Sunday, January 22, 2012
Sunday, December 18, 2011
ဗကသများအဖွဲ့ ချုပ်မှကျင်းပသောဗိုလ်အောင်ကျော်နေ့ ဖိတ်ကြားလွှာ
့ချုပ်မှကျင်းပသောဗိုလ်အောင်ကျော်ကျဆုံးသည့်နေ့ (ကျောင်းသားနေ
့)အထိမ်းအမှတ်ပွဲအားနိုင်ငံရေး၊လူမှုရေးရေးအသိုင်းအ၀ိုင်းမှပုဂ္ဂိုလ်များနှင့်ကျောင်းသားလူငယ်များအားဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်နေ့ ရက် - ၂၀.၁၂.၂၀၁၁(အင်္ဂါနေ့ )
ကျင်းပမည့်အချိန် - နံနက်(၈)နာရီမှနေ့ လည်(၁၁)နာရီအထိ
ကျင်းပမည့်နေရာ - သမိုင်းမြို
့မပရိယတ္တိစာသင်တိုက်၊သမိုင်းဘူတာရုံလမ်း(၂)ရပ်ကွက်၊မရမ်းကုန်းမြို့ နယ်
လမ်းညွှန် - သမိုင်းကုန်းကျော်တံတားအဆင်းကိုတင်ဟန်မှတ်တိုင်အနီး
Thursday, September 1, 2011
၂၀၀၇ မျိုးဆက်အိုးဝေတွန်သံ
"ဒို့ ခေတ်သမိုင်းမှအရိုင်းခံကြတော့မှာလား"
ဒို့ ဗမာလွတ်လပ်ရေးအတွက်
မတရားမှုကိုငုံ့ မခံတတ်တဲ့
ရန်ကုန်တက္ကသိုလ်ဆီက
အိုးဝေသံတွေကြောင့်
နေမ၀င်သခင်တွေခမျာ
အင်္ဂလန်ကို
ဘင်သံနဲ့ ပြန်ပြေးခဲ့ရဘူးတယ်။ ။
ဒါတင်မကသေးပါဘူး
လွတ်လပ်ပြီးဗမာ့သမိုင်းတလျှောက်မှာ
ဗကသဒေါင်းဇာနည်တွေရဲရဲတောက်လိုက်ပုံများ
တရားမျှတခြင်းအတွက်
ပြည်သူတွေရှေ့ မားမားရပ်လို့ 
ရန်ကုန်တက္ကသိုလ်ဝင်းထဲက
ရှေ့ တန်းမှာတောင်မသုံးရသေးတဲ့
ဂျီသရီးရိုင်ဖယ်သံနဲ့ 
စစ်အာဏာရှင်စနစ်လာပြီဟေ့လို့ 
တစ်တိုင်းပြည်လုံးကိုစိန်ခေါ်ခဲ့တဲ့
စစ်ဘီလူးတွေကြား
ခွပ်ဒေါင်းသွေးတွေရဲခဲ့ဘူးတယ်။ ။
၇ ဇူလိုင်…..
တံတားနီအရေးအခင်း
ရှစ်လေးလုံးအရေးတော်ပုံ
၉၆ ကျောင်းသားအရေးတော်ပုံ
ရွှေဝါရောင်တော်လှန်ရေးစတဲ့
ဗမာ့သမိုင်းအလှည့်အပြောင်းတွေမှာ
"ရဲ" စိတ်တွေလက်ဆင့်ကမ်းရင်း
ဒေါင်းမျိုးဆက်တွေက
မောင်းပြန်တွေရှေ့ မှာ
ဒေါင်းအလံလွှင့်ထူရင်း
ကျည်ကာမဲ့ဗလာရင်ဘတ်တွေနဲ့ 
ပြည့်ရင်သွေးတွေလေ
လမ်းပေါ်မှာလဲသွေးမြေကျဘူးတယ်
ထောင်ထဲမှာလဲဘ၀ဆုံးဘူးတယ်
စစ်ကြောရေးမှာလဲခွေးကိုက်ခံရဘူးတယ်။ ။
တာဝန်ကြေတဲ့နောင်တော်တို့ ရဲ့ 
ပေးဆပ်မှုတွေအတွက်
ညီနောင်တို့ ရေ…..
သမိုင်းအဆက်ဆက်
ရဲရဲနီခဲ့ကြတဲ့ကျောင်းသားသွေးတွေက
ဒို့ ခေတ်သမိုင်းမှအရိုင်းခံကြတော့မှာလား…..
ဒို့ ခေတ်သမိုင်းမှအရိုင်းခံကြတော့မှာလား…..
မင်းသွေးသစ်
ဗကသများအဖွဲ့ ချုပ်





