Saturday, February 2, 2013

Reminder: Eyu Abfsu invited you to join Facebook...

facebook
Eyu Abfsu wants to be your friend on Facebook. No matter how far away you are from friends and family, Facebook can help you stay connected.
Other people have asked to be your friend on Facebook. Accept this invitation to see your previous friend requests
Eyu Abfsu
East Yangon University
435 friends · 2 groups
Accept Invitation
Go to Facebook
This message was sent to freebumar2010.mtt2007@blogger.com. If you don't want to receive these emails from Facebook in the future or have your email address used for friend suggestions, please unsubscribe.
Facebook, Inc., Attention: Department 415, PO Box 10005, Palo Alto, CA 94303

Thursday, January 17, 2013

Check out my photos on Facebook

Eyu Abfsu wants to share photos and updates with you.
View Eyu's Photos
Eyu has invited you to Facebook. After you sign up, you'll be able to stay connected with friends by sharing photos and videos, posting status updates, sending messages and more.

Thursday, January 10, 2013

Fwd: နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းရှေ့ ပဋိပက္ခ



---------- Forwarded message ----------
From: Yaung Sin <lwinpyin.9@gmail.com>
Date: 2013/1/10
Subject: နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းရှေ့ ပဋိပက္ခ
To: linnnweein@gmail.com


ကျောင်းသားထုအားစော်ကားနေကြသူများ

          ၉.၁.၂၀၁၃ ရက်နေ့နံနက်ကသန်လျင်နည်းပညာတက္ကသိုလ်ကျောင်းရှေ့တွင်ရန်ကုန်တောင်ပိုင်းခရိုင်

ကျောင်းသားများသမဂ္ဂ မှ ဗကသကျောင်းသားရဲဘော်များက ဗကသများအဖွဲ့ချုပ် ၏လက်ကမ်းစာစောင်များကို

ကျောင်းသား/သူများအားလိုက်လံဝေငှနေခဲ့ကြစဉ်နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းသို့စစ်တပ်မှအငြိမ်းစားယူ၍နည်းပညာတက္ကသိုလ်သို့ကျောင်းသားရေးရာလုံခြုံရေးမှူးများအဖြစ်ပြောင်းရွေ့လာသောအငြိမ်းစားစစ်ဗိုလ်တစ်ဦးနှင့်အငြိမ်းစားဗိုလ်မှူးတစ်ဦး(အမည်မသိရှိရသေး)တို့ကလက်ကမ်းစာစောင်များဝေငှနေသောဗကသကျောင်းသားများ၏လက်တွင်းမှလက်ကမ်းစာစောင်များအားအတင်းအဓမ္မလိုက်လံလုယူ၍ဗကသများအဖွဲ့ချုပ်သည်တရားမ၀င်အဖွဲ့အစည်းဖြစ်သဖြင့်ကျောင်းရှေ့တွင်စာရွက်လိုက်လံဝေငှနေသောကျောင်းသား/သူများအားဖမ်းဆီးမည်ဟုခြိမ်းခြောက်ပြီးစရဖများ၊SBနှင့်ရဲစခန်းများထံဖုန်းဆက်၍လာရောက်ဖမ်းဆီးရန်ပြောဆိုခဲ့ကြပါသည်။ဗကသကျောင်းသားများကဒီမိုကရေစီစနစ်ကိုကျင့်သုံးနေပြီဖြစ်သည့်အတွက်မည်သူမဆိုအများပြည်သူအားထိခိုက်ခြင်းမရှိပါကမိမိတို့၏သဘောဆန္ဒများအားလွတ်လပ်စွာရေးသားဖြန့်ချီခွင့်ရှိသည်ဟူသောနိုင်ငံသားများ၏ရပိုင်ခွင့်အရယခုကဲ့သို့လက်ကမ်းစာစောင်များကိုဖြန့်ဝေခြင်းဖြစ်သဖြင့်မိမိတို့၏လွတ်လပ်ခွင့်အားလာရောက်နှောက်ယှက်ခြင်းမပြုရန်ပန်ကြားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ပါဥပဒေအချက်များအားပြသခဲ့သော်

