Friday, May 25, 2012

ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားသမဂ္ဂမှပြည်တွင်းစစ်ရပ်ဆဲပေးရန်ကြေငြာချက်


All Burma Federation of Student Unions (ABFSU)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ၏
ပြည်တွင်းစစ်ဆန့် ကျင်ကြောင်းနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ပေးရန်တောင်းဆိုချက်
ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲကြောင့်ကချင်ဒေသရှိစစ်ပွဲနှင့်မသက်ဆိုင်သည့်အမျိုးသမီးများ
၊ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများ အတိဒုက္ခရောက်နေကြရကြောင်း နေ့စဉ်သတင်းများတွင် တွေ့မြင်
ကြားသိနေရပါသည်။မည်သည့်အကြောင်းကြောင့် စစ်ပွဲများဖြစ်ပွားသည်ဖြစ်စေ တွေ့ ဆုံဆွေနွေးအဖြေရှာ၍
ငြိမ်းချမ်းသည့်လမ်းစဉ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ကြရန်မိမိတို့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား
သမဂ္ဂများအဖွဲ့ချုပ်၊ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှ တောင်းဆိုလိုက်သည်။
မိမိတို့နိုင်ငံသည်လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ပြည်တွင်းစစ်မီးတောက်လောင်ခဲ့ရာပတ်ဝန်းကျင်
နိုင်ငံများထက်စာလျှင် ဖွံ့ ဖြိုးမှုနောက်ကျခဲ့ရသည့် သမိုင်းသင်ခန်းစာများ ရှိခဲ့ပေသည်။ စစ်ပွဲကြောင့်နေရပ်ဒေသ
ကိုစွန့်ခွာထွက်ပြေးနေကြရသည့်သက်ကြီးရွယ်အို၊ကလေးသူငယ်၊အမျိုးသမီးများသည်လည်းမိမိတို့နိုင်ငံသား၊
တိုင်းရင်းသားများပင်ဖြစ်ပေသည်။
ကျွန်ုပ်တို့ သည် တိုင်းရင်းသားပြည်သူများ၏ရင်သွေးများဖြစ်သည့် အားလျော်စွာ မိဘပြည်သူ တိုင်းရင်း
သားများ ထိခိုက်နစ်နာနေမှုများအား ဝင်ရောက်ဖြေရှင်းပေးရမည့် တာဝန်အပြည့်အဝရှိသည်ဟု မိမိတို့ ကျောင်း
သားများက ယုံကြည်သည်။ ထို့ အပြင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ခေတ်အဆက်
ဆက်ခံယူကျင့်သုံးခဲ့ကြသော ဗ.က.သ မူ(၅)ချက် ထဲမှ ငြိမ်းချမ်းရေးနှင့် အမျိုးသားနိုင်ငံရေး တို့ကို အကောင်
အထည်ဖော်ကျင့်သုံးဆောင်ရွက်သည့် အနေဖြင့် ယနေ့ဖြစ်ပွားနေသောပြည်တွင်းစစ်အားအမြန်ဆုံးရပ်စ၍ဲ
ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်ဆောင်ရွက်ကြရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂမှကျောင်းသားများက အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်
ပါသည်။
အမှုဆောင်အဖွဲ့ 
ရန်ကုန်တောင်ပိုင်းခရိုင်ကျောင်းသားများသမဂ္ဂ
-(နည်းပညာတက္ကသိုလ်(သန်လျင်)ကျောင်းသားများသမဂ္ဂ)
-(ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
-(သမ၀ါယမတက္ကသိုလ်(သန်လျင်)ကျောင်းသားများသမဂ္ဂ)
-(သန်လျင်မြို့ နယ်ကျောင်းသားများသမဂ္ဂ)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်

Monday, May 7, 2012

ရွှေလောင်းမြို့ နှင့်ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂများကိုအာဏာပိုင်များမှဖိအားပေးခြိမ်းခြောက်

ရွှေလောင်းမြို့ နှင့်ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂများကိုအာဏာပိုင်များမှဖိအားပေးခြိမ်းခြောက်

          ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏မြောင်းမြခရိုင် ၀ါးခယ်မမြို့ နယ်ရွှေလောင်းမြို့  ကျောင်းသားများသမဂ္ဂနှင့်ကျုံမငေးမြို့ ကျောင်းသားများသမဂ္ဂမှကျောင်းသား/သူများကို မြို့ နယ်အာဏာပိုင်များ မှဖိအားပေးခြိမ်းခြောက်လျက်ရှိကြောင်းသိရသည်။ထိုမြို့ နှစ်မြို့ မှကျောင်းသား/သူများအားမြို့ နယ်ရဲတပ်ဖွဲ့ နှင့်  မြို့ နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ  သမဂ္ဂ၀င်ကျောင်းသား/သူများ၏အမည်စာရင်းကိုခေါ်ယူမေးမြန်းခြင်း သမဂ္ဂ၀င်ကျောင်းသား/သူများ၏နေရပ်လိပ်စာ၊မိဘအလုပ်အကိုင်၊တက်ရောက်လျှက်ရှိသောမေဂျာနှင့် တက္ကသိုလ်တို့အားအကျပ်ကိုင်မေးမြန်းခြင်း မှတ်ပုံတင်အမှတ် ၊သန်းခေါင်စာရင်းတို့အား မိတ္တူကူးယူသွားခြင်း ကျောင်းသား/သူများ၏မိဘများအား၎င်းတို့ ၏သား/သမီးများကျောင်းသားသမဂ္ဂသို့ဝင်ရောက်ပါကအန္တာရာယ် ရှိနိုင်ကြောင်းခြိမ်းခြောက်ပြောကြားခြင်းများ ပြုလုပ်နေကြောင်းရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂမှ ကျောင်း သား တစ်ဦးကပြောကြားခဲ့သည်။                         

၁.၅.၂၀၁၂(အင်္ဂါနေ့ )ည(၁၂း၁၀)အချိန်တွင် ကျုံမငေးမြို့ ရဲစခန်းမှ ယာယီဂါတ်စာရေး နယ်ထိန်း အောင်နိုင်ဦးနှင့်ရဲတပ်သားတစ်ဦးအပါအ၀င် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ကင်းသမားများပါဝင်သောအဖွဲ့  သည် ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး မအိအိအောင် (ပုသိမ်အဝေးသင်တက္ကသိုလ်) ၏နေအိမ်သို့ရောက်ရှိလာပြီး မအိအိအောင် ၏မှတ်ပုံတင်အမှတ် မိဘများ၏မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်၊ သန်းခေါင်စာရင်းအားလာရောက်မေးမြန်းယူဆောင်သွားခဲ့ကြသည်။ကျုံမငေးမြို့ကျောင်းသားသမဂ္ဂမှကျောင်း သား/သူများ၏နေအိမ်များသို့အလားတူလာရောက်မေးမြန်းသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။ထိုကိစ္စနှင့်ပတ် သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဗဟိုစည်းရုံးရေးကော်မတီမှ တွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ် မှ ကျုံမငေးမြို့  ရဲစခန်း(ဖုန်းနံပါတ် ၀၄၂၆၅၃၂၀)သို့ ဆက်သွယ်မေး မြန်းခဲ့ရာ "တာဝန်မှူးမလာ သေး၍…..မပြောကြားနိုင်ကြောင်း" ပြန်လည်ဖြေဆိုခဲ့သည်။ထို့ပြင်ရွှေလောင်းမြို့  ကျောင်းသားသမဂ္ဂမှ ကျောင်းသား/သူများကိုလည်းမြို့ နယ်အုပ်ချုပ်ရေးရုံးမှဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ ၀င်များမှ သမဂ္ဂ၀င် ကျောင်းသား/သူများ၏အမည်စာရင်းများကို တောင်းယူပြီးမည်သည့်ရည်ရွယ်ချက်ကြောင့်ဖွဲ့ စည်း ရခြင်းဖြစ် ကြောင်းဖိအားပေးဖြေဆိုခိုင်းခြင်း၊ ကျောင်းသား/သူများ၏မိဘများကိုလည်း ၄င်းတို့၏ သား/သမီး များကို သမဂ္ဂမှနှုတ်ထွက်ခိုင်းရန်ြခိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရွှေလောင်းမြို့ ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးကော်မတီမှ ကိုစိုးပြည့်စုံ ၏မိဘများကို၎င်းမရှိခိုက် လာရောက်ပြီးကိုစိုးပြည့်စုံမှ ကျောင်းသားများ သမဂ္ဂ အလုပ်များကိုဆက်လက်လုပ်ဆောင်နေပါက မိဘများ၏အလုပ်များကိုပါ ထိခိုက်နိုင်ကြောင်း လာရောက် ပြောကြား ခဲ့သည်…………….။

Saturday, May 5, 2012

ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂဖွဲ့ စည်းကြောင်းကြေငြာချက်

မြောင်းမြခရိုင်၊၀ါးခယ်မမြို့ နယ်၊ကျုံမငေးမြို့ ကျောင်းသားသမဂ္ဂကို (၂၆.၄.၂၀၁၂)နေ့ တွင်ကျုံမငေးမြို့ တွင်ကော်မတီဝင်(၁၂)ဦး၊အဖွဲ့ ဝင်ကျောင်းသားကျောင်းသူပေါင်း(၁၇)ဦးနှင့်အောင်မြင်စွာဖွဲ့ စည်းခဲ့ပါသည်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏မူ(၅)ချက်ကိုဆက်ခံကျင့်သုံးပြီးပြည်လုံးကျွတ်ကျောင်းသားညီလာခံကြီးပေါ်ပေါက်လာစေရန်ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ဟုကြေငြာချက်ထုတ်ပြန်ခဲ့ကြပါသည်။