(၁၉.၆.၂၀၁၀)ရက်နေ့ တွင်ကျရောက်သောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏
(၆၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ်ရန်ကုန်တိုင်းအတွင်းရှိဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများနှင့် 
ကျောင်းသားလူငယ်စုစုပေါင်း(၆၅)ကစုပေါင်းရ်ျသွေးလှူဒါန်းခြင်းကိုရန်ကုန်မြို့ပေါ်ရှိဆေးရုံအသီးသီးတွင်နေရာခွဲရ်ျပြုလုပ်ခဲ့ကြောင်းသိရှိရသည်။အာဏာပိုင်များ၏စောင့်ကြည့်နှောက်ယှက်မှုများရှိသည့်အတွက်ကြောင့်တနေ
ရာထဲတွင်သွေးလှူဒါန်းခြင်းမပြုနိုင်ပဲယခုကဲ့သို့ နေရာခွဲရ်ျပြုလုပ်ရခြင်းဖြစ်ကြောင်းသွေးလှူဒါန်းခဲ့ရာတွင်ကိုယ်
တိုင်ပါဝင်လှူဒါန်းခဲ့ သူကျောင်းသားလူငယ်တစ်ဦးကပြောကြားခဲ့ သည်။"လူထုခေါင်းဆောင်အမေစုတိုင်းပြည်နဲ့ လူမျိုးအပေါ်မှာပေးဆပ်မှုနဲ့ စာရင်ကျွန်တော်တို့ ဖောက်ထုတ်ခဲ့ တဲ့ သွေးတွေကဘာမှမပြောပလောက်ပါဘူး၊အ
မေ့ ရဲ့ ပေးဆပ်မှုတွေကိုတန်ဖိုးထားလေးစားတဲ့ အနေနဲ့ ကျွန်တော်တို့ ပေးဆပ်နိုင်သလောက်လေးပြန်လည်ပေး
ဆပ်တာပါ၊သွေးလှူနေတဲ့ ကျွန်တော့် ကုတင်ဘေးမှာအမေကိုယ်တိုင်ရပ်ပြီးပီတိအပြုံးနဲ့ အားပေးနေတယ်လို့ စိတ်ထဲကမြင်ယောင်ပြီးကြည်နူးမိပါတယ်၊နောင်နှစ်နောင်နှစ်တွေမှာမွေးနေ့ ရှင်ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်တဲ့ မွေးနေ့ ဖြစ်ပါစေလို့ လဲကျွန်တော်တို့ ကျောင်းသားလူငယ်တွေကပြည်သူတရပ်လုံးကိုယ်စားဆုတောင်းပေးပါ
တယ်"ဟုအထက်ပါကျောင်းသားလူငယ်မှဆက်လက်ပြောကြားသွားပါသည်။
မင်းသွေးသစ်(၂၀၀၇)
၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