(မင်းသွေးသစ် - ၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားတဦး)
မေလ (၂၂) ရက်နေ့ဒီနေ့ ရန်ကုန်မိုးက မနက် မိုးလင်းကတည်းက ရွာနေတာဟာ နေ့လည်ရောက်လေ ပိုသည်းလေ ဖြစ်လာတယ်။ ဒီနေ့ မနက် အိပ်ရာနိုးကတည်းက မိုးရွာတာတွေ့လိုက်တော့ အမေစုအတွက် ၀ိုင်းဝန်း ဆန္ဒ ဖော်ထုတ်နေတဲ့ အင်းစိန်ထောင်ရှေ့ လမ်းမပေါ်ကို စိတ်ကရောက်သွားပြီး ပူပန်နေမိပြန်တယ်။ ဒီလိုသာ မိုးရွာနေရင် ထောင်ရှေ့ လမ်းမပေါ်မှာ အရင်နေ့တွေကလို လူရောရှိပါတော့မလားလို့ပေါ့။
စိတ်ပူမယ်ဆိုရင်လည်း ပူစရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ရေသာခိုအချောင်လိုက်ချင်တဲ့ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ စိတ်ဓါတ်နဲ့ ဒီလိုအရေးကြီးတဲ့ရက်တွေမှာ ရည်မှန်းချက် မရောက်ခင် တောင့်ခံနိုင်ပါ့မလား။ စိတ်မပူလို့ ကတော့ မဖြစ်။ ဒီအစိုးရဟာ အလျှော့ပေးလို့ရတဲ့ အစိုးရမျိုး မဟုတ်။
အလျှော့မပေးပါပဲ လျော့သွားတဲ့ အရေးကိစ္စတွေမှာတောင် လူထုကို ပိုမိုဖိနှိပ်မှူတွေ ပြုလုပ်လာတာ အားလုံး အသိ ပင်။ ယခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးသည့်ကိစ္စတွင်မတော့ နအဖက မြန်မာပြည်သူ တရပ်လုံးကို ဂရုမစိုက်ရုံမျှမက ကမ္ဘာနိုင်ငံများကိုပါ စိန်ခေါ်သည့်အနေအထား ပြုလုပ်လာသည်။
ဤတကြိမ်လည်း ကုလသမဂ္ဂ၊ ကမ္ဘာ့နိုင်ငံများနှင့် မြန်မာပြည်သူလူထုက အရင်ကိစ္စတွေတုန်းကလိုမျိုး လျှော့တိ လျှော့ရဲနဲ့ပြုလုပ်တောင်းဆိုနေပါက စစ်ဖိနပ်အောက်တွင် တသက်လုံး ခေါင်းမထောင်နိုင်အောင် ပြားပြားဝပ် ရပေ လိမ့်မည်။ နအဖ၏ မထွေးလေး မြွေမြိုသလို တဆင့်ပြီးတဆင့် ထပ်တိုးဖိနိုပ်မှုဗျူဟာအား အသေအချာ စမ်းစစ်ပါက ရှင်းလင်းစွာ တွေ့ရပေမည်။
ပထမဦးဆုံးခြေလှမ်းအနေဖြင့်လောင်စာဆီဈေးနှုန်းတက်သည့်ကိစ္စနှင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် လူထုထောက်ခံမှုရှိသည့် ကိုမင်းကိုနိုင်တို့ (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးရုံးတင်စစ်ဆေးခဲ့ပါတယ်။ (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကျောင်းသားခေါင်းဆောင်များအား ရုံးတင်စစ်ဆေးနေသည့် တလျှောက်လုံး အန်အယ်လ်ဒီနှင့် ၈၈ မျိုးဆက် လက်ကျန်များ၏ ဆန့်ကျင်ကန့်ကွက်မှုကိုသာ ကြုံရပြီး၊ လူထုထံမှ မည့်သည့်တုံ့ပြန်ဆန့် ကျင်မှုမျိုးမှ မတွေ့ရသည့် နောက်တွင်မတော့ နအဖမှ ကိုမင်းကိုနိုင်အပါအ၀င် (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ကျောင်းသားခေါင်းဆောင်များအား နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်၍ ဆန့်ကျင်ဘက် အင်အားများ ကို လျော့အောင် တိုက်ချ လိုက်သည်။
