---------- Forwarded message ----------
From:
Yaung Sin <lwinpyin.9@gmail.com>Date: 2012/10/12
Subject: ဘယ်သူတွေမှာတာဝန်ရှိသလဲ
To:
ဘယ်သူတွေမှာတာဝန်ရှိသလဲ
ဒီနေ့(၁၁.၁၀.၂၀၁၂)ကြာသာပတေးနေ့ မနက်ဘက်ကပေါ့။အပြင်မှာမှာမိုးကလဲရွာနေတယ်။မနေ့ ညကတည်း
က ကချင်စစ်ဘေးသင့်ပြည်သူတွေကိုအလှူငွေလှူဒါန်းတဲ့မှတ်တမ်းဓါတ်ပုံတွေကို အင်တာနက်လိုင်းကောင်းတဲ့
ညဘက်မှာတင်ရတဲ့အတွက် ဒီနေ့ မနက်ရှစ်နာရီထိုးပြီးမှစအိပ်ရလို့ အိပ်ကောင်းကောင်းနဲ့ အိပ်နေတုန်းဆေးရုံ
ကဖုန်းလာပါတယ်။အရေးပေါ်အိုသွေးတစ်လုံးလိုလို့ ဆေးရုံကိုသွေးလှူရှင်ရရခြင်းလာခဲ့ပါလို့ ဖုန်းထဲကလူနာရှင်
အရေးတကြီးပြောလာပါတယ်။ကျွန်တော်တို့ အဖွဲ့ ကတဖွဲ့ လုံးရဲ့ ဖုန်းနံပါတ်တွေကိုဆေးရုံတွေမှာလိုက်ကပ်ထား
ပြီးအရေးပေါ်သွေးလိုတဲ့လူနာရှင်များဖုန်းဆက်အကူအညီတောင်းပါကအခမဲ့လာရောက်သွေးလှူဒါန်းပေးပါ
သည်လို့ ရေးထားတဲ့စာတွေကပ်ထားတဲ့အတွက် ကျွန်တော်တို့ ဆီကိုအခုလိုပဲအရေးပေါ်သွေးအကူအညီ
တောင်းတဲ့ဖုန်းတွေ အချိန်မရွေးဝင်လာတတ်ပါတယ်။ကျွန်တော်တို့ ဆီကိုဝင်လာတတ်တဲ့ အကူအညီတောင်းတဲ့
ဖုန်းတွေကသွေးဘယ်မှာမှရှာမရလို့ တကယ်အရေးတကြီးအချိန်တွေမှာလာတတ်တဲ့အတွက်ဖုန်းရရခြင်းပဲ အိုး
ဝေ စာကြည့်တိုက်နဲ့ ပညာဒါန မှာရောက်နေတဲ့ကျောင်းသားတွေကို အို သွေးလှူမယ့်လူရှိလားလို့ လိုက်ချက်
ချင်းပဲလိုက်မေးပါတယ်။အဲဒီမှာ ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ ထဲက သန်လျင်နည်းပညာ
တက္ကသိုလ်ကျောင်းသားသမဂ္ဂ က ကိုသီဟဇော်က သူအိုသွေးပါ၊သူလှူပါ့မယ်လို့ ပြောတာနဲ့ သူ့ ကိုဆိုင်ကယ်
ပေါ်တင်ပြီးဆေးရုံကိုထွက်လာခဲ့ပါတယ်။ဆေးရုံရောက်တော့အမျိုးသမီးကြီးတယောက် OG Ward နားမရောက်
ခင် လျှောက်လမ်းဘေးမှာငိုနေတာကိုတွေ့ ရပါတယ်။ကျွန်တော်တို့ လဲသူ့ ကိုကျော်တက်ခဲ့ပြီး သွေးမလှူခင်လို
အပ်တဲ့စစ်ဆေးမှုတွေဖြစ်တဲ့သွေးပေါင်ချိန်တာ၊သွေးအမျိုးအစားစစ်ဆေးတာတွေလုပ်နေတုန်းမှာပဲ တာဝန်ကျ
ဆရာမတယောက်ကသွေးလှူဖို့ မလိုတော့တဲ့အကြောင်းလာပြောပါတယ်။ဘာဖြစ်လို့ လဲလို့ မေးကြည့်လိုက်
တော့ ကလေးကဆုံးသွားပြီဆိုတဲ့အကြောင်းနဲ့ မိခင်ကတော့မဆုံးသေးပေမယ့်လက်လျှော့လိုက်ရပြီဆိုတဲ့အ
