Tuesday, February 21, 2012

Fwd: ဗ.က.သ များအဖွဲ့ချုပ် မှ ဟင်္သာတ ခရိုင် သို့စည်းရုံးရေးဆင်း






                   "ဗ.က.သ များအဖွဲ့ချုပ် မှ ဟင်္သာတ ခရိုင် သို့စည်းရုံးရေးဆင်း"
  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ
အဖွဲ့ချုပ်ဗဟိုစည်းရုံးရေးကော်မတီမှစည်းရုံးရေးခရီးစဉ်အဖြစ်
ဟင်္သာတမြို့ရှိ တက္ကသိုလ်ကျောင်းသားများနှင့်(20.2.2012) တနင်္လာနေ့တွင်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
   ဟင်္သာမြို့သူမြို့သားများ၏ဖိတ်ကြားချက်အရ (88)
မျိုးဆက်ကျောင်းသားများ၏ ပွင့်လင်းလူအဖွဲ့အစည်း
မိတ်ဆက်ဆွေးနွေးပွဲသွားရောက်ရာဍ် ဗကသ
များအဖွဲ့ချုပ်ကျောင်းသားကျောင်းသူများပါအားပေးလိုက်ပါခဲ့ကြ
ရင်း ဟင်္သာတမြို့ခံကျောင်းသား၊ကျောင်းသူများ၏ ဖိတ်ကြားမှုအရ ယင်းနေ့ ည 7
နာရီခွဲအချိန်ဍ် ဘုန်းတော်
ကြီးတကျောင်းတွင် တက္ကုသိုလ် အသီးသီးမှ ကျောင်းသား/သူ (100) ကျော်နှင့်
တွေ့ဆုံဆွေးနွေးပွဲတွင်း
ဗ.က.သ ၏ စိတ်ဓါတ်နှင့် အစဉ်အလာရပ်တည်ချက်များကို ဗ.က.သ
များအဖွဲ့ချုပ်ကျောင်းသားများကရှင်းလင်း
တင်ပြခဲ့ကြပြီး နယ်ခံကျောင်းသား/သူများ၏ မေးမြန်းချက်များကို
ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။လွတ်လပ်
သည့်ကျောင်းသားထုညီလာခံတရပ်မှနေ၍လွတ်လပ်ပြီးစစ်မှန်သည့်ကျောင်းသားသမဂ္ဂပေါ်ထွန်းမှသာလျှင်သည်ကနေ့ကိစ္စများကို
စုစည်းဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ထိုသို့ညီလာခံတရပ်ပေါ်လာဖို့ဆိုသည်မှာလည်းနိုင်ငံတွင်း
တွင်စစ်မှန်သောဒီမိုကရေစီမရှိပဲ၊ငြိမ်းချမ်းမှုမရှိပဲမဖြစ်နိုင်ကြောင်း၊အမျိုးသားသွေးစည်းမှုရရှိမှသာလျှင်
ဒီမိုကရေ
စီနှင့်ငြိမ်းချမ်းရေးရှိမှဖြစ်ကြောင်း၊ထိုကြောင့်ကျောင်းသားများအနေ့ဖြင့်အမျိုးသားနိုင်ငံရေးကိုမဖြစ်မနေလုပ်
ဆောင်ကြရမှာဖြစ်ကြောင်း ဗ.က.သ ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဌ
ကိုကျော်ကိုကိုမှပြောကြားခဲ့ပါသည်။



Friday, January 27, 2012

“ဖယောင်းတိုင်လို….လူ”

"ဖယောင်းတိုင်လို….လူ"

 

ကဏ္ဍှစုံက ရမ္မက်တွေကြောင့်

ကိုယ်စီရုန်းကန်နေကြတဲ့

"လူ့စက်ရုပ်" တွေအတွက်

ကိုယ့်ကိုကိုယ် လောင်ကျွမ်းခံရင်း

အလင်းရောင်ပေးနေခဲ့။

တခါတလေ

အလင်းရောင်ကိုပဲမြင်တတ်ပြီး

လောင်ကျွမ်းခံရင်ဘတ်ကို

မမြင်တတ်ကြတဲ့

လူ့လောကကြောင့်

ကိုယ်ပိုင်ခံစားချက်နဲ့

တာဝန်ကြားလွန်ဆွဲပွဲမှာ

ယုံကြည်ချက်တစ်ခုကြောင့်

တမင်ပဲအရှုံးခံလိုက်ရတဲ့အခါ

ပေါက်ကွဲလာတဲ့ခံစားချက်

တာကျိုးလာတဲ့မျက်ရည်

ယိုစီးလာတဲ့ချွေးစက်

သုတ်ပေးမယ့်လက်တဖက်

အလှမ်းဝေးတဲ့ရက်။   

ရှိပါစေတော့…..

လူ့ဘ၀ခဏတာအတွင်းမှာ

မီးဇာကုန်လောင်စာမခန်းခင်

အစွမ်းကုန်"လင်း"ပြဖို့

ပါရမီဖြည့်တဲ့

ငါက….

ဖယောင်းတိုင်ပီသတဲ့…."လူ"

မင်းသွေးသစ်

ဗကသများအဖွဲ့ ချုပ်

11.3.2011 ,23း9(AM)

Sunday, January 22, 2012

ဗကသများအဖွဲ့ ချုပ် ဗဟိုစည်းရုံးရေးကော်မတီ(ယာယီ)

ဗကသများအဖွဲ့ ချုပ် ဗဟိုစည်းရုံးရေးကော်မတီ(ယာယီ)ကို
အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသော
၁၉၉၆-၁၉၉၈-၂၀၀၇ မျိုးဆက်ကျောင်းသားများဖြင့်
ပြန်လည်ဖွဲ့ စည်းခဲ့ပါသည်။