လည်း၎င်းအငြိမ်းစားစစ်ဗိုလ်မှဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အားအင်အားသုံးလုယူသဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မှာစုတ်ပြဲသွားခဲ့ပါသည်။ဗကသကျောင်းသားများကယခုကဲ့သို့အတင်းအဓမ္မလုယက်ခြင်းအပေါ်ကန့်ကွက်ပြောကြားခဲ့ကြပါသည်။၎င်းအငြိမ်းစားစစ်ဗိုလ်သည်ကျောင်းသားများဝိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင်ဗကသကျောင်းသားများထံမှလက်ကိုင်ဖုန်းတစ်လုံး၊ကျောင်းသားကဒ်နှစ်ကဒ်အားသိမ်းယူသွားခဲ့ပါသည်။ထို့ပြင်လက်ကိုင်ဖုန်းအသိမ်းခံရသောကျောင်းသားမှယခုကဲ့သို့မိမိတို့လွတ်လပ်ခွင့်အားတရားလွန်ထိပါးခြင်းကိုသတင်းမီဒီယာများမှတဆင့်တစ်နိုင်ငံလုံးသိအောင်တင်ပြမည်ဟုပြောဆိုခြင်းကိုအငြိမ်းစားဗိုလ်မှူးက"မင်းတို့တိုင်ချင်ရာတိုင်၊ဘယ်သူမှစောက်ဂရုမစိုက်ဘူး"ဟုရုန့်ရင်းကြမ်းတမ်းစွာပြန်လည်ပြောဆိုခဲ့သည့်အပြင်"ကျောင်းရှေ့မှာသူတောင်းစားတောင်လာတောင်းရင်မောင်းထုတ်ပစ်တာ၊မင်းတို့လဲသွားကြတော့"ဟုလည်းစော်ကားပြောဆိုခဲ့ပါသည်။ကျောင်းသားများဘက်မှတက္ကသိုလ်ကျောင်းသည်စစ်တန်းလျားမဟုတ်သည့်အတွက်ယခုကဲ့သို့ရုန့်ရင်းကြမ်းတမ်းသောစကားများဖြင့်ဆဲဆိုခြင်းမပြုလုပ်သင့်ကြောင်းပြန်လည်ပြောကြားသောအခါခွန်းကြီးခွန်းငယ်များဖြင့်စကားများခဲ့ကြပြီးနည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းရှေ့တွင်ထိုဆရာနှစ်ဦးနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါသည်။

          ကျွန်ုပ်တို့ဗကသကျောင်းသားများသည်ယခုကဲ့သို့ရုန့်ရင်းကြမ်းတမ်းသောစကားလုံးများ၊ကိုယ်ထိလက်ရောက်စော်ကားခြင်းဖြစ်စဉ်အားကျေနပ်ခြင်းမရှိသဖြင့်အခြားကျောင်းသားသမဂ္ဂ၀င်ကျောင်းသားများအားချက်ချင်းအကြောင်းကြားခဲ့သဖြင့်ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂအတွင်းရှိအရှေ့ပိုင်းတက္ကသိုလ်၊သမ၀ါယမတက္ကသိုလ်တို့မှကျောင်းသားများသည်နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းရှေ့သို့စုရုံးရောက်ရှိလာကာညနေပိုင်းကျောင်းလွှတ်ချိန်တွင်လက်ကမ်းစာစောင်များကိုကျောင်းရှေ့တွင်ပင်ထပ်မံဖြန့်ဝေခဲ့ကြပြီး၎င်းဆရာနှစ်ဦးအားမနက်ပိုင်းကဖြစ်ပျက်ခဲ့သောဖြစ်စဉ်အားကျေနပ်မှုမရှိသဖြင့်ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံလိုကြောင်းပြောကြားသောအခါကျောင်းဝင်းတံခါးအားပိတ်ထားခဲ့သဖြင့်ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံခွင့်မရခဲ့ကြပါ။အငြိမ်းစားစစ်တပ်အရာရှိနှစ်ဦးအားလည်းမနက်ပိုင်းက၄င်းတို့ပြောဆိုခဲ့ကြသောစကားများအားဆရာပီပီတာဝန်ယူပေးရန်အတွက်ရာထူးနှင့်အမည်များအားမေးမြန်းရာသူတို့မပြောဆိုနိုင်ကြောင်း၊အထက်ကအမိန့်ချမှတ်ထားသည့်အတွက်တက္ကသိုလ်ကျောင်းဝန်းကျင်တွင်မည်သည့်အဖွဲ့အစည်းကိုမှနိုင်ငံရေးဆန်သောလုပ်ရပ်များလုပ်ခွင့်မပြုနိုင်သဖြင့်တားမြစ်ခြင်းသာဖြစ်ကြောင်း၊ပညာရေးစနစ်အားပြုပြင်ပြောင်းလဲလိုလျှင်ဖြစ်စေ၊မကျေနပ်မှုများရှိလျှင်ဖြစ်စေလွှတ်တော်ကိုသာပြောဆိုပါဟုသာမရေမရာအဖြေများပေးကြပါသည်။