ကြောင်းရှင်းပြပါတယ်။ဆေးရုံရောက်လာကတည်းကသွေးတော်တော်သွန်ထားတယ်….သွေးတွေကိုပုံးတစ်လုံးစာလောက်တောင်ရတယ်….အရပ်လက်သည်နဲ့ အိမ်မှာပဲကျိတ်မွေးနေတာ၊မရတော့မှဆေးရုံရောက်လာတာ…
စတဲ့ စကားသံတွေကတော့တယောက်တပေါက်ဆူညံနေပါတယ်။ကျွန်တော်မကြားနိုင်တော့ပါဘူး…..ကျွန်တော့်
ရှေ့ မှာလူတယောက်လုံးသေဆုံးရမှာကို ဘာမှမတတ်နိုင်ပဲဒီအတိုင်းလက်ပိုက်ကြည့်နေရတဲ့လူတယောက်ရဲ့ ခံ
စားမှုက ဘာနဲ့ နှိုင်းပြလို့ မရအောင် စိတ်ထဲမှာဖိစီးနေပါတယ်။ဘာကြောင့်အရပ်လက်သည်နဲ့ ပဲမွေးရတာလဲ..?
မြို့ နဲ့ သိပ်မလှမ်းတဲ့ရွာမှာနေရဲ့ သားနဲ့ ဘာ့ကြောင့်ဆေးရုံကိုအချိန်မီမလာရတာလဲ..? ဆေးရုံမှာမီးမဖွားခင်ကြို
တင်ပြထားသင့်ပါလျက်ဘာ့ကြောင့်ဆေးရုံကိုလာဖို့ လူတွေရွံ့ နေရတာလဲ…?မေးခွန်းပေါင်းများစွာ၊စိတ်မကောင်း
ခြင်းများစွာနဲ့ ဆေးရုံကပြန်လာခဲ့ပါတယ်။ကျွန်တော်တို့ အဖွဲ့ သွေးလှူတဲ့လေးနှစ်တာသက်တမ်းတလျှောက်မှာ
လူနာသေဆုံးတာ ပထမဆုံးအတွေ့ အကြုံမဟုတ်ပေမယ့်ဆေးရုံကိုအချိန်မီရောက်မလာလို့ မသေသင့်ပဲသေဆုံး
ခဲ့ရတဲ့လူနာတွေမှာ ကလေးမီးဖွားရင်းသေဆုံးရတဲ့လူနာတွေကိုပိုပြီးအတွေ့ များပါတယ်။လိုအပ်တဲ့ကျန်းမာရေးဗ
ဟုသုတ၊လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှု စတာတွေကိုလူနဲ့ လူခြင်းအတူတူ တခြားနိုင်ငံကပြည်သူတွေနဲ့ 
တန်းတူကျွန်တော်တို့ ပြည်သူတွေဘာကြောင့်မရရှိကြရတာလဲ၊ကျန်းမာရေးအသိပညာနည်းကြတာဘယ်သူ
တွေကြောင့်လဲ၊ကျွန်တော်တို့ မသိတဲ့တခြားပြည်သူဘယ်နှစ်ယောက်များ အခုလိုရေတိမ်နစ်ရတဲ့အဖြစ်ဆိုးမျိုး
တွေကြုံပြီးပြီလဲ၊ဒီလိုကိစ္စရပ်တွေအတွက်ဘယ်သူ့ မှာတာဝန်ရှိသလဲ၊သူ့ ကံကြမ္မာကြောင့်ပါလို့ ဖော့တွေးပြီး
လက်ပိုက်ကြည့်နေကြတော့မှာလား။ဘာပဲဖြစ်ဖြစ်ဒီနေ့ တစ်နေ့ လုံးမှာတော့ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေး
ကြေငြာစာတမ်း အပိုဒ် (၂၅) ကတော့ကျွန်တော့်ကိုတနေ့ လုံးလှောင်ပြောင်လို့ နေပါတော့တယ်။
*အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၅)*
"လူတိုင်းလုံလောက်သောလူနေမှုအဆင့်အတန်းနှင့်ဆေးကုသခံယူခွင့်ရှိသည်"
မင်းသွေးသစ်
ဗကသများအဖွဲ့ ချုပ်