်းသူများအတွက်

ပြုလုပ်ပေးနေခြင်းဖြစ်ပါသည်။


No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်