Friday, January 27, 2012

“ဖယောင်းတိုင်လို….လူ”

"ဖယောင်းတိုင်လို….လူ"

 

ကဏ္ဍှစုံက ရမ္မက်တွေကြောင့်

ကိုယ်စီရုန်းကန်နေကြတဲ့

"လူ့စက်ရုပ်" တွေအတွက်

ကိုယ့်ကိုကိုယ် လောင်ကျွမ်းခံရင်း

အလင်းရောင်ပေးနေခဲ့။

တခါတလေ

အလင်းရောင်ကိုပဲမြင်တတ်ပြီး

လောင်ကျွမ်းခံရင်ဘတ်ကို

မမြင်တတ်ကြတဲ့

လူ့လောကကြောင့်

ကိုယ်ပိုင်ခံစားချက်နဲ့

တာဝန်ကြားလွန်ဆွဲပွဲမှာ

ယုံကြည်ချက်တစ်ခုကြောင့်

တမင်ပဲအရှုံးခံလိုက်ရတဲ့အခါ

ပေါက်ကွဲလာတဲ့ခံစားချက်

တာကျိုးလာတဲ့မျက်ရည်

ယိုစီးလာတဲ့ချွေးစက်

သုတ်ပေးမယ့်လက်တဖက်

အလှမ်းဝေးတဲ့ရက်။   

ရှိပါစေတော့…..

လူ့ဘ၀ခဏတာအတွင်းမှာ

မီးဇာကုန်လောင်စာမခန်းခင်

အစွမ်းကုန်"လင်း"ပြဖို့

ပါရမီဖြည့်တဲ့

ငါက….

ဖယောင်းတိုင်ပီသတဲ့…."လူ"

မင်းသွေးသစ်

ဗကသများအဖွဲ့ ချုပ်

11.3.2011 ,23း9(AM)

No comments:

Post a Comment

ဝေဖန်အကြံပေးနိုင်ပါသည်