          ကျွန်ုပ်တို့ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှတွေ့ကြုံခဲ့ကြသောယခုဖြစ်စဉ်တွင်ကျောင်းသားထုအားသရော်စော်ကားသောစကားများကိုပြောဆိုခဲ့ကြသောဆရာနှစ်ဦးသည်တက္ကသိုလ်တွင်စာသင်ကြားသောကျောင်းဆရာများမဟုတ်ပဲစစ်တပ်မှအငြိမ်းစားယူထားသောစစ်အရာရှိများအားတက္ကသိုလ်ကျောင်းသား/သူများ၏လှုပ်ရှားမှုများကိုစောင့်ကြည့်ဟန့်တားနိုင်ရန်ထောက်လှမ်းရေးဆန်ဆန်အစိုးရကခန့်ထားသောဆရာများဖြစ်နေခြင်းကိုစီစစ်တွေ့ရှိရပါသည်။ထိုစစ်ဗိုလ်အငြိမ်းစားဆရာများသည်တက္ကသိုလ်ဆရာတစ်ဦး၏ဂုဏ်သိက္ခာနှင့်မလျှော်ညီစွာရုန့်ရင်းကြမ်းတမ်းသောစကားများ၊အပြုအမူများဖြင့်ကျောင်းသား/သူများအားယခင်ကတည်းကပင်အကြိမ်ကြိမ်အခါခါကိုယ်ထိလက်ရောက်စော်ကားခဲ့ကြသူများဖြစ်သည်။စာတတ်ပေတတ်တက္ကသိုလ်ဆရာအများစုနှင့်ခြားနားစွာကျောင်းသား/သူများအားမိမိတို့၏တပည့်သားမြေးများဟုအထင်မရှိသည့်အပြင်ပြဿနာဖြစ်ဖွယ်ရှိသည်ဟုယူဆပါကယခုဖြစ်စဉ်ကဲ့သို့အာဏာပိုင်အဖွဲ့အစည်းများအားအကြောင်းကြား၍ကျောင်းသား/သူများအားလာရောက်ဖမ်းဆီးရန်စေခိုင်းခြင်းသည်ဆရာဂုဏ်နှင့်မည်သို့မှလျှော်ညီကြခြင်းမရှိကြောင်းမှာထင်ရှားပါသည်။ကျွန်ုပ်တို့ဗကသကျောင်းသား/သူများသည်ဗကသများအဖွဲ့ချုပ်၏သမဂ္ဂလုပ်ငန်းဆောင်တာများအားယခု

ထက်ပို၍ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်သည့်အပြင်ယခုဖြစ်စဉ်ကဲ့သို့ကျောင်းသားထုတစ်ရပ်လုံးအားသရော်စော်ကားသည့်ဖြစ်ရပ်မျိုးထပ်မံကြုံတွေ့လာပါကဖြစ်နိုင်ချေရှိသည့်နည်းလမ်းပေါင်းစုံဖြင့်ချက်ချင်းပြန်လည်ဆောင်ရွက်သွားမည်ဖြစ်သဖြင့်ဖြစ်ပေါ်လာမည့်ပြဿနာရပ်တိုင်းသည်တက္ကသိုလ်ဆရာဂုဏ်နှင့်မလျှော်ညီသောကျောင်းဆရာများအားခန့်အပ်ထားသောအစိုးရနှင့်ကျောင်းအာဏာပိုင်များအပေါ်တွင်သာလုံးဝတာဝန်ရှိကြောင်းပြောကြားလိုပါသည်။

ဗကသများအဖွဲ့ချုပ်၊ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂရဲဘော်များ