ဒုတိယခြေလှမ်းအနေနှင့် ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်လာသောအခါ လူထုကိုအထင်သေးလက်စနှင့် သံဃာ့တော်လှန်ရေးအစ ပထမရက်များတွင် မည်သည့်အရေးယူမှုမျိုးမှ မလုပ်ဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ သည်။ တကယ်တမ်း သံဃာထုနောက်တွင် ၂၀၀၇ ခုနှစ် မျိုးဆက်ကျောင်းသားများနှင့် ပြည်သူလူထုပါဝင်လာသော အခါတွင် သံဃာတော်များအား ရိုက်နှက်ဖမ်းဆီးထောင်ချ၍ အကြမ်းဖက် နှိမ်နင်းခဲ့သည်။
ထိုသို့သံဃာတော်များအားဖမ်းဆီးနှိပ်စက်နေသည့် အချိန်တွင်လည်း လူထု၏ဆန္ဒပြပွဲများက ပို၍ ပြင်းထန် မလာဘဲ အကြမ်းဖက်နှိမ်နင်းမှုနောက်ကွယ်တွင် တစတစလျှော့ပါးပျောက်ကွယ်ခဲ့ရသည်။
ယခုတကြိမ်တွင်လည်းနအဖအနိုင်ရသွားပါကမြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့်စစ်ဖိနပ်အောက်မှလွတ်မြောက် နိုင်ရန်မည်သည့်အခါမှမျှော်လင့်မနေပါနှင့်တော့ဟုဘဲဆိုပါရစေ။အဘယ့်ကြောင့်ဆိုသော်ဒေါ်အောင်ဆန်းစုကြည်လို တကမ္ဘာလုံးက အသိအမှတ်ပြုထားသော လူထုခေါင်းဆောင်တဦးကိုပင် ထောင်သွင်းအကျဉ်းချနိုင်ခဲ့ပါက ဤနိုင်ငံတွင် နအဖအား ယှဉ်ပြိုင်ဆန့်ကျင်နိုင်မည့် နောက်ထပ်သော ခေါင်းဆောင်တဦးရရန် နောက်ထပ် ဆယ်စုနှစ် နှစ်စုကြာသည့်တိုင်အောင်ပင် ပေါ်ထွန်းလာရန် မလွယ်ကူပေ။
ထိုအနေအထားကို နားလည်သော နအဖခေါင်းဆောင်ပိုင်းများမှာ ဤတကြိမ်တွင်လည်း ၄င်းတို့ဘက်မှ အနိုင်ရရှိအောင် နည်းမျိုးစုံနှင့် ကြိုးစားပေလိမ့်မည်။ ထိုအခြင်းအရာကို မြန်မာပြည်သူတို့ သိနားလည်ဖို့ လို ပေမည်။ ကြိုတင်သိမြင်နားလည်သော ပြည်သူတို့မှာ တိုင်းပြည်အတွက် နောက်ဆုံးတိုက်ပွဲ နောက်ဆုံး ပေး ဆပ်မှုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရာ အင်းစိန်ထောင်ရှေ့လမ်းမပေါ်တွင် နေ့စဉ်နေ့တိုင်း အခက်အခဲအမျိုးမျိုးကြားမှ လူစုကာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံအားပေးကြောင်း ဆန္ဒဖော်ထုတ် ပြသနေကြသည်။
ဤနောက်ဆုံးတိုက်ပွဲ၏ အရေးကြီးဆုံးအချက်မှာမြန်မာပြည်၏ လူထုခေါင်းဆောင်ကို ပြည်သူ့ထောက်ခံမှု မည်၍ မည်မျှ များပြားကြောင်းကို နအဖတွေ သိရန် ပြည်သူ့ အင်အားပြဖို့  လိုပေသည်။ အန်အယ်လ်ဒီပါတီမှ လူများနှင့် သာ ဆန္ဒဖော်ထုတ်ပြနေလို့မလုံလောက်ပေ။ ကျောင်းသားများ၊ ပြည်သူနှင့် လူတန်းစားအားလုံး ပါဝင်ဆင်နွှဲဖို့ လိုသည်။
ဒေါ်အောင်ဆန်းစုကြည်သာ နအဖလက်တွင်း သက်ဆင်းသွားပါက မြန်မာပြည်သူလူထု၏် ကံကြမ္မာမှာ တွေးဝံ့ဖွယ် ရာရှိတော့မည် မဟုတ်ပါ။ နောက်ဆုံးအနေဖြင့် ပြောပြလိုသည်မှာ သတင်းစာဆရာကြီး အဘဦးဝင်းတင် ပြောသကဲသို့ အန်အယ်လ်ဒီကို ၀န်းရံပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံပေးပါ။ အင်းစိန်ထောင်ရှေ့ ဆန္ဒ ဖော်ထုတ်ပွဲသို့သွားရောက်တိုက်ပွဲဝင်ကြပါ။
တတိုင်းပြည်လုံး၏ ကံကြမ္မာသည် သင်တို့  လက်ထဲတွင် ရှိသည်။ နောက်ဆုံးတိုက်ပွဲတွင် အရှူံးကြီး မရှူံးပါစေနှင့်။ မြန်မာ့သမိုင်းတွင် အမဲစက်ကြီး အဖြစ်မခံပါနှင့်။ နောင်မျိုးဆက်များ၏ ကဲ့ရဲ့ ပစ်တင်မှုကို မခံကြရပါစေနှင့်။
No comments:
Post a Comment
ဝေဖန်အကြံပေးနိုင်ပါသည်