ဗကသများအဖွဲ့ချုပ်၊ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ(ရ.တ.က.သ)သည်အနေဖြင့်ဗကသများအဖွဲ့ချုပ်၏မူဝါဒလမ်းစဉ်(၅)ရပ်နှင့်ကိုက်ညီသောငြိမ်းချမ်းရေး၊ဒီမိုကရေစီအရေးနှင့်ပြည်သူအကျိုးရေးလုပ်ငန်းများကိုကျောင်းသား/သူများ၏မုန့်ဖိုးများနှင့်သမဂ္ဂလစဉ်ထည့်ဝင်ကြေးများကိုအသုံးပြု၍ဆောင်ရွက်ခဲ့ကြသော်လည်းများပြားလှသောလုပ်ငန်းစဉ်များအတွက်သမဂ္ဂရံပုံငွေမလုံလောက်သဖြင့်ရံပုံငွေဈေးရောင်းပွဲအဖြစ်သန်လျင်မြို့ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင်ဆိုင်ခန်းဖွင့်လှစ်ရောင်းချခဲ့ကြပြီးဘုရားပွဲတော်နောက်ဆုံးရက်တွင်ဗကသကျောင်းသား/သူများစုပေါင်းအလှူငွေထည့်ဝင်၍ဘုရားပွဲတော်သို့လာရောက်ကြသောသက်ကြီးရွယ်အိုများ၊တောင်းရမ်းစားသောက်နေရသောသက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များအားထမင်းနှင့်ဟင်းစတုဒီသာများကိုကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးလှူဒါန်းခဲ့ကြပါသည်။ထို့ပြင်ပွဲတော်လာရဟန်းသံဃာများနှင့်သက်ကြီးရွယ်အိုများအားအအေးစတုဒီသာများလှူဒါန်းခဲ့ကြပါသည်။ယခုအလှူပွဲဖြစ်မြောက်ရေးအတွက်လှူဒါန်းခဲ့ကြသောဗကသများအဖွဲ့ချုပ်၊ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂကျောင်းသား/သူများနှင့်တဦးတည်းအလှူရှင်အဖြစ်ပါဝင်လှူဒါန်းပေးကြသောကိုဖြိုးဝင်းမောင်(ဒုတိယနှစ်အဝေးသင်တက္ကသိုလ်၊ကျောက်တန်းမြို့)နှင့်သမ၀ါယမတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှမသွယ်သွယ်လွင်မိသားစုတို့အားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း(ရ.တ.က.သ)မှမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
No comments:
Post a Comment
ဝေဖန်အကြံပေးနိုင်ပါသည်